close
Connect with us

Hi, what are you looking for?

သတင်း

အင်းတော်မှထွက်ပြေးသည့် (၇၇)တပ်မမှူးနှင့်အတူ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇၀ခန့်ကို တော်လှန်ရေးတပ်များ ဖမ်းမိ

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်း ထွက်ပြေးသွားသည့် အမှတ်(၇၇) ခြေမြန်တပ်မဌာနချုပ် တပ်မမှူး ဗိုလ်မှူးချုပ်အောင်သက်ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇၀ခန့်ကို ထပ်မံဖမ်းမိထားကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

■အင်းတော်မြို့သိမ်းစစ်ဆင်ရေးမှ စစ်သုံ့ပန်း၂၀၀ ကျော် ဖမ်းမိလား

ဧပြီ ၉၊၂၀၂၅။ဟန်နွေ/People’s Spirng

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်း ထွက်ပြေးသွားသည့် အမှတ်(၇၇) ခြေမြန်တပ်မဌာနချုပ် တပ်မမှူး ဗိုလ်မှူးချုပ်အောင်သက်ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇၀ခန့်ကို ထပ်မံဖမ်းမိထားကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

တပ်မ (၇၇)တပ်မမှူး ဦးစီးကွပ်ကဲသည့် အင်းတော်မြို့ သိမ်းစစ်ဆင်ရေးကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ကာကွယ်ရေးဝန်ကြီးဌာန အမှတ်(၁) စစ်ဒေသအစီအစဉ်ဖြင့် တော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ ၈လခန့်အကြာ ၂၀၂၅ ဧပြီ ၇ရက် ညပိုင်း၌ အပြီးသတ် သိမ်းနိုင်ခဲ့သည်။

Public Service Announcement

Public Service Announcement

အဆိုပါတိုက်ပွဲမှ တပ်မ(၇၇)တပ်မမှူး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်ပြေးသွားရာ ကသာမြို့နယ်အတွင်း၌ တပ်မမှူးပါဝင်သည့် စစ်ကောင်စီတပ်ဖွဲ့တစ်ခုလုံးကို ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။

” ပေါင်းရင်တော့ ၂၀၀ ကျော်ပြီပေါ့။ ၃၀ကျော်အဖွဲ့က ကသာကနေ အင်းတော်ဘက် စစ်ကူသွားတဲ့အဖွဲ့ထင်တယ်။ ၁၇၀က အင်းတော်ကနေ ထွက်ပြေးတဲ့အဖွဲ့”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က အင်းတော်မြို့သိမ်းစစ်ဆင်ရေးနှင့် ဆက်စပ်ပြီး စစ်သုံ့ပန်းများ ဖမ်းဆီးရရှိမှုကို ပြောသည်။

အင်းတော်တိုက်ပွဲမှ ထွက်ပြေးသည့် တပ်မ(၇၇) တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးရရှိမှု သတင်းနှင့် ဓာတ်ပုံမှတ်တမ်းများလည်း ယနေ့(ဧပြီ ၉ရက်)တွင် လူမှုကွန်ရက်၌ ဖော်ပြမှုများ တွေ့ရသည်။

စစ်ကိုင်းတိုင်းအတွင်းရှိ တော်လှန်ရေးအဖွဲ့ ခေါင်းဆောင်တစ်ဦးကလည်း တပ်မမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များဖမ်းမိထားသည်ကို ကြားသိရဟု ပြောသည်။

“ဘယ်လောက်အရေအတွက်နဲ့ ဘယ်လောက်ဆိုတာ ဃဂနဏတော့ မသိဘူး ကသာမှာ ဖြစ်တယ်ဆိုတော့”ဟု အဆိုပါ သတင်းရင်းမြစ်က ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ အင်းတော်မြို့သိမ်းပိုက်နိုင်မှု သတင်းထုတ်ပြန်ချက်တွင် တပ်မ (၇၇)တပ်မမှူး နှင့်အဖွဲ့ထွက်ပြေးသွားကြောင်း အသိပေးထားသည်။

ထို့ပြင် ဟောင်ဝစ်ဇာနှင့် ၁၂၀ မမ လက်နက်ကြီးများ အပါအဝင် လက်နက်ခဲယမ်းများစွာ သိမ်းပိုက်ရရှိထားဟု ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကလည်း အင်းတော်မြို့သိမ်းတိုက်ပွဲ ၌ စစ်သုံ့ပန်းးနှင့် လက်နက်ခဲယမ်းများရရှိထားကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်းပါဝင်ခဲ့ကြသည့် ကျောင်းသားတပ်မတော်(ABSDF) တပ်ဖွဲ့ဝင်များ၏ အောင်ပွဲခံမှတ်တမ်းကို ABSDFက ယနေ့(ဧပြီ ၉ရက်) ထုတ်ပြန်သည်။

သတင်း

ဧပြီ၉၊ ၂၀၂၅။ဧရာ/People’s Spring စစ်ကိုင်းတိုင်း၊ အင်းတော်မြို့သိမ်းတိုက်ပွဲမှထွက်ပြေးသွားသည့် စစ်ကောင်စီ​၏ အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ် တပ်မမှူးနှင့် အဖွဲ့ကို တော်လှန်ရေးတပ်ဖွဲ့များက ကသာမြို့နယ်အတွင်း ပြန်ဖမ်းမိထားသည်။ ” ၇၇တပ်မမှူးနဲ့ သူ့လုံခြုံရေးအဖွဲ့တစ်ဖွဲ့လုံး ဖမ်းမိထားပါပြီ။ တိုက်ပွဲထဲမှာ ဒဏ်ရာတွေနဲ့ မိထားတာပါ”ဟု ကသာမြို့မှ သတင်းရင်းမြစ်တစ်ဦးကပြောသည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊အမှတ် (၁)...

သတင်း

အမှတ် (၁)စစ်ဒေသ၏အစီအစဥ်ဖြင့် အင်းတော်မြို့သိမ်းတိုက်ပွဲကို (၈)လကျော်ကြာ ဆင်နွှဲခဲ့ပြီးနောက် ဧပြီ ၇ရက် ညပိုင်းတွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယာယီအပစ်ရပ်ကြေညာချက်ကြောင့် ထိုးစစ်ရပ်ထားသည့် အင်းတော်မြို့တွင် စစ်ကောင်စီက မြေပြင်စစ်ကြောင်းထွက်လာပြီး လေကြောင်းမှပါပစ်ခတ်လာ၍ တိုက်ပွဲပြင်းထန်နေသည်။