close
Connect with us

Hi, what are you looking for?

သတင်း

အကြမ်းဖက်စစ်ကောင်စီကို နိုင်ငံတကာက လက်တွေ့အရေးယူဆောင်ရွက်သင့်ကြောင်း NUCC တိုက်တွန်း

သဘာဝဘေးဒဏ်သင့်ကာလအတွင်းတွင်ပါမရှောင် အကြမ်းဖက်မှုများ ကျူးလွန်လျက်ရှိသော အကြမ်းဖက်စစ်ကောင်စီကို နိုင်ငံတကာက လက်တွေ့အရေးယူဆောင်ရွက်သင့်ကြောင်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က တိုက်တွန်းထုတ်ပြန်သည်။

မန္တလေးမြို့တွင် ငလျင်ကြောင့် ပြိုကျပျက်စီးအဆောက်အဦးနှင့် ကူညီကယ်ဆယ်ရေးလုပ်နေသူအချို့။ ဓာတ်ပုံ - Xinhua News Agency

▪️ပြည်သူ့ကျိန်စာကို အကြမ်းဖက်စစ်အုပ်စု မကြာခင်တန်ပြန်ခံရမည်ဟု NUCC ကောင်စီဝင်ပြော

ဧပြီ ၂၊ ၂၀၂၅။ အီယိုရီ/People’s Spring

သဘာဝဘေးဒဏ်သင့်ကာလအတွင်းတွင်ပါမရှောင် အကြမ်းဖက်မှုများ ကျူးလွန်လျက်ရှိသော အကြမ်းဖက်စစ်ကောင်စီကို နိုင်ငံတကာက လက်တွေ့အရေးယူဆောင်ရွက်သင့်ကြောင်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က တိုက်တွန်းထုတ်ပြန်သည်။

မန္တလေးမြို့တွင် ငလျင်ကြောင့် ပြိုကျပျက်စီးအဆောက်အဦးနှင့် ကူညီကယ်ဆယ်ရေးလုပ်နေသူအချို့။ ဓာတ်ပုံ – Xinhua News Agency

အင်အားပြင်းငလျင်ကြီးလှုပ်ခတ်ပြီးနောက် ပြည်သူလူထု ဒုက္ခတွေ့ကြုံနေရသော အခြေအနေတွင် တော်လှန်ရေးအင်အားစုများက ထိုးစစ်ရပ်ကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို တတ်အားသရွေ့ ဆောင်ရွက်နေသော်လည်း အကြမ်းဖက်စစ်ကောင်စီကမူ ငလျင်ဘေးသင့်ဒေသများအပါအဝင် နိုင်ငံအဝှမ်းမှ အရပ်သားပြည်သူများနေထိုင်သည့် ရပ်ရွာများ၊ နေရာများကို လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ ထိုးစစ်ဆင် မီးရှို့သတ်ဖြတ်ခြင်းများကို ကျင့်ဝတ်မဲ့ဆောင်ရွက်လျက်ရှိကြောင်း NUCC က ယနေ့ ထုတ်ပြန်ဖော်ပြသည်။

Public Service Announcement

Public Service Announcement

“အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်းပဲ ထိုးစစ်တွေ ယာယီရပ်ဆိုင်းကြောင်း ကြေညာခဲ့တယ်။ ပြီးတဲ့အခါ တိုင်းရင်းသားမဟာမိတ်အဖွဲ့အစည်းတွေကလည်း အခုဆိုရင် ထိုးစစ်တွေကို ယာယီရပ်ဆိုင်းတယ်ဆိုပြီး ထပ်မံကြေညာလာတာရှိတယ်။ ဒါဟာ ဘာလဲဆိုတော့ ကျွန်တော်တို့အတွက် ပြည်သူက တကယ် အဓိကဖြစ်တယ်။ အဲဒီတော့ ပြည်သူရဲ့ အသက်ထက် ဘာမှပိုအရေးမကြီးဘူးဆိုတာ ကျွန်တော်တို့ဘက်က ထင်ထင်ရှားရှားဖော်ပြခဲ့တာဖြစ်တယ်။ အဲဒီတော့ ပြည်သူကို ကျွန်တော်တို့ဘက်က ဒီအချိန်မှာ တတ်နိုင်တဲ့ဘက်က အတတ်နိုင်ဆုံး ကူညီမယ်၊ စောင့်ရှောက်မယ်၊ ဝန်းရံမယ်၊​ ကယ်ဆယ်မယ် ဒီလိုမျိုးစိတ်ဓာတ်နဲ့ လုပ်ဆောင်တာဖြစ်တယ်။ ဒါပေမဲ့ တဖက်က အကြမ်းဖက်စစ်အုပ်စုကကျတော့ ငလျင်ကြောင့် သန်းပေါင်းများစွာ ဒုက္ခရောက်နေတာကို အလေးမထား၊ အရေးမစိုက်ဘဲနဲ့ နေရာအနှံ့အပြားမှာ လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးပစ်ခတ်မှုတွေကို ဆက်လက်ပြီးတော့ တောက်လျှောက်ကျူးလွန်နေတာကို ထင်ထင်ရှားရှားတွေ့နေရတယ်” ဟု NUCC ကောင်စီဝင် ဦးတိုးကျော်လှိုင်က ပြောသည်။

