close
Connect with us

Hi, what are you looking for?

သတင်း

အိပ်မက်များကိုစုဆောင်းသူ

သင်ညအိပ်တဲ့အခါ အိပ်မက်ဆိုးမက်လေ့ရှိပါသလား။ ခဏခဏမက်လေ့ရှိပါသလား။

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီတစ်ရက်နေ့ နောက်ပိုင်းမှာပိုမက်လေ့ရှိပါသလား။အိပ်မက်ထဲမှာကိုယ့်အိမ်ကိုယ်ရှာမတွေ့တော့တာ၊ သေနတ်သံတွေကြားမှာပြေးလွှားနေရတာ၊ ကိုယ့်သားသမီးလေးတွေပျောက်ဆုံးတာ၊ အခန်းတစ်ခန်းထဲမှာ အသံမထွက်ပဲ ပုန်းအောင်းနေရတာမျိုး အိပ်မက်ဆိုးတွေမက်ပါသလား။

၅၅၉ ရေးသားသည်။

သင်ညအိပ်တဲ့အခါ အိပ်မက်ဆိုးမက်လေ့ရှိပါသလား။ ခဏခဏမက်လေ့ရှိပါသလား။

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီတစ်ရက်နေ့ နောက်ပိုင်းမှာပိုမက်လေ့ရှိပါသလား။အိပ်မက်ထဲမှာကိုယ့်အိမ်ကိုယ်ရှာမတွေ့တော့တာ၊ သေနတ်သံတွေကြားမှာပြေးလွှားနေရတာ၊ ကိုယ့်သားသမီးလေးတွေပျောက်ဆုံးတာ၊ အခန်းတစ်ခန်းထဲမှာ အသံမထွက်ပဲ ပုန်းအောင်းနေရတာမျိုး အိပ်မက်ဆိုးတွေမက်ပါသလား။

ကိုယ်တစ်ယောက်ထဲလို့မတွေးပါနဲ့။ ကိုယ်လိုလူတွေဒုနဲ့ဒေးနဲ့ရှိနေနိုင်ပါတယ်။

Public Service Announcement

Public Service Announcement

ရှားလော့ ဘီရန့်ဒ်ဟာဂျာမန်ဂျူးလူမျိုးသတင်းစာဆရာမတစ်ဦးဖြစ်ပါတယ်။ ၁၉၃၃ခုနှစ်က ဂျာမဏီမှာဟစ်တလာ အာဏာရပြီးအဓိပတိဖြစ်လာချိန်မှာသူမက အသက် ၃၀ပါ။ အဲဒီနှစ်ထဲမှာပဲ သူမရဲ့ စာတွေကိုပုံနှိပ်ဖေါ်ပြခွင့် ကိုပိတ်ပင်ခံရတဲ့အပြင် ကွန်မြူနစ်လို့ စွပ်စွဲခံရပြီး သူမရော သူမရဲ့အမျိုးသားပါ ခေတ္တဖမ်းဆီးခံခဲ့ရပါတယ်။

အဲဒီနောက်ပိုင်းကစပြီးရှားလော့ဟာ အိပ်မက်ဆိုးတွေမက်ခဲ့တော့တာပါပဲ။ နာဇီဂျာမန်တွေရဲ့ အခေါ် အရ “တတိယဂျာမန်အင်ပိုင်ယာကြီး” (Third Reich)ရဲခြောက်လှန့်မှုအောက်ကဂျူးတစ်ယောက်ရဲ့ ဘဝဖြတ်သန်းမှုပါ။

တဖြည်းဖြည်းနဲ့သူမစဉ်းစားမိလာတာကတော့ မှောင်မဲနေတဲ့ အကြောက်တရားခေတ်ကြီးထဲမှာ တခြားသူတွေလည်းဘယ်လိုအိပ်မက်တွေမက်နေကြသလဲဆိုတာဖြစ်ပါတယ်။ ရှားလော့ ဘီရန့်ဒ်ဟာ ၆နှစ်ကြာအောင် နာဇီဂျာမန်တွေအောက်က လူ့အဖွဲ့အစည်းထဲက ပြည်သူတွေရဲ့ အိပ်မက်တွေကို ဒိုင်ယာရီထဲမှာ လျှို့ဝှက်မှတ်တမ်းတင်ခဲ့ပါတယ်။

