close
Connect with us

Hi, what are you looking for?

ရသ

“မှားယွင်းတဲ့ အချစ်’

◼️ရာမွန်

အချစ်ထက် အစစ်လိုတယ်လို့

အော်နေတဲ့ ခေတ်မှာ ကိုယ်က ငူငူကြီးရပ်နေမိတယ်

ကိုယ်တို့က မရေရာဘူး

Public Service Announcement

Public Service Announcement

မြူတွေထဲကနေ အသက်ကို ငင်ရတယ်

သားနှစ်ယောက် ထောင်ဝင်စာပို့ရလို့

ဆန်ကွဲနဲ့စားနေရတဲ့ အန်တီကြီးရှိတဲ့ခေတ်မှာမှ

ကိုယ်တို့က ချစ်မိတယ်

တယောက်တည်း မဟုတ်ဘူး

ဘေးပါတ်ပါတ်လည်ကိုကြည့်လိုက်

လူတွေဟာ စူးတွေပဲ အချစ်

လူတွေဟာ အဆိပ်တွေပဲ

အသံကို ချုပ်လို့မရတော့ လေကို ဖမ်းလို့မရတော့

ဘဝကို ချိတ်ဆွဲကြတယ်

ပြန်လာချင်တယ်

သဘာဝရဲ့ ရင်ခွင်ထဲမှာ ငိုချင်တယ်

အသေးအဖွဲလေးတွေကို တည်ဆောက်မယ်

အချစ်အတွက် ပန်းတွေယူလာချင်ပေမဲ့

ခေတ်ကြီးက သေပန်းပဲပွင့်တယ်

မင်းလက်ဖဝါးတွေပေါ်က လိပ်စာဟာ ကိုယ်မဟုတ်ဘူး

ကိုယ်နဖူးမှာလည်း မင်းရဲ့ဖူးစာမပါဘူး

ကိုယ်နဖူးမှာ ဖိုင်ပွိုင့်ဖိုက်ဆစ် ကျည်ပေါက်ရာကြီး

အဲဒီ့အပေါက်ထဲမှာ ကိုယ်တို့ အချစ်ကို

ကျစ်ဆံမြှီးကျစ်ပြီး

မင်းရဲ့ ကတိတွေနဲ့အတူ မြှူပ်နှံထားခဲ့တယ်။

(The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ ‘ရာမွန်’ ရဲ့ “မှားယွင်းတဲ့အချစ်” ကဗျာကို People’s Spring က ပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ရသ

သူ့ အသက် ၃၅ နှစ်ရှိပြီ။ သူငယ်ချင်းများကတော့ အားပေးသည်။ စစ်မှုထမ်းအသက် ကျော်သွားပြီဖြစ်၍ အေးဆေးသွားဟု ဆိုကြသည်။ တချို့ကလည်း အားပေးသည်။ မျက်မှန်နှင့် ပေါင် ၂၀၀ ကျော်ရှိသည့်အတွက် ခေါ်ချင်စရာ မဟုတ်ဟု ဆိုသည်။ တချို့ကလည်း ခြိမ်းခြောက် မြှောက်ပေးသေးသည်။ အသက်နှင့် ရုပ်...

ရသ

သူ့ကို "မိုး" လို့ ခေါ်ကြတယ်။ နာမည်အပြည့်အစုံကို မြန်မာအချင်းချင်းက ခေါ်ရတာလွယ်ပေမယ့် ထိုင်းတွေက "မိုး" လို့ခေါ်ရတာ ပိုလွယ်ပုံရတယ်။ မိုးဆိုတဲ့အသံကို ပီပီသသ အသံထွက်လို့ရတယ်လို့ ပြောလို့ရမှာပါ။ မြန်မာနိုင်ငံသားတွေရဲ့ နာမည်ကို ထိုင်းတွေအခေါ်ရခက်တာ အသံထွက်ရခက်တာတွေ ရှိပါတယ်။

ရသ

သင့်သူ ဗုဒ္ဓကို မီးလောင်ပြင်မှာ ငါတွေ့ခဲ့တယ်။ ဗုဒ္ဓဟာ ကြောင့်ကျတော်မူနေတယ်။ Public Service Announcement ဗုဒ္ဓဟာ ဆင်းရဲတော်မူနေတယ်။ အမြိုက်ဆေးကို ငါရှာမတွေ့ ဗုဒ္ဓကိုတော့ မီးလောင်ပြင်မှာတွေ့ခဲ့တယ်။ ဗုဒ္ဓအရှေ့ဒူးတုတ်ဝတ်တွား ဘုရားတပည့်တော်တို့ဘာမှားခဲ့သလဲဘုရားလို့ လျှောက်ကြည့်တော့။ ဗုဒ္ဓဟာ ဆိတ်ဆိတ်နေတော်မူတယ်။ ငါဟာအလိုမကျ နောက်‌တစ်နေရာ မှာ နောက်ထပ်ဗုဒ္ဓ...

ရသ

SWN ဝမ်းနည်းစရာတွေ ကုန်ဆုံးပြီးနောက် ဘာကျန်ခဲ့ပါသလဲ။ မာကျောနေတဲ့ အသည်းနှလုံးတခုနဲ့ Public Service Announcement ငါတို့ဆက်လုပ်မှရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ပဲ ကျန်ခဲ့ပါတယ်။ ကျနော် မြန်မာပါခင်မျာ . . . နေစရာနေရာလည်း မရှိ၊ စားစရာလည်းမရှိလို့ ထမင်းနည်းနည်းလောက် ကျွေးကြပါ၊ ကျနော် ထိုင်းစကားမတတ်လို့...

Facebook