close
Connect with us

Hi, what are you looking for?

သတင်း

RFA နဲ့ VOA သတင်းဌာနတွေရဲ့ ဝန်ထမ်းတွေကို အလုပ်ပြန်ခန့်ထားဖို့ ထရမ့်အစိုးရကို ဖက်ဒရယ် တရားရုံးတစ်ခု ညွှန်ကြား

အမေရိကန် အစိုးရ အထောက်အပံ့နဲ့ လည်ပတ်နေတဲ့ သတင်းဌာနတွေရဲ့ ဝန်ထမ်းတွေကို အလုပ်ပြန်ခန့်ထားဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အစိုးရကို ဖက်ဒရယ် တရားရုံး တစ်ခုက ညွှန်ကြားလိုက်ပါတယ်။

EPA-EFE

အမေရိကန် အစိုးရ အထောက်အပံ့နဲ့ လည်ပတ်နေတဲ့ သတင်းဌာနတွေရဲ့ ဝန်ထမ်းတွေကို အလုပ်ပြန်ခန့်ထားဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အစိုးရကို ဖက်ဒရယ် တရားရုံး တစ်ခုက ညွှန်ကြားလိုက်ပါတယ်။

ဝါရှင်တန်ဒီစီ ခရိုင် တရားသူကြီး ရွိုင်စ်လမ်းဘတ်သ်က တရားစီရင် စစ်ဆေးမှုတွေ လုပ်ဆောင်မယ့် ကာလတလျှောက်မှာ သက်ဆိုင်ရာ သတင်းဌာန ဝန်ထမ်းတွေကို အလုပ်ခွင်ဆီ ပြန်လည် ခေါ်ယူပြီး ခန့်အပ်ထားဖို့ တရားလိုတွေဖက် တောင်းဆိုမှုကို လက်ခံပေးခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် အစိုးရရဲ့ ငွေကြေး ထောက်ပံ့မှုနဲ့ လည်ပတ်နေတဲ့ အမေရိကန် အသံ (VOA)၊ လွတ်လပ်တဲ့ အာရှအသံ (RFA)နဲ့ အရှေ့အလယ်ပိုင်း ရုပ်သံကွန်ရက် (MBN)တို့လို သတင်းဌာနတွေဟာ ထရမ့် အစိုးရက ရန်ပုံငွေ ဖြတ်တောက်မှုကြောင့် မတ်လကတည်းက လုပ်ငန်းတွေ ရပ်နားထားခဲ့ရတာပါ။ ဝန်ထမ်းတွေကလည်း အလုပ်ခွင်ဆီ ပြန်လာခွင့် မရဘဲ မီဒီယာ အလုပ်တွေကို ရပ်နားထားခဲ့ကြရပါတယ်။

RFA

အမေရိကန်ရဲ့ နိုင်ငံတကာ မီဒီယာ ထောက်ပံ့ရေး ကဏ္ဍကို ကြီးမှူးတဲ့ အမေရိကန် ကမ္ဘာလုံးဆိုင်ရာ မီဒီယာ အေဂျင်စီ (USAGM)အတွက် ရန်ပုံငွေတွေကို ထရမ့်အစိုးရက ဖြတ်တောက်ပစ်ခဲ့တဲ့နောက် VOA၊ RFAနဲ့ MBNတို့ အပါအဝင် အေဂျင်စီ လက်အောက်ခံ မီဒီယာတွေရဲ့ ဝန်ထမ်းတွေဟာ အလုပ်ကနေ ရပ်စဲ ခံထားကြရတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ထရမ့် အစိုးရရဲ့ လုပ်ဆောင်ချက်ကို မကျေနပ်တဲ့အတွက် VOA သတင်းထောက် ပတ်ဆီ ဝီဒါကူစ်ဝါရာနဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာ လက်ရှိ USAGM ယာယီ အမှုဆောင်ချုပ် ကာရီလိတ်ခ်ကို ဦးတည်ပြီး တရားစွဲခဲ့ပါတယ်။ လိတ်ခ်ဟာ USAGMရဲ့ ဝန်ထမ်းတွေကို လျှော့ချရေးအတွက် ထရမ့်စိတ်တိုင်းကျ ရွေးချယ် ခန့်အပ် ခံထားရသူ ဖြစ်ပါတယ်။

အခုတော့ တရားသူကြီး လမ်းဘတ်သ်က တရားလိုတွေရဲ့ တောင်းဆိုမှုကို လက်ခံပြီး USAGM လက်အောက်ခံ မီဒီယာ ဌာနတွေရဲ့ ဝန်ထမ်းတွေကို အမှုစစ်ဆေးနေစဉ် ကာလ အတောအတွင်း ပြန်လည် ခန့်အပ်ထားဖို့ ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။

