close
Connect with us

Hi, what are you looking for?

သတင်း

ဗမာများကိုယ်တိုင်တော်လှန်နေချိန် စစ်အာဏာရှင်ကျရှုံးမည်ဖြစ်၍ မွန်များလည်း အစွမ်းကုန်ကြိုးပမ်းရန် NMSPဥက္ကဋ္ဌ နိုင်ဟံသာ တိုက်တွန်း

ဗမာများကိုယ်တိုင် တော်လှန်ရေး၌ပါဝင်ပြီး စစ်အာဏာရှင်ကို တိုက်ခိုက်နေချိန်ဖြစ်ပြီး တိုင်းရင်းသားများကလည်း ကြိုးစားတိုက်ပွဲဝင်လျက်ရှိရာ မွန်တိုင်းရင်းသားများလည်း အစွမ်းကုန် ကြိုးစားကြရန် ဝါရင့် မွန်တော်လှန်ရေးတပ်ဖွဲ့ဖြစ်သော မွန်ပြည်သစ်ပါတီ(NMSP) ဥက္ကဋ္ဌ နိုင်ဟံသာက တိုက်တွန်းပြောကြားလိုက်သည်။

ဓာတ်ပုံ - ဖေဖော်ဝါရီ ၁၃ရက်က ဘုရားသုံးဆူမြို့နယ် ဂျပန်ရေတွင်းကျေးရွာ၌ ကျင်းပသည့် (၇၈)ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားတွင် နိုင်ဟံသာက ပြောကြားနေစဉ်

■​မြို့ပေါ်၌ ဖမ်းဆီးလူစုနေသည့် စစ်တပ်ထဲဝင်မည့်အစား မွန်တပ်ထဲ ဝင်လာကြရန် နှိုးဆော်

ဟန်နွေ/People’s Spring

ဗမာများကိုယ်တိုင် တော်လှန်ရေး၌ပါဝင်ပြီး စစ်အာဏာရှင်ကို တိုက်ခိုက်နေချိန်ဖြစ်ပြီး တိုင်းရင်းသားများကလည်း ကြိုးစားတိုက်ပွဲဝင်လျက်ရှိရာ မွန်တိုင်းရင်းသားများလည်း အစွမ်းကုန် ကြိုးစားကြရန် ဝါရင့် မွန်တော်လှန်ရေးတပ်ဖွဲ့ဖြစ်သော မွန်ပြည်သစ်ပါတီ(NMSP) ဥက္ကဋ္ဌ နိုင်ဟံသာက တိုက်တွန်းပြောကြားလိုက်သည်။

ဖေဖော်ဝါရီ ၁၃ရက်က ဘုရားသုံးဆူမြို့နယ် ဂျပန်ရေတွင်းကျေးရွာ၌ ကျင်းပသည့် (၇၈)ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားတွင် နိုင်ဟံသာက မွန်ဘာသာဖြင့် မိန့်ခွန်းပြောကြားခဲ့ရာ နိုင်ဟံသာ၏ မိန့်ခွန်းရုပ်သံပါ အချက်အလက်များကို မွန်တိုင်းရင်းသားတစ်ဦးက နိုင်ဟံသာ၏ မိန့်ခွန်းကို ဘာသာပြန်ပြခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“အချိန်ကလည်း အခုတော်လှန်ရေးထဲမှာ ဗမာတွေကိုယ်တိုင် စစ်အာဏာရှင်တွေကို တော်လှန်နေတယ်ဆိုတော့ သူတို့က မဖြစ်မနေတော့ အာဏာကနေ ကျသွားမှာပဲတဲ့။ အဲဒါ တိုင်းရင်းသားတွေကလည်း အသားကုန်ကြိုးစားနေကြတာ။ မွန်တွေကလည်း ဒီဟာကို မြင်ပြီးတော့ အစွမ်းကုန်ကြိုးစားကြဖို့ သူက ပြောတာ။ ကျနော်တို့ကျတော့ ဖြစ်စေချင်တာက သူက ရပ်တည်ချက်ခိုင်ခိုင်မာမာ ရှိဖို့တော့လိုတယ်။ မွန်ပြည်သစ် အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့တွေနဲ့ လာပေါင်းပြီးတော့ မင်းအောင်လှိုင်စစ်တပ်ကို တိုက်ဖို့ ကျနော်တို့က အားပေးချင်တာ”ဟု မွန်တိုင်းရင်းသား တစ်ဦးက နိုင်ဟံသာ၏ မိန့်ခွန်းအပေါ် ပြောသည်။

