close
Connect with us

Hi, what are you looking for?

သတင်း

ကျောက်မဲမြို့ လေကြောင်းတိုက်ခိုက်မှု ဒေသခံတစ်ဦးသေဆုံး၊ သုံးဦး ဒဏ်ရာရ

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က ဒီ‌ကနေ့ လေကြောင်းကနေထပ်မံတိုက်ခိုက်ရာမှာ ဒေသခံပြည်သူတစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရခဲ့ပါတယ်။

ဒီကနေ့ ကျောက်မဲမြို့အား စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှုများ။ (ဓာတ်ပုံ - TNLA)

မေ၊ကဖေး/People’s Spring

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က ဒီ‌ကနေ့ လေကြောင်းကနေထပ်မံတိုက်ခိုက်ရာမှာ ဒေသခံပြည်သူတစ်ဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရခဲ့ပါတယ်။

ကျောက်မဲမြို့က ညစျေးတန်းနဲ့ ခရိုင်ရုံးကို ဒီကနေ့ နေ့လည် ၂နာရီ ၁၈မိနစ်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်သွားတာလို့ TNLAက ထုတ်ပြန်ထားပါတယ်။ လေကြောင်းတိုက်မှုကြောင့် တစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရကာ နေအိမ် ငါးလုံးလည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုမှာ အမျိုးသားတစ်ဦး သေဆုံးပြီး အမျိုးသမီး သုံးဦး ဒဏ်ရာအပြင်းအထန်ရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အရပ်သားတွေရှိတဲ့နေရာကို ပစ်မှတ်ထားပြီးတိုက်ခိုက်သွားတာလို့လည်း ဒေသခံတွေက ပြောပါတယ်။

“နောက်ထပ် ဂျက်ပျံသံကြားလို့ ဘယ်သူမှမထွက်ရဲဘူး”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အခြားဒေသခံတစ်ဦးကလည်း “မြို့တော်ခန်းမနားလည်း ချသွားတယ်တဲ့။ နှစ်လုံး။ ပေါက်ကွဲသံ နှစ်ချက်အကျယ်ကြီးကျရတယ်” လို့‌ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၅ ရက်ကလည်း ကျောက်မဲမြို့ ပြည်သူ့ဆေးရုံကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ပါသေးတယ်။

အဲဒီတိုက်ခိုက်မှုမှာ ကျန်းမာရေးဝန်ထမ်းနှစ်ဦးအပါအဝင်သုံးဦးသေဆုံးခဲ့ပြီး၂၀ ဦးခန့်ဒဏ်ရာရတယ်လို့ TNLAက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဒေသခံတွေအနေနဲ့ လေကြောင်းရန်အန္တရာယ်ကိုသတိပြုဖို့လည်း TNLAက တိုက်တွန်းထားပါတယ်။

စစ်ကောင်စီဟာ တအာင်းဒေသအတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပြည်သူ‌များကို ဦးတည်ကာ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်နေပြီး ယခု ဇန်နဝါရီအတွင်းမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူငါးဦး သေဆုံးကာ ၃၀ကျော် ဒဏ်ရာရခဲ့တယ်လို့ TNLAက ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ရှိ ညဈေးနေရာအား စစ်ကောင်စီက ယနေ့(ဇန်နဝါရီ ၂၇ရက်) နေ့လယ် ၂နာရီ ၁၅မိနစ်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ အနောက် မြောက်ခြမ်းရှိ တော်လှန်ရေးတပ်များပြန်လည် သိမ်းယူထားသည့် ကျေးရွာများအား စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်လာ၍ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း မတ္တရာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ ပြန်ကြားရေးတာဝန်ခံက လူထုနွေဦးသို့ ပြောသည်။

သတင်း

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်တွင် စစ်ကောင်စီ၏ ကာကွယ်ရေးပစ္စည်းထုတ်လုပ်သည့်စက်ရုံ (ကပစ-၂၂)မှ ပစ်ခတ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲ၍ မိသားစုဝင် လေးဦးထိခိုက်သေဆုံးခဲ့ကြောင်း ဒေသအခြေစိုက် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

သတင်း

နမ့်ဖက်ကာဒေသအပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်း နေရာအချို့၌ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် တအာင်းတပ်မတော်(TNLA)တို့အကြား နယ်မြေဆိုင်ရာ အငြင်းပွားမှုများ ယခုရက်ပိုင်းအတွင်း ဆက်တိုက်ဖြစ်ပေါ်​နေသည်။