close
Connect with us

Hi, what are you looking for?

သတင်း

ကြိုတင်အသိမပေး၍ တရုတ်နိုင်ငံကြက်ခြေနီယာဉ်တန်းအား ပစ်ခတ်ခဲ့ဟု စစ်ကောင်စီဆို

ငလျင်ဘေးသင့်ပြည်သူများအတွက် ကူညီရန် ထောက်ပံ့ရေးပစ္စည်းများတင်ဆောင်လာသော တရုတ်ကြက်ခြေနီယာဉ်တန်းသည် ကြိုတင်အသိမပေးသောကြောင့်သေနတ်မိုးပေါ်ထောင်၍ ပစ်ခတ်ခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်လာသည်။

တရုတ်ကြက်​ခြေနီအသင်းက ​ထောက်ပံ့​ရေးပစ္စည်းများသယ်​ဆောင်လာပြီး ​နောင်ချိုမြို့နယ်တွင်စစ်တပ်က ပစ်ခတ်ခံခဲ့ရ​သောယာဥ်တန်း၏ကားတစ်စီးမှယာဥ်​မောင်းနှင့်ယာဥ်အကူ။ ဓါတ်ပုံ-TNLA

ဧပြီ-၂၊၂၀၂၅။ခွာညို/People’s Spring

ငလျင်ဘေးသင့်ပြည်သူများအတွက် ကူညီရန် ထောက်ပံ့ရေးပစ္စည်းများတင်ဆောင်လာသော တရုတ်ကြက်ခြေနီယာဉ်တန်းသည် ကြိုတင်အသိမပေးသောကြောင့်သေနတ်မိုးပေါ်ထောင်၍ ပစ်ခတ်ခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်လာသည်။

စစ်ကောင်စီသတင်းထုတ်ပြန်ရေးခေါင်းဆောင် ‌ဗိုလ်ချုပ်ဇော်မင်းထွန်းက ဧပြီ ၂ ရက်တွင်ထုတ်ပြန်ခြင်းဖြစ်သည်။

ဧပြီလ ၁ ၇က်နေ့ ညနေ၉နာရီ၂၁နာရီအချိန်တွင်တရုတ်နိုင်ငံကြက်ခြေနီအသင်းမှမြန်မာနိုင်ငံ ငလျင်ဘေးသင့်ပြည်သူများအတွက်ထောက်ပံ့ရေးပစ္စည်းများ သယ်ဆောင်လာသည့်ယာဉ်တန်း(၉)စီးသည် မန္တလေးမြို့သို့ သွားစဥ်နောင်ချိုမြို့နယ် အုမ္မတီးကျေးရွာတွင် စစ်ကောင်စီတပ်က ပစ်ခတ်ခြင်းဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်( TNLA)က ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

၎င်းယာဉ်တန်းသည် မန္တလေးမြို့သို့ခရီးဆက်သွားမည့်အကြောင်းကို စစ်ကောင်စီထံ သတင်းပေးပို့ခဲ့ပြီးဖြစ်သော်လည်း ပစ်ခတ်ခံခဲ့ရပြီး နောင်ချိုမြို့သို့ ပြည်လှည့်ခဲ့ရသည်ဟု TNLA က ထုတ်ပြန်အသိပေးထားသည်။

စစ်ကောင်စီကမူ မြန်မာနိုင်ငံကိုရော သက်ဆိုင်ရာစစ်သံရုံးကိုပါအကြောင်းကြားကြောင်းမရှိကြောင်းငြင်းဆိုပြီး အဆိုပါကားများကိုပါ စုံစမ်းစစ်ဆေးမည်ဟုခြိမ်းခြောက်ထားသည်။ နိုင်ငံတကာမှအကူအညီ များကို စစ်သံရုံးများမှ တဆင့်အ​ကြောင်းကြား​​မှသာလက်ခံ​နေပြီး နိုင်ငံ ၁၅ နိုင်ငံမှ လူ ၁၅၀၀ ​ကျော်၊ ကယ်ဆယ်​ရေး လူနှင့် ပစ္စည်းတင်​လေယာဥ် အစီး ၅၀ ​ကျော်ဆိုက်ကပ်ထားသည်ဟုလည်း ​ဇော်မင်းထွန်းက​ပြောသည်။

အဆိုပါပစ်ခတ်မှုတွင် ထိခိုက်သူမရှိခဲ့ပေ။TNLA ကယာဉ်တန်းအား ကာကွယ်စောင့်ရှောက်ပေးထားသည်။

ယခုကဲ့သို့ကယ်ဆယ်ရေးကြက် ခြေနီယာဉ်တန်းအား‌ ခြောက်လှန့်ပစ်ခတ်ခြင်းသည် နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့များကိုပါ လုံခြုံရေးအရခြိမ်းခြောက်ခြင်းဟု လားရှိုးမြို့ခံတဦးကသုံးသပ်သည်။

စစ်ကောင်စီသည် နိုင်ငံတကာသတင်းမီဒီယာများကိုလည်း လုံခြုံရေးအကြောင်းပြ၍ ပြည်တွင်းသို့ဝင်ခွင့်မပေးဘဲ တားမြစ်ထားသည်။သတင်းရယူခွင့်ကို ကန့်သတ်ပြီး လွတ်လပ်​သောမီဒီယာများမှ သတင်း​ဖော်ပြမှုများကိုဇော်မင်းထွန်းက ယုံကြည်ကြရန်​ပြောပြီးပြည်သူများကို သတင်းအ​မှောင်ချရန် ကြိုးစား​နေသည်။

ဆက်စပ်သတင်းများ

သတင်း

ဖျက်အားပြင်း​မြေငလျင်ဒဏ်ဆိုးဝါးစွာရွာခံခဲ့ရတဲ့​ မန္တလေးမြို့မှာ ငလျင်သင့်ပြည်သူ​တွေကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတဲ့ CDM ဆရာဝန်တစ်ဦးကို People's Spring ကဧပြီ ၂ ရက်​နေ့မှာ ဆက်သွယ်​မေးမြန်းထားပါတယ်။

သတင်း

ငလျင်လှုပ်ခတ်မှုကြာင့် ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်ရှိ ရဲနွယ်ဆည်သို့ သစ်ခုတ်ဝါးခုတ်နှင့် ငါးရှာထွက်လာသည့် အမျိုးသားရှစ်ဦး သေဆုံးသွားရာ ရုပ်အလောင်းတစ်လောင်းသာ ပြန်လည်ရရှိခဲ့ကြောင်း ပဲခူးရိုးမအခြေစိုက် BPDF-Yoma တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နှင့် မင်းတပ်မြို့ကို စစ်ကောင်စီက ယနေ့(ဧပြီ ၂ရက်)တွင် လေကြောင်း ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ပြောသည်။

သတင်း

ထိုင်းနိုင်ငံမှာ ကျင်းပမယ့် ဘင်္ဂလားပင်လယ်အော် ကဏ္ဍစုံ နည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (BIMSTEC) ထိပ်သီး ညီလာခံကို အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လူကိုယ်တိုင် တက်ရောက်ဖို့ ထိုင်းအစိုးရ အနေနဲ့ ခွင့်မပြုသင့်ကြောင်း သာမာဆတ် တက္ကသိုလ် လက်ထောက် ပါမောက္ခ တစ်ဦးက ထောက်ပြခဲ့ပါတယ်။