close
Connect with us

Hi, what are you looking for?

သတင်း

အပစ်ရပ်ကြေညာထားသည့်ကာလအတွင်း စစ်ကောင်စီတပ်ထိုးစစ်ဆင်လာသည့် လီဒိုလမ်း လဝါးတိုက်ပွဲ အပြင်းထန်ဆုံးဖြစ်ဟု KIA ပြော

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း မြစ်ကြီးနား-တနိုင်းသွား လီဒိုလမ်းပိုင်းရှိ လဝါးကျေးရွာသို့ စစ်ကောင်စီတပ် ထိုးစစ်ဆင်လာ၍ ဧပြီ ၁၄ရက်မှ ၁၆ရက်ထိ တိုက်ပွဲ သုံးရက်ဆက် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီနှင့် ပြည်သူ့စစ်ပူးပေါင်းတပ်က ပြည်သူလူထု နေအိမ်များ မီးရှို့ဖျက်ဆီးခဲ့ဟု ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ယမန်နေ့(ဧပြီ ၁၇ရက်) ညတွင် ပြောသည်။

လီဒိုလမ်းပိုင်းရှိ လဝါးကျေးရွာစျေးအား တွေ့ရစဉ်။ဓာတ်ပုံ − NUM

“ကျနော်တို့ဘက်ကစပြီးတော့ ပစ်တာမျိုးလည်း ကျနော်တို့ မလုပ်ပါဘူး။ ကျနော်တို့ထုတ်ထားတဲ့ ကြေညာချက်ကို ကျနော်တို့ လိုက်နာပါတယ်”

− ဗိုလ်မှူးကြီးနော်ဘူ

ဧပြီ ၁၈၊၂၀၂၅။ဟန်နွေ/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း မြစ်ကြီးနား-တနိုင်းသွား လီဒိုလမ်းပိုင်းရှိ လဝါးကျေးရွာသို့ စစ်ကောင်စီတပ် ထိုးစစ်ဆင်လာ၍ ဧပြီ ၁၄ရက်မှ ၁၆ရက်ထိ တိုက်ပွဲ သုံးရက်ဆက် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီနှင့် ပြည်သူ့စစ်ပူးပေါင်းတပ်က ပြည်သူလူထု နေအိမ်များ မီးရှို့ဖျက်ဆီးခဲ့ဟု ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ယမန်နေ့(ဧပြီ ၁၇ရက်) ညတွင် ပြောသည်။

စစ်ကောင်စီတပ်နှင့် မင်းဇေသန့် ပြည်သူ့စစ် ပူးပေါင်းတပ်သည် KIA တပ်ရင်း(၂၀) နယ်မြေသို့ လေကြောင်း၊ ဒရုန်း ပစ်ကူများ အသုံးပြု၍ မြေပြင်ထိုးစစ်ဆင်လာခြင်းဖြစ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ရှင်းပြသည်။

“ဒါက အပစ်အခတ်ရပ်စဲရေးကြေညာထားတဲ့နောက်ပိုင်းမှာ ကျနော်တို့ မြေပြင်တိုက်ပွဲက အပြင်းထန်ဆုံးလို့ ပြောရမှာပေါ့။ပြည်သူလူထုလည်း အနစ်နာဆုံးလို့ ပြောရမှာပေါ့။သူတို့ တိုက်တက်ပုံစံက လေကြောင်းနဲ့လည်း ဗုံးကြဲတိုက်ခိုက်တာနောက် ဒရုန်းနဲ့လည်း ဗုံးကြဲတိုက်ခိုက်တာ။ မြေပြင်ကလည်းထိုးတာ။ ကျနော်တို့ KIA ဘက်ကနေ စပြီး ထိုးစစ်ဆင်တာ မဟုတ်ဘူး။ သူတို့ တက်လာလို့ ကျနော်တို့ က ခုခံတဲ့ တိုက်ပွဲပဲဖြစ်ပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

Public Service Announcement

Public Service Announcement

လဝါးတိုက်ပွဲအတွင်း စစ်ကောင်စီပူးပေါင်းတပ်က ပြည်သူအချို့ကို သတ်ဖြတ်ခြင်း ပြည်သူ ၄၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခြင်း၊ ပြည်သူလူထု နေအိမ် ၁၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခြင်းပြုလုပ်ခဲ့ဟု ၎င်းက ပြောသည်။

“လဝါးဘက်က အခြေအနေက ဒီနေ့(ဧပြီ ၁၇ရက်) ကတော့ နည်းနည်းပြန်ငြိမ်သွားတယ်။ ဒါပေမဲ့ တိုက်ပွဲတွေ ဆက်ဖြစ်လို့ရှိရင် တော့ ရွာတွေအားလုံး မီးရှို့လိုက်မယ်ဆိုပြီးမှ ပြည်သူလူထုကို ခြိမ်းခြောက်တယ်လို့ ပြောတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