သူမမေးခဲ့တဲ့လူတွေထဲမှာ ဂျူးတွေကအများဆုံးဖြစ်ပြီး တက္ကသိုလ်ကျောင်းသားကနေကုန်သည်၊ ဈေးသည်နဲ့ဝန်ထမ်းတွေအထိအလွှာအသီးသီးပါဝင်ခဲ့ပါတယ်။ ၆နှစ်အတွင်းမှာအိပ်မက်ပေါင်း ၃၀၀လောက် ရှားလော့မှတ်တမ်းတင်ခဲ့ပါတယ်။

ဂျာမန်ဂျူးတွေရဲ့ စိတ်ဒါဏ်ရာတွေကများလွန်းလှပါတယ်။ အိမ်တွေအသိမ်းခံရတာ၊ အလုပ်တွေ ဆုံးရှုံးခဲ့တာ၊ အဖမ်းခံရတာ၊ အနှိမ်ခံရတာ၊ အများရှေ့မှာအရှက်ခွဲခံရတာ၊ အသတ်ခံရတာ တွေဟာအဲဒီ၆နှစ်ကြာ ကာလအတွင်းမှာ မရေမတွက်နိုင်တဲ့ ဖြစ်ရပ်တွေပါ။

အန္တရာယ်အင်မတန်ကြီးမားတဲ့အတွက်သူမရဲ့မှတ်တမ်းတွေကိုရှားလော့ကသေသေချာချာဖွက်ထား ခဲ့ပါတယ်။ စာတွေထဲမှာလည်းဟစ်တလာ၊ဂိုအာရင်း၊ ဂျိုးဇက်ဂိုဘဲလ်စတဲ့ နာဇီခေါင်းဆောင်တွေကို “ဉီးလေးဟန်းစ်”၊ “ဂုစတက်ဗ်”၊ ဂါးဟာဒ်” စတဲ့အမည်ဝှက်တွေနဲ့ရးသားခဲ့တာပါ။

၁၉၃၉ခုနှစ်မှာရှားလော့နဲ့သူမအမျိုးသာကအမေရိကန်ပြည်ထောင်စုကိုထွက်ပြေးခိုလှုံခဲ့ကြပါတယ်။

တခြားပစ္စည်းတွေမသယ်နိုင်ခဲ့ပေမယ့် ရှားလော့ကသူမနဲ့အတူ အိပ်မက် ၃၀၀ကို သယ်ဆောင် လာခဲ့ပါတယ်။

၁၉၆၆ခုနှစ်ကြမှ သူမစုဆောင်းထားတဲ့ အိပ်မက်တွေကို စာအုပ်အဖြစ်ဂျာမန် ဘာသာနဲ့ထုတ်ဝေခဲ့ပါတယ်။ စာအုပ်အမည်ကတော့ “တတိယဂျာမန်အင်ပိုင်ယာအိပ်မက်များ” (The Third Reich of Drreams” ဖြစ်ပါတယ်။ ဂျာမန်အမည်ကတော့ “Das Dritte Reich des Traums”ပါ။

ရက်စက်ယုတ်မာတဲ့ အာဏာရှင်စနစ်ဟာ ပြည်သူတွေကို အိပ်တဲ့အချိန်မှာတောင် ချမ်းသာခွင့် မပေးပါဘူး။ အိမ်ထဲမှာတောင် ဖမ်းဆီး၊နှိပ်စက်၊အရှက်ခွဲ၊သတ်ဖြတ်ကြတာပါ။ တကယ်တော့ ရှားလော့ဘီရန့်ဒ်ဟာ စိတ်ပညာရှင်မဟုတ်သလို ဆရာဝန်လည်းမဟုတ်ပါဘူး။တာဝန်ကျေပြီးစိတ်ကူးကောင်းလှတဲ့သတင်းစာဆရာမတစ်ဦးဖြစ်ပါတယ်။

