close
Connect with us

Hi, what are you looking for?

သတင်း

လားရှိုးမြို့သို့ စစ်ကောင်စီပြန်ဝင်

လားရှိုးမြို့သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ယနေ့ (ဧပြီ၁၈ရက်​နေ့)၌ ပြန်ဝင်လာပြီးလားရှိုး- သီပေါပြည်ထောင်စုလမ်းရှိ နောင်မွန်လမ်းပိုင်းကို ဖြတ်သန်းခွင့်ပိတ်ထားကြောင်း ဒေသခံများကပြောသည်။

လားရှိုးမြို့လယ်တစ်​နေရာကို ၂၀၂၅ ဇန်နဝါရီလက​တွေ့ရစဥ်။ဓါတ်ပုံ-လားရှိုးမြို့ပြန်လည်ထူ​​ထောင်​ရေး

ဧပြီ-၁၇၊၂၀၂၅။ခွာညို/People’s Spring

လားရှိုးမြို့သို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ယနေ့ (ဧပြီ၁၈ရက်​နေ့)၌ ပြန်ဝင်လာပြီးလားရှိုး- သီပေါပြည်ထောင်စုလမ်းရှိ နောင်မွန်လမ်းပိုင်းကို ဖြတ်သန်းခွင့်ပိတ်ထားကြောင်း ဒေသခံများကပြောသည်။

“လမ်းကိုပိတ်ထားလိုက်ပြီ။နောင်မွန်လမ်းကကိုးကန့်ထိန်းထားတာ။ပိတ်တာကတော့ စကစနဲ့ ညှိပြီး ကိုးကန့်က ပိတ်ပေးတာ။ကားတွေလည်းသီပေါဘက်မှာပိတ်နေပါတယ်” ဟုဒေသခံတစ်ဦးကပြောသည်။

တရုတ်အစိုးရ၏ ဖိအား​ပေးမှု​ကြောင့် MNDAA တပ်ဖွဲ့ဝင်များသည် သင်္ကြန်ကာလအတွင်း လားရှိုးမြို့မှဆုတ်ခွာခြင်းဖြစ်ပြီးမြို့သိမ်းတိုက်ပွဲအတွင်းဖမ်းဆီးထားသည့် စစ်သုံ့ပန်းများကိုလည်း ခေါ်ဆောင်သွားကြောင်း ဒေသခံသတင်းရင်းမြစ်များကပြောသည်။သို့​သော်MNDAA တပ်ဖွဲ့ဝင်များသည်မြို့​​ပေါ်မှဆုတ်ခွာသွား​သော်လည်း မြို့ပတ်ပတ်လည်တွင်တပ်စွဲ​နေရာယူထား​ကြောင်းလည်း​ဒေသခံအချို့က​ပြောသည်။

Public Service Announcement

Public Service Announcement

“မြို့ပေါ်မှာကိုကန့်စစ်သားနဲ့ရဲတချို့ရှိနေသေးတယ်။ စစ်ကောင်စီက ပြီးခဲ့တဲ့ရက်အနည်းငယ်ကတည်းကအရပ်ဝတ်နဲ့ဝင်လာကြတာတချို့ရှိတယ်။မြို့ထဲမှာအခြေအနေက စောင့်ကြည့်နေကြတယ်” ဒေသခံတစ်ဦးကပြောသည်။ ​

စစ်ကောင်စီကလားရှိုးမြို့ကိုပြန်လည်ဝင်ရောက်လာပြီဖြစ်၍ မန္တလေး-မူဆယ်ပြည်ထောင်စုလမ်းမတလျှောက်နည်းမျိုးစုံသုံး၍အင်အားတိုးချဲ့လာနိုင်ကြောင်းဒေသခံသတင်းရင်းမြစ်များကပြောသည်။

ထိုအပြင်ဧပြီလ ၁၇ရက်ညနက်ပိုင်းကတည်းက လားရှိုးမြို့ရပ်ကွက် ၁၂အတွင်း ၁၂ဘီးကားအချို့ ရောက်ရှိလာခဲ့မှုသည်လည်း ထူးခြားကြောင်းဒေသခံများကပြောသည်။

အဆိုပါဒေသခံက”ဘယ်ဖက်ကကားတွေလဲတော့မသိဘူး။ နောက်ပြီးဘာတွေပါလဲမသိဘူး။ မနက်ကျတော့ ပြန်ထွက်သွားတယ်။အနီးကပ်သွာကြည့်လို့မရတော့ အသေးစိတ်ပြောမတတ်ဘူး”ဟုပြောသည်။

ဌာနဆိုင်ရာများနှင့်နီးစပ်သည့်သတင်းရင်းမြစ်တဦးကလားရှိုးမြို့သို့ လဝကနှင့်ထွေအုပ်ဝန်ထမ်းများ ပထမဆုံးဝင်ရောက်မည်ဖြစ်ပြီး စစ်ကောင်စီကနောက်ရက်များတွင်ဝင်ရောက်လာနိုင်ကြောင်း၊ ဧပြီလ ၂၁ရက်မတိုင်မီ အပြီးသတ်ဝင်ရောက်မည်ဖြစ်ကြောင်းပြောသည်။

