close
Connect with us

Hi, what are you looking for?

သတင်း

ARSAနှင့် RSO ရိုဟင်ဂျာဒုက္ခသည်စခန်းများတွင် စစ်ရာဇဝတ်မှုမြောက်သောလုပ်ရပ်များကို ကျူးလွန်ခဲ့ဟု Fortify Rights ထုတ်ပြန်

ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ဝင်များသည် ဘင်္ဂလားဒေ့ရှ်နိိုင်ငံရှိ ရိိုဟင်ဂျာဒုက္ခသည်စခန်းများတွင်စစ်ရာဇဝတ်မှုမြောက်သောလုပ်ရပ်များကို ကျူးလွန်ခဲ့ကြောင်း လူ့အခွင့်အရေးအဖွဲ့ Fortify Rights က အစီရင်ခံစာထုတ်ပြန်ခဲ့သည်။

အာတာအူလာ နှင့် အာဆာ ​အဖွဲ့ဝင်များကို ရုံးထုတ်လာစဥ်။ဓါတ်ပုံ-risingbd

အီယိုရီ/People’s Spring

ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ဝင်များသည် ဘင်္ဂလားဒေ့ရှ်နိိုင်ငံရှိ ရိိုဟင်ဂျာဒုက္ခသည်စခန်းများတွင်စစ်ရာဇဝတ်မှုမြောက်သောလုပ်ရပ်များကို ကျူးလွန်ခဲ့ကြောင်း လူ့အခွင့်အရေးအဖွဲ့ Fortify Rights က အစီရင်ခံစာထုတ်ပြန်ခဲ့သည်။

“ကျွန်ုပ် အချိန်မရွေး အသတ်ခံရနိုင်တယ်’ – ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်များအပေါ် ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့များ၏ သတ်ဖြတ်ခြင်း၊ ပြန်ပေးဆွဲခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းနှင့် အခြားပြင်းထန်သောချိုးဖောက်မှုများ ခေါင်းစဥ်ဖြင့် မတ်လ ၁၈ရက်တွင် အစီရင်ခံစာထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယင်းအစီရင်ခံစာထုတ်ပြန်သည့်ရက်တွင် တိုက်ဆိုင်စွာ အာရ်ကန် ရိုဟင်ဂျာ ကယ်တင််ရေး တပ်မတော် -Arakan Rohingya Salvation Army (ARSA)၏ ခေါင်းဆောင်ဖြစ်သူ အာတာအူလာကို အား ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

Public Service Announcement

Public Service Announcement

“ဘင်္ဂလားဒေ့ရှ်နိိုင်ငံရဲ့ ရိိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေက ကျုးလွန််ခဲ့တဲ့ လူသတ်မှု၊ ပြန်ပေးဆွဲမှု၊ ညှဥ်းပန်းနှိပ်စက်မှု နဲ့ တခြားလူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဖော်ထုတ်ထားတဲ့ Fortify Rights ရဲ့ အစီရင်ခံစာအသစ်ထုတ်ပြန်ခဲ့တဲ့နေ့မှာပဲ ARSA ရဲ့ ခေါင်းဆောင်နဲ့ အကြီးပိုင်းတချို့ကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်” ဟု Fortify Rights က ဆိုသည်။

Fortify Rights ၏ အစီရင်ခံစာအသစ်တွင် ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာဒုက္ခသည်စခန်းများအတွင်း သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းနှင့် ခြိမ်းခြောက်ခြင်းစသည့် နှစ်ပေါင်းများစွာ ဖြစ်ပွားလျက်ရှိသော လူသေစေသည့် အကြမ်းဖက်မှုများကို အသေးစိတ်ဖော်ပြထားကြောင်းသိရသည်။

“ရိုဟင်ဂျာဒုက္ခသည်စခန်းများအတွင်းအကြမ်းဖက်မှုတွေနဲ့ သတ်ဖြတ်မှုတွေကို ရပ်တန့်ရမှာဖြစ်ပြီး ARSA နဲ့ RSO အဖွဲ့ဝင်တွေအပါအဝင် တာဝန်ရှိသူတွေက တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရပါမယ်” ဟု Fortify Rights ဒါရိုက်တာ John Quinley က ပြောသည်။

ARSA နှင့် RSO လက်နက်ကိုင်များသည် မြန်မာနိုင်ငံ၏ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွင် ပါဝင်ဆက်နွှယ်နေပြီး မြန်မာစစ်တပ်ဘက်မှနေ၍ ရခိုင်ပြည်နယ်တွင်အာရက္ခတပ်တော်(AA)ကိုတိုက်ခိုက်နေကြောင်းလည်း Fortify Rights က ထုတ်ပြန်သည်။

