close
Connect with us

Hi, what are you looking for?

သတင်း

ဘောမိရွာတိုက်ပွဲ ဗျူဟာမှူးအပါအဝင်စစ်သား ၂၀၀ ခန့် အဆက်အသွယ်ပြတ်​နေ

တင့်ကားများကို မီးရှို့ဖျက်ဆီးပြီး စစ်‌ကောင်စီတပ်အကျအဆုံးများစွာဖြင့်ဆုတ်ခွာ

စစ်တပ်က ၂၀၁၈ ခုနှစ်တွင်​ရွှေ​သောင်ယံကမ်း​ခြေတွင် ကြည်း​ရေ​လေ ပူး​ပေါင်းစစ်​ရေး​လေ့ကျင့်မှုပြုလုပ်စဥ်။ စစ်တပ်သည်​နိုင်ငံတစ်ဝန်း​တော်လှန်​ရေးတပ်များ၏ ထိုးစစ်ကိုရင်ဆိုင်ရချိန်တွင် ဆက်တိုက်ရှုံးနိမ့်​နေသည်။ဓါတ်ပုံ-ကကကြည်း

ကဖေး/People’s Spring

ဧရာဝတီတိုင်း ၊ရွှေသောင်ယံမြို့နယ် ၊ ဘောမိရွာတိုက်ပွဲတွင် ​တော်လှန်​ရေးတပ်များ၏ တိုက်ခိုက်မှု​ကြောင့်စစ်​ကောင်စီတပ် မှဗျူဟာမှူးတဦးနှင့် အရာရှိများအပါအဝင်တပ်ဖွဲ့ဝင် ၂၀၀ခန့် အဆက်အသွယ်ပြတ်နေပြီး ပြန်သယ်ရန်ခက်ခဲသည့် တင့်ကား သုံးစီးထက်မနည်းကို စစ်တပ်ကကိုယ်တိုင် မီးရှို့ဖျက်ဆီးခဲ့သည်။

“ဘောမိကို ဖြန့်ခွဲပြီးသွားတာ ၅၀၀ မကဘူး။ ဗျူဟာမှူးနှစ်ဦးမှာ တစ်ဦးပဲကျတော်တို့ဆီ ပြန်ရောက်တယ်။ တစ်ဦး အဆက်အသွယ်ပြတ်နေတယ်။ကျတာက ၁၀၀ အနည်းဆုံးရှိတယ်။ ပြန်ရောက်လာတဲ့ ဒဏ်ရာရ ၈၀ ခန့်ကလည်း လက်နက်ပါမလာကြဘူး။ ချောင်းထဲ ဆင်းပြေးတာက ၂၀၀ ခန့်ရှိပြီး သူတို့လည်း ဘာတွေဖြစ်နေလဲ မသိဘူး။ တင့်တွေပါ မီးရှို့ဖျက်ဆီးခဲ့ရတာ” ဟု ပုသိမ်မြို့အခြေစိုက် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးက People’s Spring သို့ပြောသည်။

ဘောမိရွာသည် ရွှေသောင်ယံမြို့နှင့် ဘောမိချောင်းခြားသည်။ ‌ဇန်နဝါရီ ၁၆ရက်ညက တိုက်ပွဲသည့် အနီးကပ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သည် ဝရုန်းသုန်းကား ထွက်ပြေးသွားခဲ့​ကြကြောင်းစုံစမ်းသိရသည်။

Public Service Announcement

Public Service Announcement

“ဘောမိချောင်းက ပင်လယ်ထွက်ပေါက်လေ။ သဘ်ောကြီးတွေပါ ဝင်လို့ရတယ်။ အရမ်းကျယ်တယ်။ တိုက်ပွဲကနေ ပြေးတဲ့ စစ်ကောင်စီတပ်တွေ ချောင်းထဲဆင်းပြေးကြရတာ မှန်တယ်”ဟု သတင်းရင်းမြစ်တဦးကပြောသည်။

