ဧပြီ ၁၊၂၀၂၅။ဇော်ရမ်း/People’s Spring
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံမြို့ဈေးအနီး ယနေ့ (ဧပြီ ၁ရက်)နံနက်အစောပိုင်းက နေအိမ် မီးလောင်မှုဖြစ်ခဲ့ပြီး လူ ၃ဦးသေဆုံးခဲ့ကြောင်း အဆိုပါမြို့ခံများက ပြောသည်။
ပင်လုံမြို့၊ ရပ်ကွက် (၁)ပညာတံခွန်လမ်းရှိ သင်္ဃန်းဆိုင် မီးလောင်ခြင်းဖြစ်ပြီး အမျိုးသမီး ၂ဦး၊ အမျိုးသား တစ်ဦး သေဆုံးသွားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
နံနက်အစော ၁နာရီ ၄၇မိနစ်က စတင်လောင်ကျွမ်းပြီး ၂နာရီကျော်ကြာ မီးငြှိမ်းသတ်ခဲ့ရသည်ဟု မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

Public Service Announcement
မီးစတင်လောင် ကျွမ်းရသည့်အကြောင်းအရင်းကို မသိရသေးပေ။
