close
Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်မြို့သိမ်းတိုက်ပွဲမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သားနှင့် မိသားစုဝင် ၁၆ဦးထိ ဖမ်းမိထားဟု ယောဗျူဟာ ပြော

ချင်းပြည်နယ်၊ မင်းတပ်မြို့ ခလရ(၂၇၄)တပ်ရင်းမှ စစ်ရှုံး၍ စခန်းစွန့်ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့များကို မကွေးတိုင်း ယောဒေသ အခြေပြု ဗျူဟာအမှတ်(၈၁) ယောဗျူဟာက သုံးကြိမ်ဖမ်းဆီးရမိခဲ့ရာ စစ်ကောင်စီတပ်သားနှင့် မိသားစုဝင် ၁၆ဦးအထိရှိသည်ဟု ယောဗျူဟာ တာဝန်ရှိသူ ကိုပုဂံက ပြောသည်။

ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ကို မကွေးတိုင်း ယောဒေသ အခြေပြု ဗျူဟာအမှတ်(၈၁) ယောဗျူဟာက ဖမ်းမိထားစဉ်။ ဓာတ်ပုံ - ယောဗျူဟာ

ဟန်နွေ/People’s Spring

ချင်းပြည်နယ်၊ မင်းတပ်မြို့ ခလရ(၂၇၄)တပ်ရင်းမှ စစ်ရှုံး၍ စခန်းစွန့်ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့များကို မကွေးတိုင်း ယောဒေသ အခြေပြု ဗျူဟာအမှတ်(၈၁) ယောဗျူဟာက သုံးကြိမ်ဖမ်းဆီးရမိခဲ့ရာ စစ်ကောင်စီတပ်သားနှင့် မိသားစုဝင် ၁၆ဦးအထိရှိသည်ဟု ယောဗျူဟာ တာဝန်ရှိသူ ကိုပုဂံက ပြောသည်။

ချင်းညီနောင်မဟာမိတ်များက ၂၀၂၄ ဒီဇင်ဘာ ၂၁ရက်တွင် ခလရ(၂၇၄)တပ်ရင်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ရာ အဆိုပါတပ်စခန်းမှ စစ်ကောင်စီတပ်သားများ လက်နက်ချ အလင်းဝင်ရောက်မှုရှိသလို မကွေးတိုင်းဘက်သို့ ထွက်ပြေးသွားမှုများလည်းရှိခဲ့သည်။

ထိုသို့ထွက်ပြေးသူများအနက် ယောဗျူဟာက ဒီဇင်ဘာ ၂၇ရက်တွင် စစ်ကောင်စီတပ်သား ၈ဦးနှင့် မိသားစုဝင် ၄ဦး စုစုပေါင်း ၁၂ဦးကို ပထမအကြိမ်ဖမ်းမိခဲ့ပြီး ဒီဇင်ဘာ ၃၁ရက်တွင် စစ်ကောင်စီတပ်သား ၃ဦးကို ထပ်မံဖမ်းမိခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့နောက် ဇန်နဝါရီ ၁၅ရက်တွင် မင်းတပ်မြို့မှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ကြပ် တစ်ဦးအား ထပ်မံဖမ်းဆီးရရှိခဲ့သည်ဟု ကိုပုဂံကပြောသည်။

” တောထဲပုန်းအောင်းပြီးမှ လွတ်မယ်ထင်ပြီး ပေါ်လာကြတာနေမှာ။ လက်နက်တွေမပါလာဘူး။ လမ်းမှာ ဖွက်ထားခဲ့ကြတယ်”ဟု ကိုပုဂံက ပြောကြားသည်။

အဆိုပါ ဖမ်းမိထားသည့် စစ်ကောင်စီတပ်သား ၁၂ဦးနှင့် မိသားစုဝင် ၄ဦး စုစုပေါင်း ၁၆ဦးကို ယောနယ်တနေရာတွင် စစ်ဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းထားကြောင်းလည်း ယောဗျူဟာက အသိပေးထားသည်။

ယောဗျူဟာသည် ဂန့်ဂေါခရိုင် အမှတ်(၁၃၊ ၁၅၊ ၁၆၊ ၁၇၊၁၈) စသည့် တပ်ရင်း ၅ခုကို စုဖွဲ့ထားခြင်းဖြစ်ပြီး ယောဒေသအတွင်း စစ်ကောင်စီတပ်များကို တိုက်ခိုက်လျက်ရှိသည်။

ချင်းညီနောင် မဟာမိတ်တပ်များ၏ မင်းတပ်မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သားနှင့် ရဲအများအပြားကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးနိုင်ခဲ့ပြီး လက်နက်ခဲယမ်းများစွာကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်။

မင်းတပ်မြို့သိမ်းပိုက်ပြီးနောက် နယ်မြေခြင်းဆက်စပ်နေသည့် ကန်ပက်လက်မြို့မှ စစ်ကောင်စီတပ်သားများနှင့် ရဲများလည်း မြို့ကို စွန့်ခွာသွားရာ ချင်းညီနောင်က ဒီဇင်ဘာ ၂၂ရက်တွင် ကန်ပက်လက်ကို သိမ်းနိုင်ခဲ့သည်။

အဆိုပါ ကန်ပက်လက်မြို့မှ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း ယောဒေသရှိ တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခြင်း၊ အရှင်ဖမ်းမိခဲ့သည့် ဖြစ်စဉ်အချို့ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်က ပုပ္ပါးမြို့ရဲ့မြောက်ဘက် ပုပ္ပါး-ဝဲလောင်လမ်းပိုင်းမှာဒေသခံတွေကို စစ်ဆေးတာနဲ့ငွေကြေးတောင်းခံ​နေတဲ့ စစ်ကောင်စီတပ်တွေကို အပြန်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားတစီးပျက်စီးပြီး စစ်ကောင်စီတပ်သားတွေအထိခိုက်များနိုင်တယ်လို့ ပုပ္ပါးပြောက်ကျားတပ်(PoPa Production & Guerilla Force)အဖွဲ့က ပြောပါတယ်။

သတင်း

၂၀၂၅နှစ်သစ်​၏ ပထမနှစ်ပတ်အတွင်း စစ်ကောင်စီတပ်မှ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်းများထံ အလင်းဝင်သူ ၂၉ဦးရှိကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၃ရက်တွင် သတင်းထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီတပ်၏ ဘုတ်ပြင်းမြို့နယ်အခြေစိုက် ခမရ(၅၅၉)တပ်ရင်းမှ တပ်သားသစ် ၂ဦးသည် လက်နက်များယူဆောင်ကာ အလင်းဝင်လာကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဒေါနတပ်ရင်းက ထုတ်ပြန်သည်။

သတင်း

ကချင်ပြည်နယ်၊ မံစီမြို့ရှိ စစ်ကောင်စီတပ်ရင်းဌာနချုပ်များမှ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများအား ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က လိုက်လံတိုက်ခိုက်ရာ အများအပြား ထပ်မံသေဆုံးခဲ့ဟု စစ်ရေး သတင်းရင်းမြစ်က ပြောသည်။