■ စကခ(၂၁)အား အပြင်းအထန်ဆက်လက် တိုက်ခိုက်နေ
ဟန်နွေ/People’s Spring
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်များက ဗန်းမော်မြို့ကို ၂၀၂၄ ဒီဇင်ဘာ ၄ရက်က စတင်တိုက်ခိုက်ခဲ့ရာမတ်လ ၄ရက်တွင် သုံးလပြည့်ပြီဖြစ်ပြီး တပ်စခန်းများစွာ သိမ်းရခဲ့ဟု KIA သတင်းပြန်ကြားရေးဌာနက အသိပေးသည်။
ဗန်းမော်မြို့နယ်ရှိ စစ်ကောင်စီ၏ အရေးပါသည့်တပ်စခန်း များစွာကို တိုက်ခိုက်သိမ်းယူထားနိုင်ခဲ့ပြီး အခုအချိန်တွင် KIA ပူးပေါင်းတပ်များသည် အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်

Public Service Announcement
(စကခ-၂၁) အပါအဝင် ဗန်းမော်မြို့ကို အပြီးအစီး သိမ်းပိုက်နိုင်ရေး အပြင်းအထန် တိုက်နေကြောင်း ဖော်ပြထားသည်။တိုက်ခိုက်သိမ်းပိုက်ရရှိထားသည့် တပ်စခန်းအရေအတွက်နှင့် အသေးစိတ် အခြေအနေများကို ဖော်ပြထားခြင်းမရှိပေ။
မတ်လ ၄ရက်ထိ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လက်နက်ကြီး ၊ လေကြောင်း၊ ဒရုန်း တိုက်ခိုက်မှုများ အဆက်မပြတ် ခုခံတိုက်ခိုက်နေသည့်အပြင် တိုက်ပွဲဖြစ်ပွားသည့်နေရာများသာ မက တိုက်ပွဲဖြစ်ပွားမှု မရှိသည့်ကျေးရွာများကို လေကြောင်း တိုက်ခိုက်နေ၍ ပြည်သူနေအိမ်အဆောက်အဦးများစွာ ထိခိုက်ပျက်စီးနေသည်ဟု အသိပေးသည်။
KIA နှင့် ပူးပေါင်းတပ်များသည် စကခ (၂၁)၏ အဓိက ကာကင်းတပ်ရင်းဖြစ်သော ခလရ(၂၃၆) ၊ အမတ(၃၆၆) ၊အမှတ်(၇၀၀၆) သံချပ်ကာ တပ်ရင်းကို ၊အမှတ်(၅၀၁၄) တင့်ကား တပ်ရင်း
၊ဗန်းမော်လေယာဥ်ကွင်း ၊အမှတ်(၂) လျှပ်စစ်နှင့် စက်မှု အင်ဂျင်နီယာတပ်နှင့် မြို့တွင်းရှိ စစ်တပ်စခန်းများစွာ ကိုသိမ်းပိုက်ထားပြီးဖြစ်သည်။သို့သော် ဗန်းမော်မြို့တွင် စစ်တပ်၏ အဓိက တပ်ရင်းဌာနချုပ်ဖြစ်သော စကခ (၂၁ ) ၊ ခလရ (၄၇) နှင့်အခြားတပ်ရင်း နှင့် ကာကင်းစခန်းများ ကျန်ရှိနေသေးသည်။
ဖေဖော်ဝါရီလ နောက်ဆုံးပါတ်တွင်ခလရ(၂၃၆)
စခန်းသိမ်းတိုက်ပွဲ၌ စစ်သုံ့ပမ်း ၇၀ ခန့် လက်နက်
ချခဲ့ပြီး လက်နက်ခဲယမ်းများ၊ ဒရုန်းများသိမ်းရခဲ့သည်ဟု ကချင်သတင်းရင်းမြစ်က အသိပေးသည်။
ဖေဖော်ဝါရီ ၁၀ရက်တွင် စကခ(၂၁) တိုက်ပွဲ၌ အနီးကပ် တိုက်ပွဲဖြစ်ပွားခဲ့ရာ KIA ပူးပေါင်းတပ်ဘက်က ၁၀ဦးခန့် ကျဆုံးသကဲ့သို့ စစ်ကောင်စီ စစ်ကြောင်းကို တန်ပြန်တိုက်ခိုက်ရာတွင်လည်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၆၈ ဦးသေဆုံးကာ ၄၇ ဦးကို အရှင်ဖမ်းမိခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်များကပြောသည်။
စစ်ကောင်စီအနေဖြင့် စကခ(၂၁) မှ တပ်အင်
အားစုဖွဲ့ပြီး တန်ပြန်ထိုးစစ်ဆင်လာသည့် အခြေ
အနေတွင်တိုက်ပွဲများ ဖြစ်ပွားသကဲ့သို့ အခြား လက်လွှတ်ဆုံးရှုံးခဲ့ရသည့် တပ်ရင်းများမှ စကခ(၂၁) သို့ လာရောက်ပူးပေါင်းစဉ်၌လည်း တိုက်ပွဲရှိခဲ့သည်ဟု သတင်းရင်းမြစ်အချို့က ပြောသည်။
ထို့ပြင် KIAသည် အမှတ်(၇၀၀၆) သံချပ်ကာ တပ်ရင်းကို သိမ်းပိုက်နိုင်ခဲ့ရာ စစ်ကောင်စီတပ်၏ တင့်ကား၊ သံချပ်ကာယာဉ် ၇စီး သိမ်းပိုက်ရရှိခဲ့ကြောင်း အသိပေးထားသည်။
