close
Connect with us

Hi, what are you looking for?

သတင်း

မြန်မာနဲ့ နယ်စပ်နားမှာ မူးယစ်မှောင်ခိုဂိုဏ်းနဲ့ ထိုင်းစစ်တပ် ပစ်ခတ်မှုဖြစ်၊ ဂိုဏ်းသား ၄ ဦးသေပြီး မူးယစ်ဆေး တစ်တန်ကျော် ဖမ်းဆီးရမိ

မြန်မာနဲ့ နယ်စပ်နားမှာ မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းသားတွေနဲ့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီး မှောင်ခိုသမား ၄ ယောက်ကို သုတ်သင်နိုင်ခဲ့သလို မက်သာမက်ဖက်တမင်း မူးယစ်ဆေး တစ်တန်ကျော်လောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းစစ်တပ်က ကြေညာခဲ့ပါတယ်။

မြန်မာနဲ့ နယ်စပ်နားမှာ မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းသားတွေနဲ့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီး မှောင်ခိုသမား ၄ ယောက်ကို သုတ်သင်နိုင်ခဲ့သလို မက်သာမက်ဖက်တမင်း မူးယစ်ဆေး တစ်တန်ကျော်လောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းစစ်တပ်က ကြေညာခဲ့ပါတယ်။

အဲဒီ နှစ်ဖက် ပစ်ခတ်မှုဟာ ဇန်နဝါရီ ၁၃ ရက်နေ့ ညပိုင်းက ချင်းရိုင် ပြည်နယ်ထဲမှာ ပေါ်ပေါက်ခဲ့တာလို့ ဖာမွမ်တပ်ဖွဲ့ အကြီးအကဲ ဗိုလ်ချုပ် ကီဒါကောင် ချန်ထရာက ပြောပါတယ်။ သူ့ရဲ့ တပ်ဖွဲ့ဟာ နယ်စပ်လုံခြုံရေးနဲ့ မူးယစ်ဆေးဝါး မှောင်ခိုမှု တိုက်ဖျက်ရေး ကဏ္ဍတွေမှာ အဓိက တာဝန်ယူ ကိုင်တွယ်နေတာ ဖြစ်ပါတယ်။

ကီဒါကောင်ဟာ မယ်ဖာလောင် ခရိုင်ထဲမှာရှိတဲ့ ဖန်မာဟာ ကျေးရွာနားက ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ နေရာကို ကိုယ်တိုင်သွားရောက် စုံစမ်းကြည့်ရှုခဲ့ပါတယ်။

ဇန်နဝါရီ ၁၄ ရက်နေ့မှာ ကီဒါကောင် ရောက်ရှိခဲ့တဲ့ နေရာဟာ မြန်မာပိုင်နက် နယ်စပ်တွေမှာ အခြေစိုက်တဲ့ ဒုစရိုက်ဂိုဏ်းတွေ လှုပ်ရှားသွားလာမှုကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ရွှေတြိဂံ ဒေသထဲမှာ ဆက်စပ် ပါဝင်နေပါတယ်။

Public Service Announcement

Public Service Announcement

အခင်းဖြစ်တဲ့နေ့က စစ်သားတွေဟာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ပုံမှန် ကင်းလှည့် စစ်ဆေးမှုတွေ လုပ်ဆောင်နေရင်း မသင်္ကာစရာ အိတ်တွေ သယ်ပိုးလာသူ တစ်စုကို တွေ့ရှိတာကြောင့် စစ်ဆေးဖို့ ချဉ်းကပ်ခဲ့ပါတယ်။ ဒါပေမဲ့ စစ်သားတွေကို အဲဒီလူစုက စတင်ပစ်ခတ်ခဲ့တဲ့နောက် မိနစ် ၂၀ ကြာ တိုက်ပွဲငယ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း၊ အဲဒီနောက်မှာတော့ မှောင်ခိုသမားတွေဟာ မြန်မာဖက်ခြမ်း နယ်စပ်ဆီ ပြန်ဆုတ်ခွာသွားကြောင်း သိရပါတယ်။

