သုည/People’s Spring
ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ (၉)ရပ်ကွက်ရှိ လှိုင်ရတနာအိမ်ရာတွင် ယနေ့ (မတ်လ ၃) ညပိုင်း၌ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံပြည်သူများက ပြောသည်။
ယနေ့ ည ၇ နာရီခွဲဝန်းကျင်တွင် လှိုင်ရတနာအိမ်ရာရှိ ၆ လွှာ တိုက်ခန်း၌ ဂက်စ်မီးဖိုမှတဆင့် ပေါက်ကာ မီးလောင်ခဲ့ခြင်း ဖြစ်ကြောင်း လှိုင်မြို့နယ်တွင် နေထိုင်သူပြည်သူတစ်ဦးက ပြောသည်။
“၆ လွှာအခန်း ဂက်စ်မီးဖိုပေါက်တာကနေ လောင်တာပါ။ အခန်းတစ်ခုလုံးနီးပါးတော့ လောင်သွားတယ်။ ၇ ခွဲလောက်က စလောင်တာ ၈ နာရီလောက်တော့ မီးငြိမ်းသွားပါတယ်။ အခြားအခန်းတွေကိုလည်း မီးမကူးအောင်လို့ ထိန်းလိုက်နိုင်ပါတယ်” ဟု ၎င်းက ပြောသည်။

Public Service Announcement
ည ၇ နာရီ ၃၂ မိနစ်တွင် လှိုင်မြို့နယ်၊ (၉)ရပ်ကွက်၊ လှိုင်ရတနာအိမ်ရာတွင် မီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် လှိုင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၇နာရီ ၄၉ မိနစ်၌ မီးငြိမ်းခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ရုပ်သံ – CJ