KIAဘက်က တရားဝင်ထုတ်ပြန်မှု၌ ဖော်ပြခဲ့ခြင်းမရှိသော်လည်း စစ်ကောင်စီ၏ အမှတ်(၅၀၁၄) တင့်ကား တပ်ရင်းကိုလည်း KIA ပူးပေါင်းတပ်က ဖေဖော်ဝါရီ ဒုတိယ ပတ်တွင် သိမ်းပိုက်နိုင်ခဲ့ပြီး တင့်ကား တပ်ရင်းအတွင်း ပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်နိုင်မှု မှတ်တမ်းရုပ်သံအချို့လည်း ထွက်ပေါ်ခဲ့သည်။
ဖေဖော်ဝါရီ ၂ရက်တွင် မြောက်တပ်ရင်း(၃၆၆)ကို အပြီး သတ်သိမ်းပိုက်နိုင်သကဲ့သို့ အမှတ်(၂) လျှပ်စစ်နှင့် စက်မှု အင်ဂျင်နီယာတပ်ကိုလည်း သိမ်းနိုင်ခဲ့သည်ဟု ဆိုသည်။ဖေဖော်ဝါရီ ၁ရက် ဗန်းမော်မြို့ နမ့်ဖားရက်ကွက်တိုက်ပွဲ၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ကျော်လက်နက်ချခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က အသိပေးခဲ့သည်။
ဇန်နဝါရီ ၂၇ရက် တိုက်ပွဲတွင် ဗန်းမော်လေယာဉ်
ကွင်း အနီးဝန်းကျင်ရှိစ်စကောင်စီ တပ်စွဲရာ ၅
နေရာအပါအဝင် စစ်ကေငာ်စီတပ်စွဲရာနေရာ ၇ခုထက်မနည်း၊ လေယာဉ်ကွင်းအ၃နီး စရဖရုံး တို့အား သိမ်းပိုက်နိုင်ခဲ့ကြောင်း သတင်းရင်းမြစ်က အသိပေးထားသည်။
ဖေဖော်ဝါရီ ၂၅ရက်တွင် အမှတ်(၇၀၀၆ ) သံချပ်ကာ တပ်ရင်းကို အပြီးသတ် သိမ်းနိုင်ခဲ့ရာ သံချပ်ကာ ၇စီးကို KIA ပူးပေါင်းတပ်က ရရှိခဲ့သည်။ ဇန်နဝါရီ ၂၄ရက်တိုက်ပွဲ၌ ၄စီး သိမ်းနိုင်ခဲ့ပြီး ၂၅ရက်နေ့တွင် ၃စီးထပ်မံသိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် စစ်သုံးယာဉ်အချို့လည်း သိမ်းရခဲ့ဟု သတင်းရင်းမြစ်က ပြောပြသည်။ ဗန်းမော်တိုက်ပွဲအစ ဒီဇင်ဘာလဆန်းကလည်း စစ်ကောင်စီ၏ သံချပ်ကာယာဉ် ၁စီးကို တိုက်ခိုက်ဖျက်ဆီးသိမ်းပိုက်နိုင်ခဲ့ဟုလည်း သတင်းရင်းမြစ်အချို့က ပြောပြထားသည်။
အဆိုပါ တပ်ရင်းဌာနချုပ် မသိမ်းပိုက်မီကလည်း ဗန်းမော် မြို့နှင့်အနီးတ၀ိုက်တပ်စွဲထားသည့် စစ်ကောင်စီတပ်စွဲရာနေရာများ ကာကင်းစခန်းများကိုလည်း KIAက သိမ်းပိုက်ထားနိုင်ခဲ့သည်။
KIAသည် ဗန်းမော်နှင့်အတူ တပြိုင်တည်း ထိုးစစ်ဆင်ခဲ့သည့် မံစီမြို့ရှိ စစ်ကောင်စီ တပ်စခန်းအားလုံးကို တိုက်ပွဲ တစ်လကျော်အကြာ ဇန်နဝါရီ ၈ရက်တွင် အပြီးသိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။ ဗန်းမော်တိုက်ပွဲတွင် စစ်ကောင်စီက ၎င်းတို့ မကျရှုံးရေး လေကြောင်း ပစ်ကူအများအပြားသုံးတိုက်ခိုက်ခြင်းများ ပြုလုပ်ခုခံခဲ့ခြင်းဖြစ်သည်။
“စကစက ဒရုန်းပိုသုံးလာတယ်” ဟု ကချင်သတင်းရင်းမြစ်က ပြောပြပြီး ရန်သူ့ဘက်က လေကြောင်း တိုက်ခိုက်မှုများလည်း ဆက်တိုက်ပြုလုပ်နေသည်ဟု မတ်လဆန်းအထိ ဗန်းမော်တိုက်ပွဲ အခြေအနေကို ပြောပြသည်။
ဗန်းမော်မြို့သိမ်းတိုက်ပွဲ သုံးလကြာ အခြေနေနှင့်ပတ်သက်၍ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံသို့ ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။ သို့သော် သိမ်းပိုက်ရန် ထိုးစစ်ဆင်တိုက်ခိုက်ခြင်းဖြစ်၍ KIA အနေဖြင့် မရရအောင် တိုက်ခိုက်မည်ဟု KIA သတင်းရင်းမြစ်အချို့က ပြောပြထားသည်။
ဗန်းမော်တိုက်ပွဲသည် KIA က ၂၀၂၄ခုနှစ် မတ်လ ၇ ရက်တွင် စစ်ရှိန်မြှင့်သည့် စစ်အာဏာရှင်အမြစ်ဖြတ် စစ်ဆင်ရေးအတွင်း တိုက်ပွဲကာလအကြာဆုံးဖြစ်ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုများလည်း များပြားခဲ့ကြောင်း ကချင်သတင်းရင်းမြစ်တစ်ဦးက ပြောပြသည်။
