close
Connect with us

Hi, what are you looking for?

သတင်း

ငလျင်အပြီး မြန်မာကျောင်းသားတွေကို ငွေကြေးထောက်ပံ့ဖို့ တောင်ကိုရီးယား တက္ကသိုလ်တစ်ခု စီစဉ်

ငလျင်အပြီး မြန်မာ ကျောင်းသူကျောင်းသားတွေကို ငွေကြေး ထောက်ပံ့သွားမယ်လို့ တောင်ကိုရီးယား တက္ကသိုလ် တစ်ခုက ထုတ်ပြန်ခဲ့ပါတယ်။

ငလျင်အပြီး မြန်မာ ကျောင်းသူကျောင်းသားတွေကို ငွေကြေး ထောက်ပံ့သွားမယ်လို့ တောင်ကိုရီးယား တက္ကသိုလ် တစ်ခုက ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာ ကျောင်းသူကျောင်းသား ၆၁၉ ဦးအတွက် တစ်ယောက်ကို ဝမ် ၂ သိန်းစီ၊ တစ်နည်းအားဖြင့် အမေရိကန်ဒေါ်လာ ၁၄၀ ဝန်းကျင်ကို တစ်ကြိမ်တည်း အပြီးအပြတ် ထုတ်ပေးသွားမယ်လို့ ဂါချောင် တက္ကသိုလ်က ဧပြီ ၁၄ ရက်နေ့မှာ အတည်ပြုခဲ့ပါတယ်။ အဲဒီငွေကြေးဟာ ငလျင်ဘေးသင့် နိုင်ငံကနေ ကျောင်းလာတက်နေတဲ့ ကျောင်းသူကျောင်းသားတွေအတွက် အထိုက်အလျောက် အထောက်အကူ ဖြစ်စေဖို့ မျှော်လင့်ကြောင်း တက္ကသိုလ် ဘုတ်အဖွဲ့က ပြောပါတယ်။

တက္ကသိုလ် အနေနဲ့ မြန်မာကျောင်းသားတွေကို ကူညီဖို့ ဝမ် ၁၂၃ သန်း ဘတ်ဂျတ်လျာထားကြောင်းလည်း သိရပါတယ်။ မြန်မာတက္ကသိုလ် ကျောင်းသူကျောင်းသား ၃၆၇ ဦးဟာ ကိုရီးယား ဘာသာ ပညာရေး စင်တာမှာ တက်ရောက်နေပြီး ၂၂၅ ယောက်ကတော့ ဘွဲ့ကြိုသင်တန်းတွေမှာ၊ ၂၇ ဦးကတော့ ဝိဇ္ဇာသိပ္ပံဘွဲ့ သင်တန်းတွေမှာ တက်ရောက်နေတယ်လို့ တက္ကသိုလ်က ထုတ်ပြန်ပါတယ်။

မတ်လ ၂၈ ရက်နေ့တုန်းက မြန်မာနိုင်ငံမှာ လူပေါင်းထောင်နဲ့ချီ သေဆုံးစေခဲ့တဲ့ ဖျက်အားပြင်း ငလျင်ကြီး လှုပ်ခတ်ခဲ့တဲ့နောက် တက္ကသိုလ်က အခုလို စီစဉ်လာတာ ဖြစ်ပါတယ်။ ငွေကြေး အထောက်အပံ့အပြင် ဇာတိနိုင်ငံရဲ့ ငလျင်သတင်းကြောင့် ထိခိုက်သက်ရောက် ခံစားရတဲ့ မြန်မာ ကျောင်းသူကျောင်းသားတွေကို စိတ်ပိုင်းဆိုင်ရာ အကူအညီတွေလည်း ပေးသွားမယ်လို့ တက္ကသိုလ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာ ပြည်သူတွေအတွက်၊ မြန်မာကျောင်းသားတွေအတွက် အထူးစာနာနားလည် ဝမ်းနည်းကြောင်း ပြောကြားလိုတယ်လို့ တက္ကသိုလ် ဥက္ကဋ္ဌ လီဂီလ်ယာက ဆိုပါတယ်။ ခက်ခဲတဲ့ ကာလတွေမှာ ကျောင်းသူကျောင်းသားတွေ ပညာရေးအတွက် ဆက်ပြီး အာရုံစိုက်နိုင်ဖို့ တက္ကသိုလ်ဖက်က အစွမ်းရှိသမျှ ဆက်ပြီး ပံ့ပိုးသွားမယ်လို့လည်း လီက ကတိပြုသွားပါတယ်။

