ဧပြီ-၂၊၂၀၂၅။ဆဏ်း/People’s Spring
အနုပညာနဲ့ပတ်သက်ရင် ရိုးသားသူလို့ အသိအမှတ်ပြုခံထားရတဲ့ အဆိုတော် ဂျေညီညီရဲ့ နာရေးကို ဒီကနေ့ ဧပြီ ၂ ရက်နေ့လည်က ရေဝေးသုဿန်မှာ ပြုလုပ်ခဲ့ပါတယ်။
ဂျေညီညီဟာ မတ် ၃၁ရက် နံနက်မှာ ကွယ်လွန်ခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၇၂ နှစ်ရှိပါပြီ။ သူ့မှာ ဇနီးနဲ့ သားတစ်ယောက်ကျန်ရစ်ခဲ့ပါတယ်။
သူရဲ့နာရေးကို အနုပညာလောက နာမည်ကြီး ဂီတတီးဝိုင်းအဖွဲ့သားတွေအပါအဝင် ဂီတမိတ်ဆွေအများအပြား လာရောက်နှုတ်ဆက်ခဲ့ပါတယ်။

Public Service Announcement
ဂျေညီညီက စွဲနေပြီ ၊ အလွမ်းကဖီး ၊ ဒီမိုး ၊ လူပျိုကြီးပဲလုပ်တော့မယ် ၊ ပလက်ဖောင်းရှိုး စတဲ့ သီချင်းတွေနဲ့ ပရိသတ်အားပေးမှုရရှိတဲ့ သီချင်းများစွာကို သီဆိုခဲ့သူပါ။
ဂျေညီညီဟာ အနုပညာရှင်တစ်ဦးဖြစ်ပေမယ့် ပြည်သူတွေနဲ့ တသားတည်းနေတတ်သူဖြစ်ပြီး ဘဝကိုရိုးရှင်းစွာနေထိုင်သူလို့ အသိအမှတ်ပြုခံထားရသူပါ။