မွန်သတင်းအေဂျင်စီကလည်း နိုင်ဟံသာ၏ မိန့်ခွန်းကို မွန်စကားပြော မြန်မာစာတမ်းထိုးဖြင့် ယနေ့ ဖေဖော်ဝါရီ ၁၇ရက်၌ ဖော်ပြခဲ့သည်။

ယင်းဖော်ပြချက်အရ နိုင်ဟံသာက စစ်ပွဲများ ဒေသတွင်းသို့ ရောက်မလာနိုင်ဟု မပြောနိုင်ကြောင်း သတိပေးခဲ့သည်။

“ အဲဒါကြောင့် မိမိတပ်တော်က မိမိတို့ ဒေသတွေကို ကာကွယ်နိုင်အောင် မိမိတို့ပဲ ကူညီထောက်ပံ့ပေးရမှာ ဖြစ်ပါတယ်။ အဲဒါကြောင့် စစ်ထဲဝင်နိုင်တဲ့ သူတွေ က ဝင်လာကြပါ။ မြို့ပေါ်မှာတော့ သူတို့ စစ်တပ်ထဲ ဝင်ဖို့ ဖမ်းဆီးနေပြီ။ အဲဒီတော့ သူတို့ထဲကို ဝင်မယ့်အစား မိမိတပ်တော်ထဲကို ဝင်လာကြပါ။”ဟု နိုင်ဟံသာက ပြောသည်။

ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ရေး ကိုယ်တိုင်သာ ကြိုးစားရမည်ဖြစ်ပြီး မကြိုးစားပါက မွန်တပ်အင်အားမရှိပါက ကျွန်ဘ၀ဖြင့် ဆက်ရှိနေရမည်ဖြစ်ပြီး လူမျိုးပျောက်သွားမည်ဖြစ်ကြောင်းလည်း နိုင်ဟံသာက ပြောသည်။

“မွန်အမျိုးသားနေ့ မှာ သူက အဓိကက မွန်တွေအားလုံး ဒီတော်လှန်ရေးထဲ ပါလာကြဖို့ မပါလာနိုင်လို့ရှိရင် ကိုယ့်ပိုက်ဆံနဲ့ ထောက်ခံ အားပေးကြဖိုပ ဒီတော်လှန်ရေးကို အဲဒီလိုမျိုး သူက ပြောတာ။ ကိုယ့်မိသားစုအရေးတခုတည်း တွေးနေလို့မရဘူးတဲ့။ ကိုယ့်အမျိုးသားရေးအတွက်လည်း တွေးပေးရမယ်တဲ့။ မွန်တွေ လွတ်လပ်မှုအတွက် တွေးပေးရမယ်တဲ့”ဟု မွန်တိုင်းရင်းသားတစ်ဦးက ပြောသည်။

လက်ရှိတွင် မွန်တပ်များစုစည်းပြီး စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေကြသော်လည်း နိုင်ဟံသာ ဦးဆောင်သည့် NMSPက စစ်ကောင်စီကို တိုက်ခိုက်ခြင်းမရှိသေးသည်ကို အားမလိုအားမရဖြစ်ကြောင်းလည်း မွန်တိုင်းရင်းသားတစ်ဦးက ပြောသည်။

