close
Connect with us

Hi, what are you looking for?

သတင်း

စစ်မှုထမ်းအပတ်စဉ် (၁၇) အတွက်မန္တလေးမှာလူသစ်စုဆောင်းနေ

အာဏာသိမ်း စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မန္တလေးမြို့က ရပ်ကွက်တွေမှာ စစ်မှုထမ်းအပတ်စဉ် (၁၇) အတွက် တပ်သားသစ်စုဆောင်း ဖို့ လူငယ်တွေကို ဖိအားပေး မဲနှိုက်ခိုင်းတာတွေ အခုရက်ပိုင်းမှာ ရှိလာတယ်လို့မြို့ခံတွေဆီကသိရပါတယ်။

အာဏာသိမ်း စစ်ကောင်စီရဲ့ မန္တလေးတိုင်းဝန်ကြီးချုပ်နဲ့ အပတ်စဉ် ၁၆ မှာ စုဆောင်းခံရတဲ့ တပ်သားသစ်တွေကိုတွေ့ရပုံ ဓာတ်ပုံ - စစ်ကောင်စီ

သြဂုတ် – ၂၇ ၊ ၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring

အာဏာသိမ်း စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မန္တလေးမြို့က ရပ်ကွက်တွေမှာ စစ်မှုထမ်းအပတ်စဉ် (၁၇) အတွက် တပ်သားသစ်စုဆောင်း ဖို့ လူငယ်တွေကို ဖိအားပေး မဲနှိုက်ခိုင်းတာတွေ အခုရက်ပိုင်းမှာ ရှိလာတယ်လို့မြို့ခံတွေဆီကသိရပါတယ်။

အခုရက်ပိုင်းအတွင်း လူငယ်တွေရှိတဲ့နေအိမ်တွေဆီ စုရပ်မှာ မဲလာနှိုက်ဖို့ အကြောင်းကြားစာတွေပေးပို့လာတာဖြစ်ပြီး ရပ်ကွက် ဓမ္မာရုံ ၊ ရပ်ကွက်ရုံးတွေမှာ စုရပ်လုပ်ပြီး မဲနှိုက်စေတာပါ။

“ ၃ ရပ်ကွက်လောက် ပေါင်းနှိုက်ရတာ ၊ မလာရင် သူတို့ဘာသာနှိုက်မယ်ဆိုလို့ ကျမသားအစား သွားနှိုက်ရတယ်၊ သားကတော့ ဒီတစ်ကြိမ်မပါဘူး”လို့ ချမ်းအေးသာစံမြို့နယ််မှာနေထိုင်တဲ့ မိခင်တစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်မှုထမ်းမဲနှိုက်ဖို့ မပျက်မကွက်လာရောက်ရမှာဖြစ်ပြီးကာယကံရှင် မလာနိုင်ရင်အသက် ၁၈နှစ်ပြည့်ပြီးအိမ်ထောင်စုဇယားမှာပါဝင်သူက ကိုယ်စားမဲနှိုက်ရမှာ ဖြစ်တယ်လို့စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးပိုင်းက ဖိအားပေးထားတာပါ။

ကာယကံရှင်လည်းမလာ ၊ ကိုယ်စားမဲနှိုက်သူလည်းမရှိရင်တော့ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးပိုင်းက မဲနှိုက်မှာဖြစ်ပြီး မဲပေါက်ရင် အိမ်တိုင်ရာရောက်လိုက်လံခေါ်ဆောင်တယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

ဒီနေ့ သြဂုတ်လ ၂၇ ရက် မနက်ပိုင်း ၉ နာရီကစတင်ပြီး ချမ်းအေးသာစံမြို့နယ်နဲ့မဟာအောင်မြေမြို့နယ်ကရပ်ကွက်တွေမှာ စစ်မှုထမ်းအပတ်စဉ် (၁၇ )အတွက် စတင် မဲနှိုက်စေပါတယ်။

စစ်ကောင်စီဟာ စစ်မှုထမ်း အပတ်စဉ် တစ်ခုကိုလူငါးထောင်နှုန်းခေါ်ယူမယ်လို့ ကြေညာထားတာဖြစ်ပြီး ပြီးခဲ့တဲ့ ရက်သတ္တပတ် သြဂုတ်လ ၁၈ ရက် က အပတ်စဉ် (၁၆) ကို စတင်ထားပါတယ်။