အထက်ပါလက်နက်ကိုင်နှစ်ဖွဲ့သည် မြန်မာနိုင်ငံအတွင်း ၎င်းတို့၏ လက်နက်ကိုင်လှုပ်ရှားမှုများကို အားဖြည့်ရန်အတွက် ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာဒုက္ခသည်များကို ဖမ်းဆီးကာ မြန်မာနိုင်ငံတွင် စစ်တိုက်ရန် အတင်းအကျပ်ခိုင်းစေခဲ့ကြောင်းနှင့် ယင်းလုပ်ရပ်များသည် စစ်ဥပဒေများကို ပြင်းထန်စွာချိုးဖောက်ခြင်းဖြစ်ကာ စစ်ရာဇဝတ်မှုများအဖြစ် စုံစမ်းစစ်ဆေးသင့်ကြောင်း Fortify Rights က အစီရင်ခံတိုက်တွန်းသည်။

ထို့အပြင် Fortify Rights ၏ အစီရင်ခံစာတွင်ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းများအတွင်းမှ ရိုဟင်ဂျာအမျိုးသားများ၊ အမျိုးသမီးများနှင့် ကလေးငယ်များအပေါ် ကျူးလွန်သည့် လက်နက်ကိုင်အဖွဲ့များ၏ အချို့သော လုပ်ရပ်တို့သည် ဘင်္ဂလားဒေ့ရှ်ရှိ ရာဇဝတ်မှုများနှင့်မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသောလက်နက်ကိုင်ပဋိပက္ခအကြားထင်ရှားသည့်ပတ်သက်ဆက်နွှယ်မှုရှိရာစစ်ရာဇဝတ်မှုမြောက်သည်ဟု ယုံကြည်ရလောက်သည့် ကျိုးကြောင်းဆီလျော်သောအထောက်အထားများ ရှိနေကြောင်း ဖော်ပြသည်။

ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား(IIMM)၊ နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)စသည်တို့ ပါဝင်သော နိုင်ငံတကာတရားမျှတမှုဆိုင်ရာ ယန္တရားများအနေဖြင့် ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းများတွင် ပါဝင်လှုပ်ရှားနေသော ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့များကို စုံစမ်းစစ်ဆေးပြီး စစ်ရာဇဝတ်မှုများအတွက် တာဝန်ရှိသူများကို တရားစွဲဆိုရန် Fortify Rights က အကြံပြုသည်။

Fortify Rights ၏ အစီရင်ခံစာအရ ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းများအတွင်း လက်နက်ကိုင်အဖွဲ့များက ကျူးလွန်သည့် သတ်ဖြတ်မှုများမှာ ၂၀၂၁ ခုနှစ်တွင် ၂၂ဦး၊ ၂၀၂၂ ခုနှစ်တွင် ၄၂ဦး၊ ၂၀၂၃ ခုနှစ်တွင် အနည်းဆုံး ၉၀ဦးနှင့် ၂၀၂၄ ခုနှစ်တွင် ၆၅ဦးထက်မနည်း သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ARSAအဖွဲ့ခေါင်းဆောင်အချို့ကို ဘင်္ဂလားဒေ့ချ်အာဏာပိုင်များက ဖမ်းဆီးလိုက်မှုသည် ဘူးသီးတောင်၊မောင်တောဒေသနှင့် ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်‌မှဒေသခံများအတွက်အကြမ်းဖက်တိုက်ခိုက်မှုအန္တရာယ်စိုးရိမ်မှုများကိုလျော့ကျစေနိုင်ကြောင်းရခိုင်ပြည်နယ်မှဒေသခံများကပြောသည်။

သတင်း

မြန်မာနိုင်ငံသားတစ်ဦးသတ်ဖြတ်ခဲ့သည့် ထိုင်းစစ်သားများအား အရေးယူနိုင်ရေး ထိုင်းနိုင်ငံ ရှေ့နေများကောင်စီ​ထံ တင်ပြရာအမှုကိုလက်ခံခဲ့ကြောင်း လူ့အခွင့်အရေးအဖွဲ့ Fortify Rightsက ယနေ့(ဖေဖော်ဝါရီ ၁၃ ရက်)တွင် အသိပေးထုတ်ပြန်သည်။

သတင်း

အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသော မင်းပြားမြို့နယ် လက်မရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူးကိုလူတစ်စုက သတ်ဖြတ်သွားကြောင်း ဒေသခံများကပြောသည်။

သတင်း

ပေါက်ကြားလာတဲ့ ဗီဒီယိုဖိုင်မှာ အာရက္ခတပ်တော် (AA)တပ်ဖွဲ့ဝင်အချို့က စစ်သုံ့ပန်း နှစ်ဦးကို ညှင်းပန်းနှိိပ်စက်သတ်ဖြတ်ခဲ့တာဟာ ၂၀၂၄ ခုနှစ် ​ဖေ​ဖော်ဝါရီလ ၇ ရက်ကဖြစ်ခဲ့တာလို့ AA ​ပြော​ရေးဆိုခွင့်ရှိသူ ခိုင်သုခက​ပြောပါတယ်။

Facebook