၁၉၈၂ ခုနှစ်တုန်းက ကောလိပ်အဆင့် စတင်ထူထောင်ခဲ့တဲ့ ပုဂ္ဂလိက ပညာရေး ဌာနတစ်ခုဖြစ်တဲ့ ဂါချောင်တက္ကသိုလ်ဟာ အင်ချွန်မြို့နယ်မှာ တည်ရှိပြီး ဝန်ထမ်း ၂၈၀၀ ကျော်ရှိသလို ကျောင်းသူကျောင်းသား ၂၈၀၀၀ ဝန်းကျင် တက်ရောက် ပညာသင်ကြားနေပါတယ်။

ကိုးကား: JoonAng Daily

ဆက်စပ်သတင်းများ

သတင်း

ဧပြီ-၁၃၊၂၀၂၅။ဟာနာဆန်/People’s Spring ကမ္ဘာ့ကပ်​​ရောဂါကိုဗစ်19၊ အာဏာသိမ်းကာလ ၄ နှစ်နဲ့ အာဏာသိမ်းထားတုန်း ငလျင်ပါထပ်လှုပ်တဲ့ ၂၀၂၅ သင်္ကြန်ကာလနဲ့ပါ ထပ်ပေါင်းရင် သင်္ကြန်စစ်စစ် မဖြစ်တာ ၆ နှစ်ရှိခဲ့ပါပြီ။ ဒီနေ့ မန္တလေးသင်္ကြန်အကြိုနေ့မှာတော့ နေအိမ်တချို့မှာ သိကြားမင်းကြိုထားတဲ့ အတာအိုးတချို့တွေ့ရတယ်။ အိမ်ပေါက်စေ့တော့ မကြိုနိုင်ကြတော့ပါဘူး။ ဥပုသ်သီတင်းသီလစောင့်ဖို့ ပြိုလဲအက်ကွဲနေတဲ့...

သတင်း

စစ်ကိုင်းငလျင်ကြီးကြောင့် တန်ခိုးကြီးဘုရားများအပါအဝင် ဘာသာရေးဆိုင်ရာအဆောက်အအုံ တစ်သောင်းနီးပါးပျက်စီးခဲ့ပြီး အဆိုပါပြိုကျမှုကြောင့် ရဟန်းသံဃာအပါအဝင် ၉၀၀ကျော်သေဆုံးကြောင်း စစ်ကောင်စီ၏ သာသနာရေးဝန်ကြီးဌာန၏ စာရင်းအချက်များအရ သိရသည်။

သတင်း

ဖျက်အားပြင်း စစ်ကိုင်းငလျင်ကြီးဒဏ်ကြောင့် ပြိုကျ ပျက်စီးသွားတဲ့ ဧရာဝတီမြစ်ကူး အင်းဝတံတားကို အိန္ဒိယ စစ်အင်ဂျင်နီယာတွေက စစ်ဆေးပေးခဲ့တယ်လို့ ရန်ကုန်မြို့မှာ ရှိတဲ့ အိန္ဒိယသံရုံးက သတင်းထုတ်ပြန်ပါတယ်။

သတင်း

မိတ္ထိလာမြို့အနီး၌ ပြင်းအား ရစ်ချ်တာစကေး ၅ဒသမ၅အဆင့်ရှိ မြေငလျင်တစ်ခု ယနေ့(ဧပြီ ၁၃ရက်) နံနက် ၈နာရီ၅၅မိနစ်က လှုပ်ခတ်သွားပြီး အဆိုပါငလျင်ကြောင့် စစ်ကိုင်းနှင့် မန္တလေးအပြင် ဒေသအများစု အထိတ်တလန့် ဖြစ်ခဲ့ကြသည်။