စစ်ကောင်စီသည် ဘောမိကျေးရွာကို အသေအချာခံစစ်ပြင်ခဲ့ပြီး ရက်ပိုင်းအတွင်း ထွက်ပြေးရခြင်းဖြစ်သည်။တိုက်ပွဲသည် အလွန်ပြင်းထန်ပြီး ဘောမိကျေးရွာချောင်းဖျားထိပ်တွင် အနီးကပ်တိုက်ပွဲဖြစ်ပွားခြင်းဟု သတင်းရရှိသည်။ စစ်ကောင်စီက လေကြောင်းမှခုခံတိုက်ခိုက်ရာ အိမ်ခြေ ၂၀၀ထက်မနည်းရှိသော ဘောမိရွာတွင် မုန်တိုင်းဒဏ်ခံ အဆောက်အဦ(ရှဲယ်တာ)တစ်ခု၊ဘုန်းကြီးကျောင်းတစ်ကျောင်း၊ အိမ်သုံးလုံးသာ ကျန်ရှိတော့သည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ပထမလပတ်က ဂွနှင့် ရွှေ သောင်ယံနယ်စပ်အနီးရှိ ကုလားချောင်း၊ ကျောက်ချွန်၊ ပေါက်တူးကွင်းအပြင် မကျီးဇင်ကျေးရွာအနီး၌ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး မကျီးဇင်ကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီက လေကြောင်းရော၊ ရေတပ်မှပါ ပစ်ခတ်ခဲ့သည်။ အရပ်သားသေဆုံးမှုရှိခဲ့သည်ဟုသတင်းကြားရသော်လည်း အသေးစိတ်မသိရှိရပေ။

ရွှေ သောင်ယံမြို့နယ်အတွင်း ဇန်နဝါရီလ ၁၂ရက်မှစ၍ တိုက်ပွဲငြိမ်သက်သွားပြီး ရံဖန်ရံခါလက်နက်ကြီးပစ်ခတ်သံများကိုသာကြားခဲ့ရသည်။ ရွှေ သောင်ယံနှင့် ဆက်စပ်နေသော သာပေါင်းမြို့နယ်အတွင်း၌မူ ပစ်ခတ်မှုများရှိခဲ့သည်။ ယခုအခါ တိုက်ပွဲသည် ဘောမိကျေးရွာအနီးတွင် ပြန်လည်ဖြစ်ပွားပြီး ရွှေ သောင်ယံမြို့နယ်အတွင်း ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။

တိုက်ပွဲအတွင်း သေဆုံးသူများ၊ဒဏ်ရာရသူများကို စစ်ကောင်စီက ဇန်နဝါရီလ ၁၇ရက်မှစ၍ပြန်သယ်ကာကာ ရွှေသောင်ယံ-ပုသိမ်လမ်း၊ ဂွ-ငါးသိုင်းချောင်းလမ်းအတိုင်း ဆုတ်ခွာလာကြောင်း သတင်းရရှိသည်။

စစ်ကောင်စီက ရွှေသောင်ယံမြို့နယ် ဝက်သေကမ်းခြေအနီးတွင် ကြည်းရေလေ အင်အားသုံး၍ခံစစ်ပြင်ထားသည်။ စစ်သင်္ဘောများသွားလာနေသည်ကိုတွေ့ရသည်။ မြို့ခံအများစုသည် အခြားနေရာများသို့ တိမ်းရှောင်‌နေကြသည်။ မြို့ခံများထွက်ခွာမသွားရန်၊ ဟိုတယ်များဆက်ဖွင့်ထားရန် စစ်ကောင်စီကခြိမ်းခြောက်ဖိအားပေးနေသည်။

ဧရာဝတီတိုင်းနှင့်ဆက်စပ်နေသော ဂွမြို့ကို အာရက္ခတပ်တော်( AA)က သိမ်းယူပြီးနောက် စစ်ကောင်စီက ရွှေသောင်ယံအပြင် သာပေါင်း၊ ရေကြည်၊ ငါးသိုင်းချောင်း၊ ကျုံပျော်၊ ပုသိမ်၊ဟင်္သာတမြို့မြို့နယ်တို့ဘက်တွင် အင်အားတိုးချဲ့ပြီး ခံစစ်ပြင်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ဂွမြို့နယ်စပ် နှင့် ရွှေသောင်ယံမြို့နယ်အတွင်း ခံစစ်အတွက် စစ်ရေယာဉ်ဖြင့် ပို့‌ဆောင်လိုက်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀၀ ကျော်သည် သေဆုံးဒဏ်ရာရအများအပြားဖြင့် ရွှေသောင်ယံ-ပုသိမ်လမ်း၊ ဂွ-ငါးသိုင်းချောင်းလမ်းအတိုင်း ပြန်ဆုတ်ခွာလာကြောင်း ​စုံစမ်းသိရသည်။

သတင်း

ဂွမြို့နယ် နှင့်ထိစပ်​နေ​သော ရွှေသောင်ယံမြို့နယ်အတွင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးသူများအနက် ရာထူးအကြီးပိုင်းမှပါနိုင်ပြီး လုံခြုံရေးယာဉ်တန်း ၁၅စီး ဝန်းရံထားသည့် စစ်တပ်သုံးလူနာတင်ကားဖြင့် ယ‌နေ့ ‌(ဇန်နဝါရီ ၁၂ရက်​နေ့ ) လာရောက်သယ်ဆောင်သွားသည်။