အဲဒီနေရာ တဝိုက်ကို ရှာဖွေရှင်းလင်းမှုတွေ လုပ်ဆောင်ပြီးတဲ့နောက် ထိုင်းလုံခြုံရေး တပ်ဖွဲ့တွေဟာ ကျည်ဆန်ထိမှန် သေဆုံးနေတဲ့ အလောင်း ၄ ခုနဲ့ မူးယစ်ဆေးဝါး ပမာဏ အမြောက်အမြားကို သိမ်းဆည်း ရမိခဲ့တာပါ။

စစ်သားတွေ သိမ်းဆည်းရမိခဲ့တဲ့ မက်သာမက်ဖက်တမင်း ဆေးဝါးတွေဟာ အိတ် ၃၅ လုံးထဲ ထည့်ထားပြီး အလေးချိန် ၁.၁၅၅ တန်လောက် ရှိတယ်လို့ ဆိုပါတယ်။ အဲဒီ မူးယစ်ဆေးတွေကို ထိုင်းမှာ ရောင်းချဖို့ ရည်ရွယ်ထားတာမျိုး မဟုတ်ဘဲ ထိုင်းနိုင်ငံကို ဖြတ်ပြီး တတိယ နိုင်ငံတစ်ခုဆီ တင်ပို့ဖို့ စီစဉ်ထားတာလို့ ယုံကြည်ရပါတယ်။

ထိုင်းစစ်တပ်နဲ့ အပြန်အလှန် ပစ်ခတ်ခဲ့တဲ့ မူးယစ်မှောင်ခိုဂိုဏ်းဟာ အရေအတွက် ၃၀ နဲ့ ၃၅ ယောက်ကြား ရှိနိုင်ကြောင်း ကီဒါကောင်က ပြောပါတယ်။

သူဦးဆောင်တဲ့ ဖာမွမ်တပ်ဖွဲ့ကို ၁၉၉၅ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး ချင်းမိုင်၊ ချင်းရိုင်တို့ အပါအဝင် ပြည်နယ် ၆ ခုရဲ့ နယ်စပ်လုံခြုံရေးအတွက် တာဝန်ယူထားကြောင်း သိရပါတယ်။

ကိုးကား The Nation

ဆက်စပ်သတင်းများ

သတင်း

လူမှောင်ခိုကူး ခံရပြီး မြန်မာ-ထိုင်း နယ်စပ်အခြေစိုက် ကျားဖြန့် ဒုစရိုက်ဂိုဏ်းတွေ ဖမ်းဆီး ထိန်းသိမ်းတာ ခံထားရတဲ့ နိုင်ငံသားတွေကို ကူညီကယ်ဆယ်နိုင်ရေးထိုင်းအာဏာပိုင်တွေနဲ့ပူးပေါင်းဆောင်ရွက်မယ့် အထူးအဖွဲ့ တစ်ခုကို ဟောင်ကောင်က စေလွှတ်ခဲ့ကြောင်း သိရပါတယ်။

သတင်း

ထိုင်းနဲ့ နယ်စပ်နား၊ မြန်မာပိုင်နက်ထဲမှာ လှုပ်ရှားနေတဲ့ လူကုန်ကူး ဂိုဏ်းတွေရဲ့ ဖမ်းဆီးခြင်း ခံထားရသူတွေကို ကူညီကယ်ဆယ်နိုင်ရေးအတွက် ထိုင်းနိုင်ငံက ထဲထဲဝင်ဝင် ပူးပေါင်း ဆောင်ရွက်ပေးဖို့ နိုင်ငံတကာ အဖွဲ့အစည်းတွေက တောင်းဆိုလာကြပါတယ်။

သတင်း

ပျောက်ဆုံးတရုတ်နိုင်ငံသား နှစ်ဦးကို ရဲတပ်ဖွဲ့ ရှာဖွေနေ

ဆောင်းပါး

တရုတ်မင်းသား ဝမ်ကျင် ​ခေါ် ကျင်ကျင်တစ်​ယောက် တစ်ရက်ကို သရုပ်​ဆောင်ခ ဘတ် ၁၂,၀၀၀ ​ပေးပြီး အလုပ်အပ်မယ်ဆိုတဲ့ We Chat ​ပေါ်က စည်းရုံးမှုကို အမှန်ထင်ခဲ့တာက ပြသာနာအစဖြစ်ပါတယ် ။