“မွန်တပ်တွေကတော့ စုစည်းနေကြပြီ။ ဘာတွေခက်သလဲဆိုတော့ လက်နက်တို့ ကျည်တို့ ရန်သူကို တိုက်ဖို့ အားကောင်းကောင်းနဲ့ အခုက စုစည်းနေတဲ့ ကာလဖြစ်တာ။ အချိန်ကာလတစ်ခုတော့ ယူရမယ်ထင်တယ် အဲဒီ မင်းအောင်လှိုင် စစ်တပ်ကို မောင်းထုတ်ဖို့ ကိစ္စကျတော့။ ကျန်တာ အမြင်ကျတော့ မင်းအောင်လှိုင်ကို တိုက်ကြဖို့ပဲ သူ(နိုင်ဟံသာ)က အားပေးနေတာ။ ဟိုအရင်းတုန်းကသူက ဒီစကားပဲ ပြောနေတာ။ သူ့ရဲ့ ရပ်တည်ချက်ကတော့ ဒီအတိုင်းပဲ သူက ပြောပြောနေတာ ပါးစပ်ကတော့ ပြောနေတာ။ လူကတော့ မင်းအောင်လှိုင်ကို တိုက်ဖို့က သူက အဲဒီအထဲမှာ မပါဘူးဖြစ်နေတာ။ ကျနော်တို့က ဝေဖန်ရခက်တယ် သူ့ကိုလေ။” ဟု မွန်တိုင်းရင်းသားတစ်ဦးက ပြောသည်။

NMSPသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးမှု လုပ်ဆောင်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။ နောက်ပိုင်းတွင် NMSP အဖွဲ့တွင်း၌ စစ်ကောင်စီနှင့် ဆွေးနွေးမှုအပေါ် သဘောထား ကွဲလွဲကာ ထိပ်ပိုင်းခေါင်းဆောင်များ ပါဝင်သည့် အင်အားစု တစ်ခုက ၂၀၂၄ ဖေဖော်ဝါရီ တွင် NMSP စစ်အာဏာရှင် တိုက်ဖျက်ရေးအမည်ဖြင့် အဖွဲ့မှ ခွဲထွက်ပြီး စစ်ကောင်စီကို တိုက်ခိုက်လျက်ရှိသည်။

NMSP စစ်အာဏာရှင် တိုက်ဖျက်ရေး အဖွဲ့သည် စစ်တပ်အာဏာသိမ်းပြီး နောက်ပေါ်လာသည့် မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ မွန်ပြည်ကာကွယ်ရေးတပ်(MSDF)၊ မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA) တို့နှင့် ပူးပေါင်းပြီး စစ်ရေး ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အခြေစိုက် မဲပလီ စစ်ကောင်စီ ဗျူဟာစခန်းမှ ထွက်ပြေးသွားသည့် ဗျူဟာမှူး နှင့် တပ်ရင်းမှူး ပါဝင်သော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား​တော်လှန်​ရေးတပ်များက လိုက်လံတိုက်ခိုက်ရှင်းလင်းလျက်ရှိကြောင်း စခန်းသိမ်းတိုက်ပွဲ၌ ပါဝင်သည့် နဂါးဖြူစစ်ကြောင်း တပ်ရင်းမှူး စထွန်းဇော်က ပြောကြားသည်။

ဆောင်းပါး

ကရင်ပြည်နယ်ခြားစောင့်တပ်(BGF)ထိန်းချုပ်‌ဒေသ မြဝတီမြို့နှင့် ရွှေကုက္ကိုယ်ဒေသမှ ကျားဖြန့်လုပ်ငန်းများနှင့်ဆက်စပ်သောတရုတ်သူဌေးးများသည် DKBA ထိန်းချုပ်ထားသည့် ဘုရားသုံးဆူမြို့ဘက်သို့ အလုံးအရင်းပြောင်းရွှေ့နေသည်။

သတင်း

မွန်ပြည်နယ်အနှံ့ စစ်ရေးလှုပ်ရှားရန် စီမံထားပြီး KNLA၊PDFများနှင့် လက်တွဲတိုက်ပွဲဝင်မည်ဟု အသိပေး

သတင်း

မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့ရဲစခန်းကို ဒရုန်းဖြင့် တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားနှစ်ဦး သေဆုံးပြီး လေးဦးခန့် ပြင်းထန်ဒဏ်ရာရကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF)မှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Facebook