close
Connect with us

Hi, what are you looking for?

သတင်း

မန္တလေးတွင်​နောက်ဆက်တွဲငလျင်ထပ်လှုပ်၊ ပြည်သူများစိုးရိမ်၍လမ်းပေါ်​ရောက်လာ

မန္တလေးမြို့တွင် ယ‌နေ့ (ဧပြီလ ၉ရက်​နေ့)ညက အင်အားသိသာသည့် ​နောက်ဆက်တွဲ​မြေငလျင်လှုပ်ခတ်သဖြင့် မြို့ခံအချို့သည်စိုးရိမ်ကာ လမ်းပေါ်သို့ ပြန်ထွက်လာကြသည်။

ငလျင်လှုပ်၍ လမ်း​ပေါ်ထွက်လာကြ​သောပြည်သူများနှင့် ည ၁၀ နာရီ ခွဲခန့်တွင်လှုပ်​သောငလျင်တည်​နေရာပြ​မြေပုံ။ ဓါတ်ပုံ-CJ

ဧပြီ-၉၊၂၀၂၅။ ဧရာ/People’s Spring

မန္တလေးမြို့တွင် ယ‌နေ့ (ဧပြီလ ၉ရက်​နေ့)ညက အင်အားသိသာသည့် ​နောက်ဆက်တွဲ​မြေငလျင်လှုပ်ခတ်သဖြင့် မြို့ခံအချို့သည်စိုးရိမ်ကာ လမ်းပေါ်သို့ ပြန်ထွက်လာကြသည်။

မတ်လ ၂၈ ရက်​နေ့က စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်ပြီး ​နောက်ဆက်တွဲ​မြေငလျင်ငယ်များ မကြာခဏလှုပ်ခတ်​နေရာ ဧပြီ ၉ ရက်ည ၁၀ နာရီ၂၉ မိနစ်အချိန်ခန့်တွင် မန္တလေးမြို့အနီး အုန်းချော၌ စ်ချ်တာစကေး ၄.၀ အဆင့်ငလျင် လှုပ်စဉ် မန္တ​လေး၌ သိသိသာသာ လှုပ်သွားခဲ့သည်။

မြေအောက်အနက် ၅ ကီလိုမီတာကိုဗဟိုပြု၍ လှုပ်ခြင်းဖြစ်ပြီး စစ်ကိုင်းငလျင်ကြီး၏ နောက်ဆက်တွဲငလျင်ငယ်များ ဆက်လက် လှုပ်ခတ်နိုင်သည့်အတွက် ငလျင်ဘေးဆောင်ရန်၊ ရှောင်ရန်၊ သတိပြုရန်များနှင့်အညီ နေထိုင်ကြပါရန် အမျိုးသားညီညွတ်ရေးအစိုးရကလည်း ဧပြီ၉ ရက်ည တွင်ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

အ​မေရီကန် ငလျင်တိုင်းတာ​ရေးဌာနက ဧပြီ ၉ ရက်ည ၁၀ နာရီ ၂၉ မိနစ်တွင်လှုပ်ခတ်​သောငလျင်မှာ ​ကျောက်ဆည်မြို့ အ​နောက်​မြောက်ဘက် ၁၄ ကီလိုမီတာကွာ​ဝေး​သော​နေရာတွင်​မြေအနက် ၁၀ ကီလိုမီတာ၌ ဗဟိုပြုပြီး အင်အား ၃ ဒသမ ၅ ဖြင့်လှုပ်ခတ်​ကြောင်းထုတ်ပြန်ထားသည်။ထိုအပြင် ဧပြီ ၉ ရက် ၂ နာရီခွဲခန့်ကလည်း​ရွှေဘိုမြို့ ၏ အ​ရှေ့​မြောက်ဘက် ၃၂ ကီလိုမီတာကို ဗဟိုပြု၍ အင်အား ၄ ဒသမ ၇ အဆင့်ရှိငလျင် နှင့် ည ၉ နာရီ ၁၀ မိနစ်တွင် ​ကျောက်ဆည်မြို့၏ အ​နောက်​တောင်ဘက် ၂၇ ကီလိုမီတာကို ဗဟိုပြု၍ အင်အား ၃ ဒသမ ၆ ရှိ​မြေငလျင်လှုပ်ခတ်ခဲ့​ကြောင်းလည်း USGS ကထုတ်ပြန်ထားသည်။

