close
Connect with us

Hi, what are you looking for?

သတင်း

တော်လှန်​ရေးတပ်​တွေသိမ်းပိုက်ထားတဲ့မြို့ ၉၆ မြို့ရှိလာ

ချင်းညီ​နောင် နဲ့ မဟာမိတ် တပ်​​တွေက ချင်းပြည်နယ် ရဲ့ ဒုတိယမြိူ့​တော်ဖြစ်တဲ့ ဖလမ်းမြို့ကို အပြီးသတ်သိမ်းပိုက်ပြီး ဖလမ်းမြို့နယ် ၁ မြို့နယ်လုံး စစ်​ကောင်စီကင်းစင်သွားပြီလို့ ဒီက​နေ့ (ဧပြီ ၉ ရက်)မှာ​ကြေညာလိုက်ပါတယ်။ ဒါ​ကြောင့်နွေဦး​တော်လှန်​ရေးမှာ ​တော်လှန်​ရေးတပ်​တွေ သိမ်းပိုက်ထားတဲ့မြို့​ပေါင်း အနည်းဆုံး ၉၆ မြို့ ရှိလာပြီဖြစ်ပါတယ်။

People's Spring အင်ဖိုဂရပ်

People’s Spring

ချင်းညီ​နောင် နဲ့ မဟာမိတ် တပ်​​တွေက ချင်းပြည်နယ် ရဲ့ ဒုတိယမြိူ့​တော်ဖြစ်တဲ့ ဖလမ်းမြို့ကို အပြီးသတ်သိမ်းပိုက်ပြီး ဖလမ်းမြို့နယ် ၁ မြို့နယ်လုံး စစ်​ကောင်စီကင်းစင်သွားပြီလို့ ဒီက​နေ့ (ဧပြီ ၉ ရက်)မှာ​ကြေညာလိုက်ပါတယ်။ ဒါ​ကြောင့်နွေဦး​တော်လှန်​ရေးမှာ ​တော်လှန်​ရေးတပ်​တွေ သိမ်းပိုက်ထားတဲ့မြို့​ပေါင်း အနည်းဆုံး ၉၆ မြို့ ရှိလာပြီဖြစ်ပါတယ်။

ချင်းညီ​နောင်နဲ့ တော်လှန်​ရေးတပ်​တွေက၂၀၂၄ နိုဝင်ဘာ ၉ ရက်မှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စစ်တပ်ရဲ့ ​နောက်ဆုံးကျန်တဲ့ ခလရ (၂၆၈ )ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ် ။လက်နက်ခဲယမ်း​တွေ အများအပြားရခဲ့ပါတယ်။​တော်လှန်​ရေးတပ်​တွေက ခလရ (၂၆၈ )ကို ဧပြီ ၇ ရက်ကတည်းကသိမ်းပိုက်နိုင်ခဲ့​ပေမယ့် နယ်​မြေရှင်းလင်းလက်စသတ်ပြီး ဧပြီ ၉ ရက်မှာချင်းညီ​နောင်က ​အောင်ပွဲသတင်းကို​ကြေညာခဲ့တာဖြစ်ပါတယ်။

ဒီလပိုင်းအတွင်းမှာ စစ်​ကောင်စီတပ်က မိုးဗြဲမြို့ကို ပြန်သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်​နေပြီး တိုက်ပွဲ​တွေအပြင်းအထန်ဖြစ်​နေပါတယ်။ MNDAA နဲ့မဟာမိတ်တပ်​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကို တရုတ်နိုင်ငံရဲ့ဖိအား​ ပေးမှုနဲ့ MNDAA က စစ်​ကောင်စီကို ဧပြီ တတိယပါတ်မှာမြို့​ပေါ်ရပ်ကွက်​​တွေကိုပြန်လွှဲ​​ပေးရမယ်ဆိုတဲ့ သတင်း​တွေလည်းကျယ်ပြန့်စွာထွက်​ပေါ်​နေပါတယ်။

Public Service Announcement

Public Service Announcement

တဖက်မှာ KIAက ဗန်းမော်မြို့ကိုအပြီးသတ်သိမ်းပိုက်နိုင်ဖို့ စစ်တပ်ရဲ့လက်ကျန်တပ်ရင်း​တွေ၊တပ်ရင်းဌာနချုပ်​တွေ၊စခန်း​တွေထိုးစစ်ဆင်​နေသလို ၊ ကရင်နီပူး​ပေါင်းတပ်ကလည်း ​ဘော်လခဲမြို့ကစစ်တပ်စခန်း​တွေ ၊တပ်ရင်း​တွေကို ထိုးစစ်ဆင်​နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမှတ် (၁)စစ်ဒေသ၏အစီအစဥ်ဖြင့် အင်းတော်မြို့သိမ်းတိုက်ပွဲကို (၈)လကျော်ကြာ ဆင်နွှဲခဲ့ပြီးနောက် ဧပြီ ၇ရက် ညပိုင်းတွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

သတင်း

ချင်းပြည်နယ် ဖလမ်းမြို့၌ နောက်ဆုံးကျန်နေသည့် စစ်ကောင်စီ၏ အမှတ် ၂၆၈ ​ခြေလျင်တပ်ရင်း(ခလရ-၂၆၈)တပ်ရင်းကိုချင်းညီနောင်မဟာမိတ်များက သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်အချိုကဧပြီ ၇ရက်တွင်ပြောသည်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်များက ဗန်းမော်မြို့ကို ၂၀၂၄ ဒီဇင်ဘာ ၄ရက်က စတင်တိုက်ခိုက်ခဲ့ရာမတ်လ ၄ရက်တွင် သုံးလပြည့်ပြီဖြစ်ပြီး တပ်စခန်းများစွာ သိမ်းရခဲ့ဟု KIA သတင်းပြန်ကြားရေးဌာနက အသိပေးသည်။

သတင်း

ချင်းပြည်နယ် ဖလမ်းမြို့သိမ်းစစ်ဆင်ရေးကို ဆက်လက်ဆင်နွှဲနေဆဲဖြစ်ကြောင်း ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတီမီက ပြောသည်။