မတ်လ ၂၈ရက်မှ ဧပြီ ၁ရက်အထိ လေးရက်တာ ကာလအတွင်း စစ်ကောင်စီက ငလျင်ဘေးပြင်းထန်စွာခံထားရသော စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်၊ မန္တလေးတိုင်း စဉ့်ကူးမြို့နယ် အပါအဝင် နေရာပေါင်း (၁၁)နေရာကို လေကြောင်းတိုက်ခိုက်မှု (၃၂)ကြိမ်အထိ တိုက်ခိုက်ခဲ့ပြီး ယင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ (၅၀)ဦးထက်မနည်း သေဆုံးပြီး (၄၉)ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲဲ့ကြောင်း NUCC က စာရင်းပြုစုဖော်ပြသည်။

ထိုသို့ ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားနေရသော ပြည်သူလူထုအပါအဝင် အရပ်သား ပြည်သူများကို ဦးတည်၍ အကြမ်းဖက်မှုများ ကျူးလွန်နေခြင်းသည် မည်သည့်နည်းနှင့်မျှ လက်ခံနိုင်စရာအကြောင်းမရှိကြောင်းနှင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီက ပြင်းပြင်းထန်ထန် ရှုတ်ချသည်။

ထို့အပြင် NUCC ကောင်စီဝင် ဦးတိုးကျော်လှိုင်က “အခုအချိန်မှာ မြန်မာနိုင်ငံပြည်သူတွေ အားလုံးအတွက်ကို နိုင်ငံရေးအင်အားစုတွေ၊ တော်လှန်ရေးအင်အားစုတွေက အကောင်းဆုံး ဝိုင်းဝန်းပြီးတော့ ကြိုးပမ်းပြီးတော့ ကူညီကယ်ဆယ်ဖို့ လုပ်နေကြတဲ့အချိန်မှာ ဒီလိုတဖက်သတ် ပြည်သူအပေါ်မှာ ပစ်မှတ်ထားပြီး ပစ်ခတ်တိုက်ခိုက်မှုတွေ ကျူးလွန်နေတာက ဘယ်လိုမှ လက်ခံနိုင်စရာ မရှိဘူး။ ပြည်သူကလည်း လက်ခံမှာ မဟုတ်ဘူး။​ အဲဒီအတွက်ကြောင့် အကြမ်းဖက်စစ်အုပ်စုဟာ ပြည်သူရဲ့ကျိန်စာကို မကြာခင်တန်ပြန်ခံရလိမ့်မယ်လို့ ပြောချင်ပါတယ်” ဟု ပြောသည်။

နိုင်ငံတကာအနေဖြင့် အကြမ်းဖက်စစ်ကောင်စီကို နှုတ်အားဖြင့် ကန့်ကွက်တားဆီးရုံမျှမက လက်တွေ့အားဖြင့်လည်း အရေးယူဆောင်ရွက်သင့်နေပြီဖြစ်ပြီး အထူးသဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ ခြွင်းချက်မရှိ အမြန်ဆုံးရပ်တန့်နိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးကြရန် NUCC က အလေးအနက် တိုက်တွန်းကြောင်း ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ဖျက်အားပြင်း​မြေငလျင်ဒဏ်ဆိုးဝါးစွာရွာခံခဲ့ရတဲ့​ မန္တလေးမြို့မှာ ငလျင်သင့်ပြည်သူ​တွေကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတဲ့ CDM ဆရာဝန်တစ်ဦးကို People's Spring ကဧပြီ ၂ ရက်​နေ့မှာ ဆက်သွယ်​မေးမြန်းထားပါတယ်။

သတင်း

ငလျင်လှုပ်ခတ်မှုကြာင့် ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်ရှိ ရဲနွယ်ဆည်သို့ သစ်ခုတ်ဝါးခုတ်နှင့် ငါးရှာထွက်လာသည့် အမျိုးသားရှစ်ဦး သေဆုံးသွားရာ ရုပ်အလောင်းတစ်လောင်းသာ ပြန်လည်ရရှိခဲ့ကြောင်း ပဲခူးရိုးမအခြေစိုက် BPDF-Yoma တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နှင့် မင်းတပ်မြို့ကို စစ်ကောင်စီက ယနေ့(ဧပြီ ၂ရက်)တွင် လေကြောင်း ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ပြောသည်။

သတင်း

ထိုင်းနိုင်ငံမှာ ကျင်းပမယ့် ဘင်္ဂလားပင်လယ်အော် ကဏ္ဍစုံ နည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (BIMSTEC) ထိပ်သီး ညီလာခံကို အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လူကိုယ်တိုင် တက်ရောက်ဖို့ ထိုင်းအစိုးရ အနေနဲ့ ခွင့်မပြုသင့်ကြောင်း သာမာဆတ် တက္ကသိုလ် လက်ထောက် ပါမောက္ခ တစ်ဦးက ထောက်ပြခဲ့ပါတယ်။