အပတ်စဉ် (၁၃) အထိ သင်တန်းဆင်းထားပြီဖြစ်တဲ့အတွက် စစ်ကောင်စီတပ်အတွက် မြေပြင်တိုက်ခိုက်ရေးအင်အား ၆၅,၀၀၀ ရရှိထားပြီလို့ အကြမ်းဖျင်းခန့်မှန်းရပါတယ်။

စစ်မှုထမ်းသင်တန်းဆင်းတွေကို စစ်ကောင်စီတပ်က တော်လှန်ရေးအဖွဲ့တွေနဲ့ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်နေတဲ့ ရှေ့တန်းနေရာတွေ ဆီ စေလွှတ်နေပြီး တိုက်ပွဲကျသူတွေရှိသလို လက်နက်ချ အလင်းဝင်သွားသူတွေ လည်းရှိနေပါတယ်။

စစ်မှုထမ်းဥပဒေကိုစစ်ကောင်စီကပြဌာန်းလိုက်တဲ့ပြီးခဲ့တဲ့နှစ် ဖေဖော် ဝါရီလ ကစတင်ပြီး ပြည်တွင်းက မြန်မာလူငယ်လူရွယ်တွေဟာ အိမ်နီးချင်း ထိုင်းနိုင်ငံအပါအဝင် ပြည်ပ ကို အလုံးအရင်းနဲ့ထွက်ခွာသွားကြတာပါ။

ဆက်စပ်သတင်းများ

သတင်း

သြဂုတ်-၁၉၊၂၀၂၅။လူအေး/People’s Spring နတ်ရေကန်ဗျူဟာအနီးတိုက်ပွဲများဆက်ဖြစ်နေပြီး စစ်ကောင်စီတပ်က စစ်မှုထမ်းအပတ်စဉ် ၁၃၊၁၄ နှင့် ၁၅ သင်တန်းဆင်းများကို နတ်ရေကန်ဗျူဟာနှင့် အမ်း-ပဒါန်းလမ်းစစ်မြေပြင်သို့ဆက်တိုက်ပို့ဆောင်နေသည်။ အာရက္ခတပ်‌တော်(AA)နှင့် ပူးပေါင်းတပ်များကအမ်း-ပဒါန်းလမ်း နှင့် နတ်ရေကန်ဗျူဟာကို ထိန်းချုပ်ရေး တိုက်ခိုက်နေပြီး စစ်တပ်ကလည်း စစ်မှုထမ်းသင်တန်းဆင်းများရာချီပို့၍ အင်အားဖြည့်တင်းလာခြင်းဖြစ်သည်။ “ပြီးခဲ့တဲ့ရက်တွေကအင်အား၆၀၀ -၅၀၀လောက် ရောက်တယ်။အခုရက်လည်း ရာဂဏန်း‌ထပ်ရောက်လာတယ်။စစ်မှုထမ်းတွေကိုဆက်တိုက်ပို့...

သတင်း

တအာင်းတပ်မတော်(TNLA)သိမ်းပိုက်ထားသည့်မိုးကုတ်မြို့တွင် TNLA နှင့် ဂေါ်ရခါးလူမျိုးများ တွေ့ဆုံပွဲပြုလုပ်ခဲ့ပြီး စစ်မှုထမ်းရန် အသင့်မဖြစ်သေးသည့်ဂေါ်ရခါးလူမျိုး (၈၄)ဦးကိုလည်း ၎င်းတွေ့ဆုံဆွေးနွေးပွဲအတွင်း သက်ဆိုင်ရာတာဝန်ရှိသူနှင့် မိဘအုပ်ထိန်းသူထံ ပြန်လည်အပ်နှံခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်သည်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ရဲဘော်တွေ မှန်းမသိဘဲ ခရီးသွားရင်း စစ်တပ်ထဲဝင်ဖို့ စည်းရုံးမိတဲ့ စစ်ကောင်စီတပ်မှ အရာခံဗိုလ်တစ်ဦးနဲ့ တပ်ကြပ်ကြီးတစ်ဦးကို ပစ်ခတ်ခံရပြီး နှစ်ဦးလုံးသေဆုံးသွားတယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့အုတ်ဖိုမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သတင်း

စစ်မှုထမ်း အပတ်စဉ် ၁၆အတွက် မန္တလေးမြို့မှာ ပေါ်တာဆွဲတာ‌တွေ၊ မဲပေါက်ထားသူတွေကို နေအိမ်အတွင်း ဝင်ဖမ်းတာတွေ စတင်ပြုလုပ်နေပြီလို့ မြို့ခံတွေဆီက သိရပါတယ်။