close
Connect with us

Hi, what are you looking for?

သတင်း

အင်းတော်ကြီးဒေသ နမ့်မွန်းမြို့အနီးတွင် KIA နှင့် စစ်ကောင်စီပူးပေါင်းတပ် တိုက်ပွဲဖြစ်

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ၌ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် စစ်ကောင်စီတပ်၊ ရှမ်းနီ SNAပူးပေါင်းတပ်ဖွဲ့အကြား ယနေ့(ဧပြီ ၁၁ရက်) နံနက်က တိုက်ပွဲဖြစ်ပွားခဲ့ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

နမ့်မွန်းမြို့အနီးတိုက်ပွဲအတွင်း စစ်ကောင်စီပူးပေါင်းတပ်ထံမှ သိမ်းရသော လက်နက်များ။ ဓာတ်ပုံ - Padang Ns/qurium/ludunwayoo.com/en.htmlFB

ဧပြီ ၁၁၊၂၀၂၅။ဟန်နွေ/People’s Spring

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ၌ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် စစ်ကောင်စီတပ်၊ ရှမ်းနီ SNA ပူးပေါင်းတပ်ဖွဲ့အကြား ယနေ့(ဧပြီ ၁၁ရက်) နံနက်က တိုက်ပွဲဖြစ်ပွားခဲ့ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ရှမ်းနီတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်က KIA တပ်ရှိရာသို့ ထိုးစစ်ဆင်လာ၍ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ နန့်မွန်းမြို့အနီးတွင် တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲဖြစ်ပွားချိန် ၄နာရီခန့်ကြာမြင့်ခဲံပြီး စစ်ကောင်စီ ပူးပေါင်းတပ်ဘက်က ထိခိုက်သေဆုံးရှိခဲ့သည်ဟု သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

“SNAနဲ့ စကစ ပူးပေါင်းတပ်ဖွဲ့က ထိုးစစ်ဆင်လာတာ။ ဆနွင်းကုန်း အင်းသာမှာ ရှမ်းနီ SNA ဘက်က စစ်ကြောင်းထိုးလာလို့ တိုက်ပွဲဖြစ်တာ”ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီပူးပေါင်းတပ်ဘက်က ငါးဦးသေဆုံးပြီး လက်နက်ခဲယမ်း ဆက်စပ်ပစ္စည်းများ သိမ်းရဟု ဆိုသည်။

အခြားစစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း နမ့်မွန်းမြို့အနီးတိုက်ပွဲမှာ KIA စခန်းသို့ စစ်ကောင်စီ နှင့် SNAက ထိုးစစ်ဆင်လာ၍ ယနေ့နံနက်တွင် တိုက်ပွဲ ၂ကြိမ်ဖြစ်ခဲ့ကြောင်း လူမှုကွန်ရက်၌ အသိပေးထားသည်။

“ရန်သူ့အလောင်း ၅လောင်း နဲ့ လက်နက် ၃လက် သိမ်းပိုက်ရရှိတယ်”ဟု စစ်ရေး သတင်းရင်းမြစ်က အသိပေးသည်။

KIA နှင့်တော်လှန်ရေးပူးပေါင်းတပ်များသည် ဧပြီ ၇ရက်က စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ကို အပြီးသတ် သိမ်းပိုက်ထားပြီး ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကိုလည်း မြို့သိမ်းတိုက်ပွဲဆက်လက်ဆင်နွှဲလျက်ရှိသည်။

စစ်ကောင်စီ အနေဖြင့်လည်း ယာယီအပစ်ရပ်စဲရေး ကြေညာထားသော်လည်း ဗန်းမော်မြို့ကို လေကြောင်းတိုက်ခိုက်မှုများ နေ့စဉ်နီးပါး ဆက်လက်ပြုလုပ်နေကြောင်း ကချင်သတင်းရင်းမြစ်တစ်ဦးက ပြောထားသည်။

ဆက်စပ်သတင်းများ

Fact-Check

ထိုစာအတုကို Photoshop ဖြင့်ပြုပြင်၍ ​ဖေစ်ဘွခ်တွင် ဖြန့်ချီခဲ့ခြင်းဖြစ်

သတင်း

တအာင်းတပ်မတော်(PSLF/TNLA)နှင့် ဆွေးနွေးပွဲ ပြုလုပ်ရာ ညှိနှိုင်းရာတွင် ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA)မှ ဗိုလ်ချုပ်အဆင့် အရာရှိ ဦးဆောင်ပြီး ညှိနှိုင်းလျက်ရှိသည်ဟု KIO/KIA၏ ဧပြီ ၉ရက်ညပိုင်း သတင်းဖော်ပြချက်အရ သိရသည်။

သတင်း

အပစ်ရပ်ကြေညာမှုကို နှစ်ဖက်စလုံးက ထုတ် ပြန်ထားသော်လည်း စစ်ကောင်စီက တိုက်ခိုက်မှုစတင်ခဲ့၍ အင်းတော်မြို့ကို တန်ပြန်တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဧပြီ ၈ရက်ညပိုင်း သတင်း၌ ဖော်ပြသည်။

သတင်း

စစ်ကောင်စီတပ်တွင် စစ်သားမလုပ်လို၍ စစ်သားစုဆောင်းခံရစဉ်ထွက်ပြေးခဲ့သော်လည်း ပြန်လည်အဖမ်းခံရပြီး တပ်သားသစ်စုဆောင်းခံခဲ့ရသည့် (၃၅)နှစ်အရွယ် တပ်သားမျိုးမင်းထွန်းက ၎င်းဦးစီးသည့် ၁၂ဦးပါ စစ်ကောင်စီတပ်ဖွဲ့အားခေါ်ဆောင်ပြီး ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ထံ အလင်းဝင်ခဲ့ကြောင်း ကာယကံရှင်က ပြောသည်။