close
Connect with us

Hi, what are you looking for?

သတင်း

မတ်လအတွင်း စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှု ၆၀၀ ကျော်ရှိ

စစ်ကိုင်းတိုင်းမှာ လေ‌ကြောင်းတိုက်ခိုက်မှု အများဆုံးဖြစ်

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အတွင်း ၂၀၂၅ မတ်လ ၂၄ရက်က စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှုများ။ ဓာတ်ပုံ − MDY PDF

ဧပြီ ၂၂၊၂၀၂၅။တေဇ/People’s Spring

ပြီးခဲ့သည့် မတ်လအတွင်း စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှု ၆၀၀ကျော်မှုရှိခဲ့ပြီး စစ်ကိုင်းတိုင်းမှာ လေကြောင်းတိုက်ခိုက်မှု အများဆုံးခံခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက အသိပေးသည်။

“မတ်လအတွင်းမှာ မန္တလေးတိုင်းဟာ လူ့အခွင့်အရေးချိုးဖောက်ခံရမှု အများဆုံးဖြစ်ခဲ့ပြီး ၁၂၃ မှုထိ ရှိခဲ့ပါတယ်။ လေကြောင်းတိုက်ခိုက်ခံရမှုအကြိမ်အရေအတွက် အများဆုံးအနေနဲ့ စစ်ကိုင်းတိုင်းဟာ ၅၃ ကြိမ်အထိ တိုက်ခိုက်ခံခဲ့ရပါတယ်”ဟု အထက်ပါဝန်ကြီးဌာနက ထုတ်ပြန်သည်။

မတ်လအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လေကြောင်းတိုက်ခိုက်မှု ၂၂၄ ကြိမ်ရှိခဲ့ပြီး ပြည်သူပိုင်နေအိမ် ၇၃၇လုံး ၊ စာသင်ကျောင်း တစ်ကျောင်း ၊ ဗုဒ္ဓဘာသာ အဆောက်အဦး ၃၅လုံး ၊ ခရစ်ယာန်ဘာသာရေးအဆောက်အဦး တစ်လုံး၊ ကျန်းမာရေးအဆောက်အဦး တစ်လုံး ပျက်စီးခဲ့ကာ သေဆုံးသူ ၂၀၂ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၃၃၇ ဦးရှိကြောင်း ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် မတ်လအတွင်း အစုလိုက်၊အပြုံလိုက် အသတ်ခံရသည့် ဖြစ်စဉ် ၈ ခုရှိခဲ့ပြီး သေဆုံးသူ ၁၁၈ ဦးရှိသည်ဟု ဆိုသည်။

“လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနှင့် ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထား၍ အကြမ်းဖက် စစ်အုပ်စု၏ ကျူးလွန်မှုများကိုအပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားပါမည်”ဟု ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ဖျက်အားပြင်း စစ်ကိုင်းငလျင်ဒဏ်ကို ရှမ်းပြည်နယ်​မြောင်ပိုင်းမှလားရှိုးမြို့မခံစားခဲ့ရပါ။သို့သော် ဒေသခံများ အလွန်စိုးရိမ်နေသည့်နိုင်ငံရေးငလျင်က လားရှိုးမြို့အပါအဝင် ရှမ်းပြည်နယ် မြောက်ပိုင်း၌ active ဖြစ်နေပါပြီ။

သတင်း

အပစ်ရပ်ကြေညာချက် လိုက်နာမှုရှိ၊ မရှိ ပြည်သူများ သက်သေရှိ

သတင်း

ဧပြီ ၂၂၊၂၀၂၅။ဟန်နွေ/People’s Spring ငလျင်ဘေးကြောင့် အပစ်ရပ်ကာလတစ်ပါတ်ထပ်တိုးမည်ဟု စစ်​ကောင်စီကကြေညာခဲ့သည့် ဧပြီ ၂၂ရက်တွင် အာဏာသိမ်းစစ်ကောင်စီက ရှမ်းပြည်နယ်မြောက်ပိုင်း ၊နောင်ချိုမြို့နယ် အုမ္မတီးကျေးရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ ပြည်သူများ၏ နေအိမ်ပျက်စီးမှုများ ရှိခဲ့သည်။ စစ်ကောင်စီက ဧပြီ ၂ရက်မှ ၂၂ရက်ထိ ယာယီအပစ်ရပ်စဲကြောင်း ပထမအကြိမ် ထုတ်ပြန်ခဲ့စဉ်ကလည်း...

သတင်း

မြန်မာနိုင်ငံမှာ ဖျက်အားပြင်း ငလျင်ကြီး လှုပ်ခတ်သွားခဲ့ပေမယ့်လည်း နျူကလီးယား ဓာတ်အားပေး စက်ရုံငယ်တစ်ခု တည်ဆောက်မယ့် အစီအစဉ်ကို ရှေ့ဆက် အကောင်အထည် ဖော်သွားမယ်လို့ ရုရှား အစိုးရပိုင် Rosatom ကုမ္ပဏီက ပြောပါတယ်။

Facebook