close
Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်လေထုညစ်ညမ်းမှု အနီရောင်အဆင့်​ရောက်​နေ၊ ​ဖေ​ဖော်ဝါရီလဆန်းတွင် ကချင်၌ နှင်းမိုးရွာနိုင်

ရန်ကုန်တိုင်းတွင် အအေးပိုလာနိုင်ပြီး လေထုညစ်ညမ်းမှုအဆင့်အနီရောင်အဆင့်သို့ ရောက်ရှိနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)ကထုတ်ပြန်သည်။

ရန်ကုန်မြို့လယ်တ​နေရာ။ဓါတ်ပုံ-CJ

အိမ်သွင်/People’s Spring

ရန်ကုန်တိုင်းတွင် အအေးပိုလာနိုင်ပြီး လေထုညစ်ညမ်းမှုအဆင့်အနီရောင်အဆင့်သို့ ရောက်ရှိနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)ကထုတ်ပြန်သည်။

ဖေ‌ဖော်ဝါရီလ ၂ ရက်အထိ မိုးလေဝသခန့်မှန်းချက်၌ ရန်ကုန်တိုင်းအတွင်း လေထုညစ်ညမ်းမှုအခြေအနေနှင့် မြန်မာနိုင်ငံတောင်ပိုင်းစွန်းနှင့် မြောက်ပိုင်း စွန်းဒေသများတွင် မိုးအနည်းငယ်ရွာသွန်းနိုင်ကြောင်း ခန့်မှန်းထားသည်။

ရန်ကုန်တိုင်းတွင် အထူးသဖြင့် နံနက်ပိုင်းအချိန်များ၌ အအေးပိုလာနိုင်ပြီး လေထုညစ်ညမ်းမှုအဆင့်အနီရောင်အဆင့်သို့ ရောက်ရှိနေသည်ဟုလည်း သတိ​ပေးထားသည်။

Public Service Announcement

Public Service Announcement

ဇန်နဝါရီ ၂၇ ရက် မွန်းလွဲ ၂ နာရီခွဲ ရန်ကုန်​လေထုအရည်အ​သွေးအညွှန်းကိန်း

ကမ္ဘာနိုင်ငံအသီးသီးမှ လေထုညစ်ညမ်းမှုအခြေအနေများကို တိုင်းတာပေးနေသည့် IQ Air က ဇန်နဝါရီ ၂၇ ရက် တိုင်းတာချက်အရရန်ကုန် မြို့ လေထုညစ်ညမ်းမှုသည် ကမ္ဘာ့အဆင့် (၈) သို့ ရောက်ရှိနေသည်ဟု ဖော်ပြထားသည်။သို့​သော် ဇန်နဝါရီ ၂၇ ရင်​နေ့ မွန်းလွဲ ၂ နာရီခွဲတွင် ​လေထုအရည်အ​သွေးမှာ အဝါ​ရောင်အဆင့်သို့​လျော့ကျလာပြီး ကမ္ဘာတွင် အဆင့် ၁၈ ဖြစ်လာသည်။

“ရန်ကုန်က မနက်ပိုင်းအေးလည်း ခဏပဲ။ တနေကုန်နေလို့မကောင်းဘူး။ လေထုမှာကိုက အနံ့မကောင်းသလိုကြီး။ ဘယ်သွားသွား Maskတပ်နေရတယ်”ဟု ရန်ကုန်မြို့ခံတစ်ဦးကပြောသည်။

ရန်ကုန်၌ အအေးပိုလာနိုင်သလို ပြီးခဲ့သည့်ဒီဇင်ဘာလမှာစတင်၍ ပုံမှန်ထက်အေးနေခဲ့သည့် စစ်ကိုင်းတိုင်း၊ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင်လည်း ဆက်လက် အအေးပိုနိုင်ကြောင်း ခန့်မှန်းထားသည်။

ဇန်နဝါရီလ ၂၇ရက်မှ ဖေဖော်ဝါရီလ ၂ ရက်အတွင်း ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်း၊ မန္တလေးတိုင်းတို့တွင် မိုးအနည်းငယ်ရွာနိုင်ပြီး ဖေဖော်ဝါရီ ၁ရက်နှင့် ဖေဖော်ဝါရီ၂ရက်တွင် ကချင်ပြည်နယ်၌ နှင်းမိုးရွာနိုင်သည်ဟုသတိပေးထားသည်။

ကချင်ပြည်နယ်အတွင်း အအေးပိုသောဒေသများဖြစ်သည့် တရုတ်နိုင်ငံနှစ်နယ်စပ်ဒေသများ၌ ရေခဲသည့်အထိ အေးနေသည်ဟု ဒေသခံများကပြောသည်။

ဆက်စပ်သတင်းများ