close
Connect with us

Hi, what are you looking for?

သတင်း

ဗိုလ်ချုပ်ထွန်းမြတ်နိုင် ထုတ်ပြလိုက်တဲ့ ရခိုင်ပြင်ပက စခန်းသိမ်းတိုက်ပွဲ

ပဲခူးတိုင်းအတွင်း တိုက်ခိုက်သိမ်းယူထားသည့် စခန်းသိမ်းတိုက်ပွဲသတင်းဓာတ်ပုံတစ်ပုံကို အာရက္ခတပ်တော်(AA)မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ၎င်း၏ X လူမှုကွန်ရက်အကောင့်တွင် ယနေ့(ဇန်နဝါရီလ၂၇ရက်)ညနေပိုင်း၌ဖော်ပြလိုက်သည်။

AA နှင့် ပူး​ပေါင်းတပ် သိမ်းပိုက်ခဲ့​​သော စစ်တပ်စခန်းမှ လက်နက်ခဲယမ်းများ။ဓါတ်ပုံ-ဗိုလ်ချုပ်ထွန်းမြတ်နိုင်X လူမှုကွန်ရက်

ကဖေး/People’s Spring

ပဲခူးတိုင်းအတွင်း တိုက်ခိုက်သိမ်းယူထားသည့် စခန်းသိမ်းတိုက်ပွဲသတင်းဓာတ်ပုံတစ်ပုံကို အာရက္ခတပ်တော်(AA)မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ၎င်း၏ X လူမှုကွန်ရက်အကောင့်တွင် ယနေ့(ဇန်နဝါရီလ၂၇ရက်)ညနေပိုင်း၌ဖော်ပြလိုက်သည်။

တိုက်ပွဲအတွင်းသိမ်းဆည်းရမိထားသည့် လက်နက်ခဲယမ်းများ၊ ဂျန်ပါများနှင့် စစ်သုံးပစ္စည်းအများအပြားနှင့်အတူပဲခူးတိုင်းဒေသကြီးမှကြိုဆိုပါ၏ ဆိုင်းဘုတ်အောက်တွင် ရိုက်ကူးထားသည့်ဓာတ်ပုံကို ဖော်ပြခြင်းဖြစ်သည်။

မည်သည့်မြို့ဖြစ်သည်ကို အသိပေးထားခြင်းမရှိပေ။

Public Service Announcement

Public Service Announcement

သို့​သော်AA သိမ်းယူလိုက်သည့် စခန်းမှာ ပဲခူးတိုင်း၊ ပန်းတောင်းမြို့ရှိ မိုးထိတောင်ဗျူဟာဟု စစ်ရေးသတင်းရင်းမြစ်တဦးက​ပြောသည်။

ဧရာဝတီတိုင်း၊ပဲခူးတိုင်း၊ မကွေးတိုင်းမှနယ်စပ်ဒေသများ၌ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်း AAက ဇန်နဝါရီလ၂၀ရက်တွင် ပထမဆုံးအကြိမ်အသိပေးခဲ့ပြီးနောက် ရက်သတ္တပတ်တစ်ပတ်တိတိတွင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က စခန်းသိမ်းတိုက်ပွဲမှတ်တမ်းဓာတ်ပုံတစ်ပုံကို ဖော်ပြလာခြင်းဖြစ်သည်။

” ဗိုလ်ချုပ်ကတော့ အရိပ်အမြွက်ပြပြီ။သိပ်မကြာခင်သတင်းထုတ်ပြန်လာလိမ့်မယ်”ဟုAAနှင့်နီးစပ်သည့်သတင်းရင်းမြစ်တစ်ဦးကပြောသည်။

AAနှင့် ပူးပေါင်းတပ်များသည် ရခိုင်ပြည်နယ်နှင့်ဆက်စပ်နေသော ဧရာဝတီတိုင်း၊ပဲခူးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်အချို့တို့မှ စစ်ကောင်စီစခန်းများကို တိုက်ခိုက်နေသည်။

ဧရာဝတီတိုင်းအတွင်းရွှေသောင်ယံမြို့နယ်၊ မကျီးစင်ကျေးရွာတွင်ဇန်နဝါရီလ ၈ ရက်နေ့က တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည်။ ရွှေသောင်ယံမြို့နယ်မှ မကျီးစင်ရွာ၊ ဘောမိရွာတို့ကို AAက တိုက်ခိုက်သင်ယူထားသည်။လက်ရှိတွင် ရေကြည်မြို့နယ်နှင့်ထိဆက်နေသော ရခိုင်ရိုးမထဲ၌ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီကလက်နက်ကြီးများဖြင့် အပြင်းအထန်ပစ်ခတ်တိုက်ခိုက်နေသည်။

တောင်ကုတ်မြို့နယ်နှင့်ထိဆက်နေသော ပဲခူးတိုင်း ဥသျှစ်ပင်မြို့နယ်၌လည်း AAပူးပေါင်းမဟာမိတ်တပ်များက စစ်ကောင်စီစခန်းများကိုတိုက်ခိုက်နေသည်။

အမ်း-ပဒါန်း ကားလမ်းမအနီးပတ်ဝန်းကျင်တွင်လည်း တပ်မ (၈၈)၊ (၉၉) လက်အောက်ခံတပ်ရင်း‌များ၊ မကွေး၊ ကပစ မှစစ်ကောင်စီတပ်ဖွဲ့များနှင့် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီးစစ်ကောင်စီရုပ်အလောင်းအမြောက်အမြားနှင့် လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းအများအပြားသိမ်းဆည်းရမိခဲ့ပြီး သုံ့ပန်းအချို့ ဖမ်းမိထားတယ်လို့ AAက ဇန်နဝါရီလ၂၀ရက်ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)က ပဲခူး- ရခိုင်အစပ် ၊ ဧရာဝတီ-ရခိုင် အစပ် ၊ မ​ကွေး-ရခိုင်အစပ်တို့တွင် စစ်တပ်စခန်း ၃ ခုသိမ်းဆည်းရရှိ​ကြောင်းယ​နေ့(ဇန်နဝါရီ ၂၇ )ည တွင်ထုတ်ပြန်လိုက်သည်။

ဆောင်းပါး

အာရက္ခတပ်​တော် (AA)ရဲ့ ရခိုင်ပြည်နယ် နဲ့ ထိစပ်​နေတဲ့ တိုင်း ၃ တိုင်းအထိပါ ထိုးစစ်ဆင်​​နေတဲ့အ​ကြောင်း ဒီတစ်ပါတ်​ပြောပြပါမယ် ။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များကြား နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပွားခဲ့ရာ နှစ်ဘက်ထိခိုက်သေဆုံးမှုများရှိပြီး စစ်ရေးတင်းမာလျှက်ရှိကြောင်း တောင်ငူခရိုင်အခြေစိုက် ပုဝါနီစစ်ကြောင်းနှင့် နေပြည်တော် PDF တပ်ရင်း(၉၀၁)တို့ထံမှ သတင်းရရှိသည်။

သတင်း

တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂)စစ်ဒေသခွဲနယ်မြေတွင် ၃ရက်အတွင်း စစ်ကောင်စီတပ်သား ၁၇ဦးသေဆုံးအောင် တိုက်ခိုက်နိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းစစ်ဒေသက သတင်းထုတ်ပြန်သည်။