မွန်ပြည်နယ်၊ရေးမြို့အခြေစိုက် အမှတ်(၃၄၃)ခြေမြန်တပ်ရင်း (ခမရ ၃၄၃) ၏ ကာကင်းစခန်းတစ်ခုကို သိမ်းပိုက်ဖျက်ဆီးခဲ့ကြောင်းရေးဘီးလူးခေါင်းဆောင်က လူထုနွေဦးသို့ပြောသည်။
ခမရ ၃၄၃ တပ်ရင်းနှင့် မီတာ ၂၀၀ ခန့်အကွာရှိ ကာကင်းစခန်းသည် အာယုတောင်ရွာတွင်ရှိကာ ဖေဖော်ဝါရီ ၂၅ ရက်က ဝင်ရောက်တိုက်ခိုက်စဥ် စစ်ကောင်စီ တပ်သားများထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။
“တပ်ဝင်းရဲ့ အနောက်ပေါက် မှာရှိတဲ့ ဝါးချောင်း ဘုန်းကြီး ကျောင်းရဲ့ ပတ်ဝန်းကျင်မှာရှိတယ်။အဲဒီမှာ သူတို့က အပေါ်ရွာစုတွေကနေ ဆင်းလာတဲ့ ကားဆိုင်ကယ်တွေကို အစစ်၊ဆေးပြုလုပ်တဲ့နေရာပေါ့။အဲဒီနေရာမှာ ပုံမှန်အမြဲထိုင်လေ့ရှိတယ်။မနက်ဝေလီဝေ လင်းကတည်းက စကပ်တယ်။ဒါမေယ့် အဲဒိအနီးနားက ခြံစုတွေမှာနေတဲ့သူတွေက တွေ့ပြီး သတင်းပေးတာမျိုးလည်းဖြစ်နိုင်တယ်။အဲဒါကြောင့် သူတို့ကြိုပြီး ထွက်ပြေးနိုင်သွားတာ”ဟုရေးဘီလူးခေါင်းဆောင်ကရှင်းပြသည်။

Public Service Announcement
ထိုကင်းစခန်းတွင် စစ်ကောင်စီ တပ်သား ၁၅ ဦး ဝန်းကျင် ရှိလေ့ရှိပြီး ခမရ ၃၄၃ နှင့် မီတာ ၂၀၀ခန့်သာကွာဝေးသည်ဟုဆိုသည်။သို့သော် သာသနာနယ်မြေဖြစ်၍ မီးမရှို့ခဲ့ဘဲ သိမ်းပိုက်ရရှိသည့် ကင်းစခန်းကိုဖြို၍ ကတုတ်ကျင်းများကို ဖျက်ဆီးခဲ့ကြောင်းသိရသည်။
ရေး-မော်လမြိုင် လမ်းမကြီးပေါ်ရှိ ခမရ ၅၈၇ နှင့် ခမရ ၃၄၃ သည် မျက်နှာချင်း ဆိုင် တပ်တည်ထားခြင်းဖြစ်ကြောင်းသိရသည်။
ရေးမြို့အခြေစိုက် စစ်ကောင်စီတပ်စခန်းနှင့် တပ်ရင်း များကို တိုက်ခိုက်မှု အရှိန်မြှင့်တင်မည်ဖြစ်၍ တပ်ရင်း အနီး နေထိုင်သူများအနေဖြင့် ကြိုတင်ရွှေ့ပြောင်းရန် လည်း မွန်ပြည်နယ်တော်လှန်ရေးအဖွဲ့များက တိုက်တွန်းထားသည်။
ရေးမြို့တွင် စစ်ကောင်စီ၏ အမှတ် ၁၉ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်(စကခ ၁၉)နှင့် လက် အောက်ခံ တပ် ရင်းများဖြစ်သည့် ခလရ ၆၁၊ ခလရ ၂၉၉၊ ခမရ ၃၄၃ ၊ ခမရ ၅၈၆ ၊ အမှတ် ၃၁၆ အမြောက်တပ်ရင်း (အမတ ၃၁၆)စသည့် တပ်ရင်းများအခြေစိုက် ထား သည်။
