close
Connect with us

Hi, what are you looking for?

ရသ

“ဝမ်းနည်းစရာတွေ ကုန်ဆုံးပြီးနောက်မှာ”

▪️SWN

ဝမ်းနည်းစရာတွေ ကုန်ဆုံးပြီးနောက်

ဘာကျန်ခဲ့ပါသလဲ။

မာကျောနေတဲ့ အသည်းနှလုံးတခုနဲ့

Public Service Announcement

Public Service Announcement

ငါတို့ဆက်လုပ်မှရမယ်ဆိုတဲ့

ဆုံးဖြတ်ချက်ပဲ ကျန်ခဲ့ပါတယ်။

ကျနော် မြန်မာပါခင်မျာ . . .

နေစရာနေရာလည်း မရှိ၊

စားစရာလည်းမရှိလို့ ထမင်းနည်းနည်းလောက်

ကျွေးကြပါ၊

ကျနော် ထိုင်းစကားမတတ်လို့ သနားကြပါခမျာ

ထမင်းလေးရေလေး ပေးသနားကြပါခမျာ

မှတ်ပုံတင်နာမည် – မောင်သန်းရွှေ၊

နဖူးအမာရွတ်ရှိ၊

ရခိုင်-ဗုဒ္ဓဘာသာဝင်တဦးရဲ့ အမှတ်အသားတွေပါ။

အိမ်ကိုသာ မီးရှို့လို့ရမယ်။

ကျမတို့ စိတ်ကို မီးရှို့လို့မရဘူး။

လက်သုံးချောင်းတော့ထောင်နိုင်သေးတယ်ဆိုတဲ့

အညာသူကြီးရဲ့ စကားသံတွေ

*ကြိုးစားနေတယ်* ဆိုတဲ့ အသိနဲ့တင်

ကိုယ့်ကိုယ်ကို ကျေနပ်ပစ်လိုက်ရတာပါပဲ။

‘သမုဒယသစ္စာမှာ

ပြီးပြည့်စုံတယ်လို့မှ မရှိတာ’ လို့ ရေးသွားတဲ့

ကျနော့်အသိ ကိုဇင်ယော်

(ဒုတပ်ရင်းမှူး – ရွှေဘိုခရိုင်တပ်ရင်း ၉) ရဲ့

စကားသံတွေ၊

သူ့နာရေးမှာသုံးဖို့ ကျနော်ရိုက်ထားတဲ့

သူ့ဓာတ်ပုံတွေ ပြန်ရှာပို့ပေးရတဲ့ အခိုက်အတန့်တွေ၊

ဒါတွေဟာ ဒီကာလမှာ

ကိုယ့်ကို တိုက်ရိုက်တိုက်ခိုက်လာတဲ့

ခံစားချက်တွေပါပဲ။

ကျနော်တို့ ဆက်သွားရပါလိမ့်မယ်။

ကျနော်တို့ ဆက်သွားဖို့ လိုပါလိမ့်မယ်။

စစ်မိစ္ဆာတွေ ပပျောက်ဖို့၊

ကိုယ့်ခြေထောက်ပေါ် ကိုယ် မားမားရပ်တည်နိုင်ဖို့၊

မတရားတဲ့ကမ္ဘာကြီးကို ငါတို့ဟာ ဒီလို ရုန်းကန်ခဲ့ပြီး

ဒီလိုအနိုင်ရခဲ့ကြတယ်ကွလို့ ပြောနိုင်ဖို့

ဆက်သွားရပါလိမ့်မယ်။

ကျနော်တို့ မနိုင်ရင်

ဒီတခါ တကယ်ပွဲပြီးသွားပါလိမ့်မယ်။

(The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ ‘SWN’ ရဲ့ “ဝမ်းနည်းစရာတွေ ကုန်ဆုံးပြီးနောက်မှာ” ကဗျာကို People’s Spring က ပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ရသ

အိပ်မက်တွေသာ အပြင်မှာ တကယ်ဖြစ်လာရင် ဘဝရဲ့အစိတ်အပိုင်း တော်တော်များများ အဆင်ပြေသွားစေနိုင်မှာဖြစ်သလို ဒုက္ခတွေ့ရမယ့် အကြိမ်ပေါင်းလည်း နည်းမှာမဟုတ်ပါဘူး။

ရသ

Jo ကြားချင်ပါ့မလားမသိပေမယ့် ရန်ကုန်အကြောင်းငါပြောပြမယ်။ မြက်ရိုင်းတွေထူလာတယ် Public Service Announcement တောကြောင်တွေပေါလာတယ် နေဝင်စောတဲ့ဆောင်းရာသီမှာ မမှောင်ခင်အိမ်ပြန်ရောက်မှ စိတ်တွေဟာတပူငြိမ်းတယ်။ ရန်ကင်းပန်းခြံထဲ ဂီတာထိုင်တီးတဲ့သူတွေမရှိတော့ဘူး လှည်းတန်းဂုံးတံတားအောက် စကိတ်မစီးကြတော့ဘူး နေ့မှာမျက်နှာသေတွေနဲ့ ပြေးလွှားနေကြရတဲ့သူတွေက ညရိပ်သန်းတာနဲ့ အမှောင်ကြောက်တဲ့ဇွန်ဘီတွေလိုပဲအလျှိုလျှိုပျောက်သွားလိုက်ကြတာ မြို့တော်ဟာ တိတ်ဆိတ်ခြောက်ကပ်လို့။ အဆိုးဆုံးအပိုင်းက သူငယ်ချင်းတွေထွက်သွားကြတာပဲ တချို့က...

ရသ

အစသည် သစ်နှင့်ဝါး ရောကာ ခပ်ကျဲကျဲ စိုက်ထူထားသော ခြံစည်းရိုးပေါ်တွင်ထိုင်ရင်း အဝေးကို ငေးကြည့်ရန်သာဖြစ်သည်။

ရသ

တောင်ကုန်းတခုကို လိမ့်ဆင်းနေတဲ့ ကျောက်တုံးတတုံး တစုံတခုနဲ့တိုက်မိပြီး ရပ်သွားသလို အိမ်နဲ့အဝေးမှာ နှစ်အကြာကြီး မေ့မေ့လျော့လျော့ ပြေးလွှားနေခဲ့တဲ့ ကျနော့်ရဲ့အသိစိတ်က ဘာမှန်းမသိတဲ့ တစုံတခုနဲ့တိုက်ပြီး ရုတ်တရက် ရပ်တန့်သွားတယ်။