မန္တလေးမြို့ခံများအနေဖြင့် အထပ်မြင့်တိုက်များတွင် မနေရန်၊ ဘေးလွတ်ရာ၌နေကြန် လူမှုကယ်ဆယ်ရေးအဖွဲ့များက လိုက်လံသတိပေးနေသည်။

ဆက်စပ်သတင်းများ

သတင်း

အိမ်နီးချင်း မြန်မာနိုင်ငံမှာ လှုပ်ခတ်သွားခဲ့တဲ့ အင်အားပြင်း ငလျင်ကြီးရဲ့ နောက်ဆက်တွဲ သက်ရောက်မှုတွေဟာ ထိုင်းနိုင်ငံနဲ့ သက်ဆိုင်တဲ့ ငလျင် ပြတ်ရွေ့ကြောတွေ လှုပ်ရှားမှုကိုပါ မြင့်တက်စေခဲ့ကြောင်း ပညာရှင်တွေက သတိပေးခဲ့ပါတယ်။

ဆောင်းပါး

မြန်မာနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ဖျက်အားပြင်းငလျင်ကြီးအပြီးရက်ပိုင်းအကြာမှာတော့ဂျပန်ဟာ နိုင်ငံတောင်ပိုင်းကမ်းလွန်ပင်လယ်ပြင်အောက် သမုဒ္ဒရာချောက်ပြတ်ရွေ့ကြောကိုဗဟိုပြုလှုပ်ခတ်မယ့် ဧရာမငလျင်ကြီးတစ်ခုရဲ့သက်ရောက် ထိခိုက်မှု ခန့်မှန်း အစီရင်ခံစာ တစ်စောင်ကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအစီရင်ခံစာမှာတော့ မဂ္ဂနီကျု ၈.၀ အဆင့်ထက် ပိုတဲ့ ရေအောက်ငလျင်ကြီးနဲ့ နောက်ဆက်တွဲ ဆူနာမီရေလှိုင်းတွေကြောင့် လူပေါင်း ၃ သိန်းနီးပါးလောက် သေဆုံးနိုင်တယ်လို့ ခန့်မှန်းဖော်ပြထားပါတယ်။

သတင်း

ဧပြီ-၉၊၂၀၂၅။ရှိန်း/People’s Spring မန္တလေးမြို့၊ပုသိမ်ကြီးမြို့နယ်အတွင်းက ကျေးရွာ‌​တွေမှာ စစ်ဘေးရှောင်လာ နေကြတဲ့ပြည်သူတွေဟာ ငလျင်ဒဏ် ကြောင့် နေအိမ်တွေ ပျက်စီးခဲ့ပြီး အကူအညီတွေလိုအပ် နေတယ်လို့ ဒေသခံ တွေက​ပြောပါတယ်။ ပုသိမ်ကြီးမြို့နယ်၊တဲကုန်း၊မဲကင်းကုန်း နဲ့ ကုန်းတန်းကျေးရွာတွေမှာ စစ်ကိုင်းငလျင်​ကြောင့် အနည်းဆုံး စုစုပေါင်းလူဦး ရေ ၅၀ ကျော် သေဆုံးခဲ့ပါတယ်။...

သတင်း

နေပြည်တော် မီးရထားဌာန နှင့် မွေးမြူရေးဌာန ဝန်ထမ်းအိမ်ယာများပြိုကျမှုတွင် သေဆုံးသူရုပ်အလောင်းများကို ယနေ့ (ဧပြီလ ၉ရက်)အထိ ပြန်ဖော်နိုင်ခြင်းမရှိသေးဘဲ ဘေးပတ်ဝန်းကျင်တွင် အပုတ်နံ့များထွက်​နေသည်။