“ဌာနဆိုင်ရာဝန်ထမ်းတွေကို မူဆယ်ကနေ ဟတ်စကီးနဲ့ ပို့မယ်။သွားရမယ့် ဝန်ထမ်းတွေလည်း လန့်နေကြတယ်” ဟု ၎င်းကဆက်ပြောသည်။

စစ်ကောင်စီသည် မြို့ပေါ်ကိုသာကွက်၍အုပ်ချုပ်ခွင့်ရထားပြီး မြို့ပတ်ဝန်းကျင်နှင့်​ကျေးရွာများကိုမူ MNDAAက ဆက်လက်ထိန်းချုပ်ထားမည်ဟုသတင်းများထွက်ပေါ်နေသည်။ လက်ရှိအခြေအနေများနှင့်ပတ်သက်၍ စစ်ကောင်စီကရော MNDAAကပါ သတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။

“အမှန်အတိုင်းဖြစ်ရရင်တော့ လားရှိုးမြို့ကအခြေတွေမကောင်းတော့ဘူး။ မြို့ခံတွေအနေနဲ့ ကျီလန့်စာစားနေရတော့မယ်။ ဘာတွေဆက်ဖြစ်မှာလဲလို့ မခန့်မှန်းနိုင်အောင်ပဲ” ဟုရှမ်းပြည်နယ်မြောက်ပိုင်းမှသတင်းရင်းမြစ်တစ်ဦးကပြောသည် MNDAA နှင့် မဟာမိတ်များက ၁၀၂၇ စစ်ဆင်ရေးဒုတိယပိုင်းတွင် ရမခ အပါအဝင် လားရှိုးမြို့ကို သြဂုတ်၃ ရက်၌ အပြီးသတ်သိမ်းပိုက်ခဲ့ပြီး အုပ်ချုပ်ရေးယန္တရားဖော်ဆောင်ခဲ့သည်။လားရှိုးမြို့အား စစ်ကောင်စီထံပြန်ပေးရန် ဖိအားပေးခဲ့သည့်တရုတ်အစိုးကအား မြို့ခံများက ဒေါသဖြစ်နေသည်။ တရုတ်အစိုးရကတရုတ်-မြန်မာနယ်စပ်ကုန်သွယ်​ရေးလုပ်လို၍ လားရှိုးမြို့မှ MNDAA ကိုဆုတ်ခွာခိုင်းပြီး စစ်​ကောင်စီကို မြို့ကိုပြန်​ပေးရန်ဖိအား​ပေးခဲ့ခြင်းဖြစ်​ကြောင်း သတင်းရင်းမြစ်အချို့က​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မြို့သိမ်းတိုက်ပွဲနောက်ပိုင်း မင်းတပ်မြို့တွင်း၌ မိုင်းအလုံး‌‌ ရေ၂၀၀၀ထက်မနည်း ရှင်းလင်းပြီဖြစ်သော်လည်း မိုင်းအများအပြားကျန်ရှိနေသေး၍ သတိပြုကြရန် မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေး ထုတ်ပြန်လည်။

သတင်း

အသွင်ကူးပြောင်းရေးကာလ အစိုးရသစ်တရပ် ရှေ့တိုးဖော်ဆောင်ရန်နှင့် စစ်ကောင်စီကြိုးပမ်းနေသည့် အတုအယောင်ရွေးကောက်ပွဲကို ကျယ်ပြန်သည့် နိုင်ငံရေးတုန့်ပြန်မှုဖြင့် လုပ်ဆောင်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ အစိုးရအဖွဲ့အစည်းအဝေး၌ ယာယီသမ္မတ ဒူဝါလရှီးလက မှာကြားခဲ့သည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် မြစ်ကြီးနား- တနိုင်းသွား လီဒိုလမ်းပိုင်းရှိ လဝါးကျေးရွာတွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီတပ်၊ မင်းဇေသန့် ပြည်သူ့စစ်ပူးပေါင်းအဖွဲ့အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး အထိနာသည့် စစ်ကောင်စီတပ်က ကျေးရွာကို မီးရှို့ဖျက်ဆီးခြင်း၊ လေကြောင်း တိုက်ခိုက်ခြင်းပြုလုပ်ခဲ့ဟု ကချင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

သတင်း

ကမာရွတ်မီဒီယာပူးတွဲတည်ထောင်သူ ဦးဟံသာညိန်းကို စစ်ကောင်စီက မတရားချမှတ်ထားသော ထောင်ဒဏ် ရက်စေ့ရန် တစ်ပတ်အလိုတွင် လွှတ်ပေးလိုက်ကြောင်း သိရသည်။

Facebook