close
Connect with us

Hi, what are you looking for?

ရသ

“အိမ်အပြန်လမ်း”

မင်းအိမ်ပြန်ချင်တာ

ငါ ကိုယ်ချင်းစာပါတယ်

ဧရာမ တောင်တန်းကြီးတွေတောင်

ဝန်ရိုးစွန်းက သူ့အိမ်ရာဆီ

Public Service Announcement

Public Service Announcement

တနှစ်တခါ ပြန်ကြတယ်

ငါကြားဖူးတယ်

သူအိမ်ပြန်ရင်

ငလျင် တော်လည်းသံ

ငါတို့ ကြားရမယ်

အိမ်ပြန်ဖို့

သူဘယ်လောက် မွတ်သိပ် နေသလဲ

ကိုယ်ချင်းစာရတယ်

ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့

အိမ်ပြန်ချင်စိတ်ဟာ သဘာဝပဲ

ငါ ကိုယ်ချင်းစာပါတယ်

အိမ်မှာ

အမေတော့ မရှိတော့ဘူးတဲ့

အိမ်ကော ရှိသေးရဲ့လား

ဒါလည်း မသေချာဘူးတဲ့

သို့သော်

မင်းအိမ်ပြန်ချင်တယ်

သဘာဝကျပါတယ်

ရွာစွန်က

အမေ့အုတ်ဂူကလေးကိုတော့

ပြန်ကန်တော့မှ ဖြစ်မယ်

ဒီအတွက်

မင်းအိမ်ပြန်ချင်တယ်

ငါ နားလည်ပါတယ်

တကယ်က

ကမ္ဘာဦးအစမှာ

လမ်းဆိုတာ မရှိခဲ့ပါဘူးကွာ

အိမ်အပြန်လမ်းဆိုတာလည်း

သူ့အလိုလို

မိုးပေါ်က ကျလာမှာမဟုတ်

ငါတို့အိမ်အပြန်လမ်း

ငါတို့ကိုယ်တိုင် ဖောက်ရမယ်

မင်းလည်းသိ ငါလည်းသိတယ်

ငါတို့ခရီး

ငါတို့ သိပြီးသား

ဒီခရီးအတွက်

ဒီလမ်းကို ဖောက်ရမယ်

ငါတို့အသိဥာဏ်နဲ့

ငါတို့ကြွက်သားတွေ

အထပ်ထပ်ခင်းလို့

ဒီလမ်းကို ဖောက်ရမယ်

အခုဆို

လမ်းအူကြောင်းကို မြင်ရပြီ

ငါတို့ ဆက်ဖောက်ကြတာပေါ့

ငါတို့အသိဥာဏ်နဲ့

ငါတို့ကြွက်သားတွေ

အထပ်ထပ်ခင်းလို့

ဒီလမ်းအတိုင်း

မင်းအိမ်ပြန်ရမှာပဲ

မင်းအိမ်အပြန်ခရီးဟာ

ဒီလမ်းပေါ်မှာ ရှိနေတယ်

ဒီလမ်းအတိုင်း

အခု

မင်းအိမ်ပြန်နေပါတယ်

မင်း ခြေလှမ်းတိုင်းရဲ့ တော်လည်းသံ

တကမ္ဘာလုံး ကြား နေတယ်

မင်းအမေ

မင်းကို စောင့်နေပါတယ်။

■ မောင်တင်သစ်

၆၊ ဖေဖော်ဝါရီ၊ ၂၀၂၃။

(The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ ‘မောင်တင်သစ်’ ရဲ့ “အိမ်အပြန်လမ်း” ကဗျာတိုကို People’s Spring က ပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ရသ

တောင်ကုန်းတခုကို လိမ့်ဆင်းနေတဲ့ ကျောက်တုံးတတုံး တစုံတခုနဲ့တိုက်မိပြီး ရပ်သွားသလို အိမ်နဲ့အဝေးမှာ နှစ်အကြာကြီး မေ့မေ့လျော့လျော့ ပြေးလွှားနေခဲ့တဲ့ ကျနော့်ရဲ့အသိစိတ်က ဘာမှန်းမသိတဲ့ တစုံတခုနဲ့တိုက်ပြီး ရုတ်တရက် ရပ်တန့်သွားတယ်။

ရသ

ခွန်းနီ လူ့ဘဝဆိုတာရခဲတယ်ငါ့မြေးရဲ့ အဖွားရဲ့လက်သုံးစကားပဲ… ငယ်ငယ်တုံးကအမြဲနားယဥ်တဲ့စကား Public Service Announcement အခုရက်ပိုင်းတွေအဖွားကိုသတိရတယ် ဟုတ်ပါတယ်ကျွန်တော်မေ့နေလို့ပါ အဖွားမရှိတော့တာနှစ်ပေါင်းမနည်းတော့ အဖွားအဆုံးအမတွေနားထဲပြန်ပြန်ကြားနေရတယ် လူ့ပြည်ကအပ်တစ်စင်းနဲ့မိုးပေါ်ကအပ်တစ်စင်း ဒီအပ်နှစ်စင်းအပ်ဖျားချင်းထိမှ လူ့ဘဝဆိုတာရတတ်တာတဲ့ အတော်ခက်တဲ့ကိစ္စပဲပေါ့… အခုချိန်မှာအဖွားနဲ့ဒီအကြောင်းဆွေးနွေးချင်တယ် အဖွားစကားကိုငြင်းချက်ထုတ်ချင်တယ် တချို့တချို့များတော့လူ့အသက်တွေ လူ့ဘဝတွေ၊လူ့အိမ်မက်တွေကို ကြက်ကလေး၊ငှက်ကလေးများလို သတ်လိုက်ဖြတ်လိုက်နဲ့အဖွားရေ လွယ်လင့်တကူပါပဲလား…. အဖွားမလွယ်တဲ့ကိစ္စကိုသူတို့ဟာ လွယ်လွယ်လေးနဲ့ဖျတ်စီးနေကြတယ်...

ရသ

ပန်းနုဝင်း မှုန်ကုတ်ကုတ် တောင်တန်းပေါ်က လှုပ်တုတ်တုတ် အလင်းရောင်နောက်လိုက်နေတဲ့ မှိန်စုတ်စုတ် ဆေးထိုးအပ်တချောင်း။ Public Service Announcement အသက်ရှုမဝတဲ့ ဆေးရုံကို ရင်နာနာနဲ့ကျောခိုင်းခဲ့တာ ဘလေဘဇာဖြစ်နေတဲ့ ခေတ်ကို ပြောင်းစေချင်လို့။ ငရဲမီးတွေ ငါတို့နယ်ကို မလောင်ခင်ကတည်းက မီးမုန်တိုင်းထဲ တိုးဝင်ခဲ့တာ သတ္တိကောင်းလွန်းလွန်းလို့ မဟုတ်ဘူး။ အိမ်က...

ဆောင်းပါး

မုံရွာမြို့အပါအဝင် ရန်ကုန် ၊မန္တ​လေး မြို့များအပါအဝင် နိုင်ငံတစ်ဝန်း ငြိမ်းချမ်းစွာဆန္ဒပြသူများကိုစစ်တပ်က အကြမ်းဖက်ဖြိုခွင်း ​သေနတ်ဖြင့် ပစ်ခတ်ခဲ့၍ ​နွေဦး​တော်လှန်​ရေးတွင် ပြည်သူများ ​သွေး​မြေကျမှု အများဆုံး​နေ့ထဲမှတစ်​နေဖြစ်၏ ။