စစ်ကောင်စီတပ် စစ်ကြောင်းများ လဝါးရွာဘုရားကျောင်း၌ တပ်စွဲထားကြောင်း၊ ပြည်သူများ စစ်ရှောင်နေကြရပြီး အချို့မှာ နမ္မတီးဘက် တိမ်းရှောင်နေကြရကြောင်း ၎င်းကပြောသည်။

ထို့အပြင် KIA ပူးပေါင်းတပ်က မြို့သိမ်းစစ်ဆင်ရေးဆင်နွှဲနေသည့် ဗန်းမော်မြို့စစ်ရေး အခြေအနေကို မေးမြန်းရာ မြေပြင် တိုက်ပွဲမရှိဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“ဗန်းမော်ဘက်မှာကတော့ စကစကနေ လေကြောင်းက တိုက်ခိုက်တာ ဒရုန်းနဲ့ တိုက်ခိုက်တာ လက်နက်ကြီးနဲ့ ပစ်တာတော့ အမြဲတမ်းရှိပါတယ်။ ဒါပေမဲ့ မြေပြင်တိုက်ပွဲကတော့ မရှိပါဘူး။။ ကျနော်တို့ဘက်က လည်း ထိုးစစ်ဆင်တာ မရှိပါဘူး အခုလောလောဆယ်ကတော့။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ဘက်က လည်း အပစ်အခတ်ရပ်စဲ ရေးကြေညာထားတယ်ဆိုတော့ ကျနော်တို့ဘက်က စပြီးတော့ ပစ်တာမျိုးလည်း ကျနော်တို့ မလုပ်ပါဘူး။ ကျနော်တို့ထုတ်ထားတဲ့ ကြေညာချက်ကို ကျနော်တို့ လိုက်နာပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

စစ်ကောင်စီသည် ငလျင်ဘေးကြောင့်ဟုဆိုကာ ဧပြီ ၂ရက်မှ ၂၂ရက်အထိ ယာယီအပစ်ရပ်စဲမည်ဟု ကြေညာခဲ့ရာ KIO ဗဟိုကော်မတီကလည်း စစ်ကောင်စီ နည်းတူ ဧပြီ ၂ရက်မှ ၂၂ရက်အထိ ခုခံ ကာကွယ်မှုမှ အပထိုးစစ်ဆင် တိုက်ခိုက်မှုများ ရပ်ဆိုင်းထားမည်ဟု ကြေညာခဲ့သည်။

သို့သော် စစ်ကောင်စီတပ်က ဧပြီ ၂ရက်ညပိုင်း၌ပင် ဗန်းမော်မြို့ကို လေကြောင်း တိုက်ခိုက်ခဲ့သည့်အပြင် ဧပြီ ၃ရက် နံနက်တွင်လည်း ၀ိုင်းမော်မြို့နယ် လမြန်ကျေးရွာအနီး ထိုးစစ်ဆင်ခြင်းအပါအဝင် ကချင်ပြည်နယ်အတွင်း လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်း တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ဟု KIAက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် မြစ်ကြီးနား- တနိုင်းသွား လီဒိုလမ်းပိုင်းရှိ လဝါးကျေးရွာတွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီတပ်၊ မင်းဇေသန့် ပြည်သူ့စစ်ပူးပေါင်းအဖွဲ့အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး အထိနာသည့် စစ်ကောင်စီတပ်က ကျေးရွာကို မီးရှို့ဖျက်ဆီးခြင်း၊ လေကြောင်း တိုက်ခိုက်ခြင်းပြုလုပ်ခဲ့ဟု ကချင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လဝါးကျေးရွာအနီးနှင့် ခွန်ဆိုင်ယန်ရွာအနီးတွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီ၊ ပြည်သူ့စစ်ပူးပေါင်းတပ်တို့ ယနေ့ (ဧပြီ ၁၅ရက်)နံ နက်တွင် တိုက်ပွဲဖြစ်ပွားနေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ခုခံကာကွယ်စစ်မှလွဲ၍ ထိုးစစ်အားလုံးကို ဧပြီ ၁၃ရက်မှ ၂၀ရက်အထိ တပတ်ကြာ ဆက်လက်ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း အသိပေးခဲ့ပြီး အဆိုပါ ကာလအတွင်း ငလျင်ဘေးကူညီရေး အဖွဲ့များအား လိုအပ်သည့်အကူအညီပေါ်ရန်၊ ကာကွယ်စောင့်ရှောက်မှုပေးရန် ညွှန်ကြားချက် ထုတ်ပြန်သည်။

သတင်း

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ၌ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် စစ်ကောင်စီတပ်၊ ရှမ်းနီ SNAပူးပေါင်းတပ်ဖွဲ့အကြား ယနေ့(ဧပြီ ၁၁ရက်) နံနက်က တိုက်ပွဲဖြစ်ပွားခဲ့ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Facebook