သူစုဆောင်းထားခဲ့တဲ့ အိပ်မက်တွေကို စာအုပ်မထုတ်ခင် နှစ်၂၀ကျော်ကြာအောင် သိမ်းဆည်းထားခဲ့တာပါ။ သူမ မှတ်တမ်းတင်ခဲ့တဲ့ အိပ်မက်တော်တော်များများမှာ ဂျူးတွေကို လူအဆင့်လို့မသတ်မှတ်ပဲခွဲခြားဆက်ဆံခံရလို့အားငယ်ရှက်ရွံ့ကြောက်လန့်မှုတွေကိုမြင်တွေ့ရပါတယ်။

၁၉၈၆မှာ ရှားလော့ကွယ်လွန်ခဲ့ပါတယ်။ အခုတော့ရှားလော့ရဲ့စာအုပ်နဲ့သူမအကြောင်းကအမေရိကန်နဲ့အနောက်ကမ္ဘာမှာ ပြန်လည်ကျော်ကြား လာပြန်ပါပြီ။ အမှောင်ခေတ်တွေကိုဖြတ်သန်းရတဲ့အခါ အမှောင်အိပ်မက်တွေကို မှတ်တမ်းတင်ခဲ့တဲ့ လူနဲ့သူမရဲ့ စာအုပ်ကိုပြန်လည်ဆွေးနွေးကြတာပါပဲ။

အနောက်တိုင်းရဲ့ထင်ရှားတဲ့ သတင်းဌာနတွေနဲ့ စာပေမဂ္ဂဇင်းတွေမှာရှားလော့အကြောင်းကိုဆွေးနွေးကြပါတယ်။ လူမျိုးရေးခွဲခြားတဲ့၊ မဟုတ်မမှန်ဝါဒဖြန့်ချိတဲ့၊ အမုန်းတရားကို အသုံးချပြီး အာဏာကိုရအောင်ယူတဲ့၊ အကြောက်တရားနဲ့အုပ်ချုပ်တဲ့ ဒေါ်နယ်ထရန့်နဲ့ လက်ယာစွန်းနိုင်ငံရေးသမား တွေရဲ့ခေတ်မှာရှားလော့ကိုပြန်တမ်းတနေကြပါတယ်။

အိပ်မက်ဆိုးတွေကကမ္ဘာ့အနှံ့မှာတစ်ကြော့ပြန်လာနေပါပြီ။တိုင်းပြည်ကနှင်ထုတ်ခံရမှာကို ကြောက်နေရတာတွေ၊ ပြည်ဝင်ခွင့်ဗီဇာကိုရုတ်သိမ်းခံရမှာကြောက်တာတွေ ၊ လမ်းလျှောက်နေတုန်း ရဲ့နဲ့လုံခြုံရေးတွေရဲ့ ကြမ်းကြမ်းတမ်းတမ်းဖမ်းဆီးခံရမှာကိုကြောက်ရတာတွေက အမေရိကန်လို နိုင်ငံမျိုးမှာတောင်လွှမ်းမိုးနေပါပြီ။

မြန်မာနိုင်ငံမှာတော့ ပြောစရာမရှိတော့ပါဘူး။ ဖမ်းဆီးခြင်း၊အိမ် နဲ့ ပိုင်ဆိုင်မှုတွေကိုသိမ်းယူခြင်း၊ နှိပ်စက်ခြင်း နဲ့ သတ်ဖြတ်ခြင်းတွေအောက်ကအိပ်မက်ဆိုးတွေပါ။ ကိုယ်ပေးတဲ့အခွန် နဲ့ ဝယ်တဲ့ လေယာဉ်ကကိုယ့်မိသားစုရဲ့အိမ်ပေါ်ကို ဗုံးကြဲချမှုဟာ ဟစ်တလာတောင်မလုပ်နိုင်ခဲ့တဲ့ရာဇဝတ်မှု ဖြစ်ပါတယ်။