VOA အပါအဝင် သတင်းဌာနတွေဟာ ယုံကြည်စိတ်ချရတဲ့၊ တရားဝင် ခိုင်မာတဲ့ သတင်းရင်းမြစ်တွေအဖြစ် တည်တံ့ ရပ်တည်နေဖို့ ဥပဒေကြောင်းအရ လိုအပ်တယ်လို့ တရားသူကြီးက ပြောပါတယ်။ ပြီးတော့ လက်အောက်ခံ သတင်းဌာနတွေမှာ ခွင့်သတ်မှတ်ပေးထားတဲ့ ဝန်ထမ်းတွေကို မူလနေရာ ပြန်လည် ခေါ်ယူ ခန့်အပ်ဖို့၊ ထုတ်ပယ် လျှော့ချတာမျိုး မလုပ်ဖို့လည်း တရားသူကြီးက USAGMကို တားမြစ်ခဲ့ပါတယ်။

USAGMဟာ ဝန်ထမ်းတွေ၊ စာချုပ် ဝန်ထမ်းတွေကို ပြန်လည် ခေါ်ယူ ခန့်အပ်နိုင်ရေးအတွက် လိုအပ်တဲ့ အဆင့်အားလုံးကို လုပ်ဆောင်ရမယ်လို့ တရားသူကြီးက ညွှန်ကြားခဲ့ပြီး ဒါမှသာ သတင်းဌာန အသီးသီးဟာ တိကျမှန်ကန်တဲ့၊ ယုံကြည် အားကိုးထိုက်တဲ့၊ ကောင်းကျိုးဖြစ်ထွန်းစေမယ့်၊ စုံလင်ပြည့်စုံတဲ့ သတင်းတွေကို ဆက်လက် ဖော်ပြနေနိုင်လိမ့်မယ်လို့လည်း ပြောပါတယ်။

ဝန်ထမ်းတွေ ပြန်ခေါ်ယူ ခန့်အပ်ဖို့ တရားသူကြီး လမ်းဘတ်သ်ရဲ့ ဆုံးဖြတ်ချက်ဟာ လွတ်လပ်တဲ့ ဥရောပအသံ (RFE) အတွက်တော့ အကျုံးမဝင်ခဲ့ပါဘူး။ အကြောင်းကတော့ RFEဟာ ထရမ့်ရဲ့ အစိုးရကို သီးခြား တရားစွဲဆိုမှု လုပ်ထားတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။

မတ်လမှာ ထရမ့်ဟာ အမေရိကန် အစိုးရ အထောက်အပံ့နဲ့ လည်ပတ်နေတဲ့ VOA အပါအဝင် သတင်းဌာနတွေရဲ့ ဝန်ထမ်းတွေကို အလုပ်ဆက်မလုပ်ဘဲ ခွင့်ယူဖို့ ညွှန်ကြားခဲ့ပြီး အဲဒီနောက် ထရမ့်ဟာ USAGMရဲ့ ဝန်ထမ်းအင်အား အများအပြားကို ထုတ်ပယ်ဖို့ ရည်ရွယ်ထားတဲ့ အထူးအမိန့် တစ်ရပ်ကိုပါ လက်မှတ်ရေးထိုးခဲ့ပါတယ်။

ကိုးကား: CBS

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပုပ်ရဟန်းမင်းကြီးရဲ့ ဈာပန အခမ်းအနားကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် အပါအဝင် နိုင်ငံခေါင်းဆောင်တွေ တက်ရောက်ကြမယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ဟားဗက် တက္ကသိုလ်နဲ့ ဖြစ်ပေါ်နေတဲ့ တင်းမာမှုတွေကို နောက်ကွယ်ကနေ ညှိနှိုင်းဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အစိုးရက ကြိုးစားနေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

နိုင်ငံတကာ

သူ့ရဲ့ Tesla လျှပ်စစ်ကား ကုမ္ပဏီရဲ့ အမြတ်အစွန်းနဲ့ ဝင်ငွေတွေ ထိုးကျလာတဲ့နောက် အီလွန်မတ်စ်ခ်က အမေရိကန် အစိုးရ ဝန်ထမ်း အများအပြားကို အလုပ်ထုတ်ဖို့ တာဝန်ယူထားတဲ့ သူ့ရဲ့ အစိုးရ အရာရှိ အခန်းကဏ္ဍကို လျှော့ချသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

စစ်ရေး လျှို့ဝှက်ချက်တွေကို ဒုတိယမြောက် Signal group chat တစ်ခုထဲမှာပါ မျှဝေထားခဲ့ကြောင်း စွပ်စွဲမှုတွေ ခံနေရတဲ့ ကာကွယ်ရေး ဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကာကွယ် ပြောကြားခဲ့ပါတယ်။

Facebook