close
Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ ပျုစောထီး ၂ ဦး ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံး

မန္တလေးမှာ ပျုစောထီးခေါင်းဆောင် ပေါက်ကိုယ်တော် ရဲ့ တပည့် အမျိုးသား ၂ ဦး ဇန်နဝါရီ ၂၆ ရက် မနက်ပိုင်းက ပစ်ခတ်ခံရ ပြီး ၁ ဦးသေဆုံးသွားတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။

ပေါက်ကိုယ်တော်နဲ့ ပြည်သူ့စစ်အဖွဲ့ဝင်အချို့ကိုတွေ့ရစဉ်။ ဓာတ်ပုံ - ပေါက်ဆရာတော် တယ်လီဂရမ်

ဆိုင်းမင်း/People’s Spring

မန္တလေးမှာ ပျုစောထီးခေါင်းဆောင် ပေါက်ကိုယ်တော် ရဲ့ တပည့် အမျိုးသား ၂ ဦး ဇန်နဝါရီ ၂၆ ရက် မနက်ပိုင်းက ပစ်ခတ်ခံရ ပြီး ၁ ဦးသေဆုံးသွားတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။

မနေ့ မနက်ပိုင်း ၁၁ နာရီခန့်က အသက် ၅၂ နှစ်အရွယ် ဦးဝင်းဦးနဲ့ အသက် ၃၅ နှစ်အရွယ် ဦးသူရိန်ဝင်းတို့ ချမ်းမြသာစည်မြို့မှာ ပစ်ခတ်ခံရတာပါ။

ချစ်မြသာစည်မြို့ ၊ အောင်သာယာရပ်ကွက် ၊ ၄၅လမ်းနဲ့ ၁၀၇လမ်းထောင့်ရှိ ဗိုလ်ကွမ်းယာဆိုင်မှာ ကွမ်းဝယ်နေချိန် ဆိုင်ကယ်စီးအမျိုးသား ၂ ဦးက ပစ်ခတ်သွားတာလို့သိပါတယ်။

Public Service Announcement

Public Service Announcement

ပစ်ခတ်မှုကြောင့် ၂ ဦးအနက် အသက် ၅၂ နှစ်အရွယ် ဦးဝင်ဦးဟာ နေရာမှာတင်သေဆုံးသွားတာလို့ ဒေသခံအချို့က အသိပေးပါတယ်။

ပစ်ခတ်ခံရသူ ၂ဦးဟာ ချမ်းမြသာစည်မြို့နယ် ပျုစောထီး အဖွဲ့ဝင်တွေ ဖြစ်တယ်လို့သိရပါတယ်။

ပေါက်ကိုယ်တော်လို့ လူသိများတဲ့ မဘသ ဘုန်းကြီး ဟာ စစ်သင်တန်းအတွက် မန္တလေးတိုင်းက ပြည်သူ့စစ် အဖွဲ့ တွေ တစ်ဖွဲ့ ကို လူ ၇ ဦးကနေ ၁၀ ဦး ကြား လစဉ်အင်အားပေးပို့ဖို့ ဇန်နဝါရီလ ၁၈ ရက်က သူရဲ့ တယ်လီဂရမ် ချန်နယ်ကနေ အသိပေးပြောဆိုတာရှိပါတယ်။

ပျုစောထီးတွေဟာ မန္တလေးမှာ စစ်ကောင်စီတပ်နဲ့ ပေါင်းပြီး ဧည့်စာရင်းစစ်တာ ၊ လမ်းသွားလမ်းလာ ပြည်သူတွေကို စစ်ဆေးတာ အပြင် ငွေညှစ်တာကိုပါ ပြုလုပ်လာတာရှိတယ်လို့မြို့ခံအချို့က ပြောပြပါတယ်။

ဆက်စပ်သတင်းများ

News Story

ဇန်နဝါရီလ ၂၂ ရက် ညနေ ၅ နာရီ မိနစ် ၂ဝ ခန့်ကဖြစ်သည်။ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်၊ ၆၉Aလမ်း၊ ၁၁၅ လမ်းနှင့် ၁၁၆ လမ်းကြားသို့ အဖြူနှင့် လိမ္မော်ရောင်စပ်ကြား Honda Click ဆိုင်ကယ် မောင်းနှင်လာသော လူငယ်တစ်ဦး ဝင်ရောက်လာခဲ့သည်။

သတင်း

မန္တလေးမြို့ ၊ ချမ်းမြသာစည်မြို့နယ်မှာ နေ့ခင်းအချိန် လူမြင်ကွင်းမှာ အုပ်စုဖွဲ့ပြီး ဆိုင်ကယ်လုယက်မှု မနေ့ ဇန်နဝါရီလ ၂၂ ရက် နေ့ခင်းပိုင်း ၃ နာရီ ခွဲ ဝန်းကျင်က ဖြစ်ပွားခဲ့ပါတယ်။

သတင်း

ပုဂံညောင်ဦးကအပြန် ရန်ကုန်ကိုတန်းမပြန်သေးဘဲ မြို့မန္တလာ​ဘက် ခရီးဆက်ဖြစ်တယ်။ ပုဂံအသွားတုန်းက ကြည့်မြင်ခွင့်မရတဲ့ မန္တ​လေးတိုင်းဘက်ခြမ်း အမြန်လမ်းအခြေ အနေကို သိလိုစိတ်စောနေခဲ့ပါတယ်။

သတင်း

စစ်မှုထမ်းဥပဒေအကြောင်းပြ ပြီး မန္တလေးမှာ တစ်လတာအတွင်းစစ်ကောင်စီက လူငယ်ဦးရေ ၄၀၀ ခန့် ဖမ်းဆီးခဲ့တယ်လို့ မန္တလေး သပိတ်အင်အားစုရဲ့ ကောက်ယူရရှိထားတဲ့စာရင်းအရ သိရပါတယ်။