ညအချိန်မှာအိပ်မက်ဆိုးတွေဟာ အိမ်တိုင်းရဲ့ အိပ်ယာတွေကိုလွှမ်းမိုးထာပါတယ်။ အကျဉ်းထောင် တွေထဲမှာ၊ တောနက်တွေထဲမှာ၊ ပြည်ပနိုင်ငံတွေမှာလည်း အိပ်မက်ဆိုးတွေရှိနေမှာပါ။

တစ်နေ့တော့ မကောင်းဆိုးဝါးတွေကို ဂျာမဏီမှာလို အရေးယူပြီးတဲ့အခါ အိပ်မက်တွေအကြောင်းကို ပြန်ပြောကြတာပေါ့။

တစ်ရေးလောက်တော့အိပ်ရေးဝအောင်ကြိုးစားလိုက်ပါဦး။ လုပ်စရာတွေအများကြီးရှိသေးတယ် မဟုတ်လား။ ။

(Literary Hub က Darkest Nights: On the Literal Dreams of German Jews During Hitler’s Rise to Power၊ The Museum of Dreams နဲ့ The New Yorker က How Dreams Change Under Authoritarianism ကအချက်အလက်အချို့ကိုကိုးကားပါတယ်)

ဆက်စပ်သတင်းများ

သတင်း

စစ်အုပ်စုအာဏာသိမ်းသည့် ၄ နှစ်ပြည့်တွင် စစ်အာဏာရှင်အမြစ်ဖြတ်ချေမှုန်းရေး တိုက် ပွဲခဲ့စဥ် ကျဆုံးခဲ့ရသော အာဇာနည်သူရဲ ကောင်းရဲဘော်များအား အောက်မေ့သတိရလျှက် ရဲဘော်များ၏ မိဘများထံသွားရောက် ၍ ထောက်ပံ့ငွေနှင့်အတူ ကန်တော့တောင်း ပန်ခဲ့ကြောင်း ပခုက္ကူခရိုင် တပ်ရင်း (၁၉) မှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ရဲဘော်မိုက်ကယ်က လူထုနွေဦးသို့ ပြော...

အတွေးအမြင်

စစ်တပ်အာဏာသိမ်းမှု​ကြောင့် နိုင်ငံတစ်ခု ပျက်စီးသွားခြင်းနဲ့အတူ ဒီ ၄ နှစ်အတွင်းမှာပြည်သူ​တွေရဲ့ မယိုင်မလဲခုခံ​တွန်းလှန်မှု​ကြောင့် နိုင်ငံသစ်တစ်ခု ​​မွေးဖွားဖို့​ရောင်နီ သန်းလာတာလည်း မြင်​တွေ့လာရပါတယ် ။

သတင်း

ရန်ကုန်မြို့လယ်ရှိ တရုတ်ဘုံကျောင်းတခုမှာ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) မှ "It has been 4 years since the military staged the coup! " စာတန်းကိုင်ဆောင်ကာ အကြမ်းဖက် စစ်တပ်မှအာဏာသိမ်းခဲ့သည်မှာ ၄ နှစ်ရှိပြီဖြစ်ကြောင်းနှိုးဆော်အသိပေး၍ တကိုယ်တော်ဆန္ဒပြလှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။

သတင်း

သုည/People’s Spring ရန်ကုန်မြို့တစ်နေရာတွင် စစ်တပ် အာဏာသိမ်း မှု(၄) နှစ်ပြည့်သည့်​နေ့တွင် စစ်ဖိနပ်​အောက်တွင်ပင် ရှိ​နေ​သေး​ကြောင်း စာတန်းချိတ်၍ လှုံ့ဆော်ဆန္ဒပြခဲ့သည်။ တော်လှန်လူငယ်များက “We Are Still Under the Military’s Boots”၊ “ကျွန်ုပ်တို့သည် စစ်ဖိနပ်အောက်တွင် ရှိနေဆဲဖြစ်သည်” စာတန်းကို ချိတ်ဆွဲပြီး...