close
Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံမြို့ပေါ်မှာ ဆိုင်ကယ်နဲ့ကင်းပတ်နေတဲ့ပျူ ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး

မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်မှာ ဆိုင်ကယ်နဲ့ကင်းပတ်နေတဲ့ ပျူစောထီး ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့လို့ Anyar Federal Task Force(AFTF)အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ပျူ​စောထီး ၂ ဦးကို ​တော်လှန်​ရေးအဖွဲ့​တွေက ပစ်ခတ်တိုက်ခိုက်စဥ်။ ဓါတ်ပုံ-AFTF

မင်းညို/People’s Spring

မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်မှာ ဆိုင်ကယ်နဲ့ကင်းပတ်နေတဲ့ ပျူစောထီး ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့လို့ Anyar Federal Task Force(AFTF)အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက် မနက် ၁၀ နာရီ ၄၅ မိနစ်ခန့်က မြင်းခြံမြို့ပေါ် အမှတ် ၁၈ ရပ်ကွက်ထဲ ဆိုင်ကယ်စီးလာတဲ့ လက်နက်ကိုင် ပျူစောထီး ၂ ဦးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ ၂ ဦးလုံး သေဆုံးခဲ့တယ်လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

“မြင်းခြံအမှတ်(၃)အုပ်ကြီးတပည့်ပျူနှစ်ကောင်ကိုမြင်းခြံမြို့ ရပ်ကွပ်တစ်နေရာကနေ ချောင်းမြောင်းပစ်ခတ်ခဲ့ပါတယ်။ ပျူကောင်နှစ်ကောင်နေရာမှာတင်သေဆုံးခဲ့ပါတယ်။ သေနတ်ကောက်ဖို့ကကျ မြို့ထဲဆိုတော့ကောက်ချိန်မရခဲ့ဘူး။ ခွေးတွေနဲ့နီးလွန်းတော့တန်းပြီးရောက်လာတယ်။”လို့ AFTF အဖွဲ့ရဲ့တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မြင်းခြံမြို့ပေါ်မှာ လက်နက်ကိုင်ပျူစောထီး၂ ဦး ပစ်ခတ်ခံရကြောင်း ​မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက အတည်ပြုထားပါတယ်။ ဒါ​ပေမယ့်ပျူ ၂ ဦး သေဆုံးတယ်ဆိုတာကိုတော့ လူထုနွေဦးက အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

အဆိုပါ တိုက်ခိုက်မှုကို Freedom Fighter Guerrilla Force (FFGF)၊Anyar Federal Task Force(AFTF)၊ 8 Stars အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာ​လို့ သိရပါတယ်။

​ဖေ​ဖော်ဝါရီ ၁၇ ရက် ည၁၀ နာရီလောက်မှာ မြင်းခြံမြို့နယ် ၊တူရွင်းဘို့ရွာကို မိတ္ထီလာရှမ်းတဲလေတပ်ကနေ ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်လို့ ပြည်သူ ၃ဦးသေဆုံးပြီး ၇ဦးထိခိုက်ဒဏ်ရာရရှိကာ နွားတစ်ကောင်သေဆုံးခဲ့တယ်လို့မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အိမ်သုံးလုံးလည်း ပျက်စီးခဲ့ပါတယ်။မြင်းခြံမြို့နယ်မြောက်ပိုင်းနဲ့ နွားထိုးကြီးနယ်တွေမှာလည်း စစ်ကောင်စီတပ်နဲ့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲ​တွေ မကြာခဏဖြစ်ပွားနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ တောင်သာမြို့နယ် ထနောင်းကုန်းပျူစောထီးကျေးရွာကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ စစ်သားနဲ့ ပျူစောထီးတွေ သေဆုံးမှုရှိပြီး လက်နက်တွေ သိမ်းယူနိုင်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)အမှတ်-၈၁၅တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း ညောင်ဦးမြို့နယ် အတွင်း တရားရုံးထုတ် လုံခြုံရေးအတွက် ထွက်ခွာလာတဲ့ ရဲတပ်ဖွဲ့ဝင် ၃ ဦး လမ်းခုလတ်မှာ ပစ်ခတ်ခံရပြီး ၂ ဦး သေဆုံးသွားတယ်လို့ ပုဂံဒေသခံ သတင်းရင်းမြစ်ဆီက သိရပါတယ်။

သတင်း

တနင်္သာရီမြို့နယ်၊ ထုံခါ - မောတောင်လမ်းပိုင်းရှိ ညောင်ပင်ကွင်းကျေးရွာအား စစ်ကောင်စီက ယမန်နေ့ တစ်ရက်တည်းတွင် လေကြောင်းတိုက်ခိုက်မှု (၄)ကြိမ်ပြုလုပ်ခဲ့ပြီး မီးလောင်ဗုံးများပါ ကြဲချတိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)မှ ပြောခွင့်ရသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

သတင်း

အောင်လံမြို့တွင် စစ်မှုထမ်းရန်နေအိမ်ထဲဝင်ဖမ်းသည့် ရဲတပ်ကြပ်တစ်ဦးနှင့် ပျူစောထီးတစ်ဦးကို ဓားနှင့်ခုတ်ကာ ပြန်လည်ခုခံခဲ့သည့်မိသားစု ဘေးကင်းလုံခြုံစွာရှိနေကြောင်းသရက်ခရိုင်အမှတ်(၂)တပ်ရင်း၊ မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ် -အောင်လံမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Facebook