close
Connect with us

Hi, what are you looking for?

သတင်း

တောင်သာမြို့နယ်တွင် စစ်ကောင်စီတပ်က လေထီးဖြင့်ဗုံးကြဲ၍ ပြည်သူသုံးဦး သေဆုံး

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ညောင်ကုန်းကျေးရွာကို စစ်ကောင်စီတပ်က စက်တပ်လေထီးနှစ်စီးဖြင့် လာရောက်ဗုံးကြဲရာ ပြည်သူသုံးဦး သေဆုံးခဲ့ကြောင်း ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များက လူထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီတပ် ကြဲချတိုက်ခိုက်ခဲ့သည့်ဗုံးသီးအပိုင်းအစအချို့ကို တွေ့ရစဥ်(ဓာတ်ပုံ - ttainfo)

ကျော်ဇော/People’s Spring

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ညောင်ကုန်းကျေးရွာကို စစ်ကောင်စီတပ်က စက်တပ်လေထီးနှစ်စီးဖြင့် လာရောက်ဗုံးကြဲရာ ပြည်သူသုံးဦး သေဆုံးခဲ့ကြောင်း ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များက လူထုနွေဦးသို့ ပြောသည်။

ယနေ့(ဇန်နဝါရီ ၁၈ ရက်)နံနက် ၉ နာရီ ၄၅မိနစ်ခန့်က တောင်သာမြို့နယ်၊ ပန်းပေါင်းကျေး ရွာအုပ်စု၊ ညောင်ကုန်းကျေးရွာရှိ ပြည်သူ့နေအိမ်များပေါ်သို့ စစ်ကောင်စီတပ်မှ စက်တပ်လေထီးများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတစ်ဦး ဗုံးထိမှန်သေဆုံးခဲ့ခြင်းဟု ၎င်းတပ်ဖွဲ့များက ပြောသည်။

“အသက် ၅၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးနဲ့ အသက် ၇၀ကျော်အရွယ် အမျိုးသမီးတစ်ဦးလို့ သိရတယ်ဗျာ။ လေထီးစက်တပ်ယာဥ်နဲ့ ဗုံးကြဲတာ”ဟု ဒေသအခြေစိုက် PDF တပ်ရင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် ညောင်ကုန်းရွာဘုန်းကြီးကျောင်းအနီး ရွာလမ်းမနှင့် ပြည်သူနေ အိမ်အချို့ပေါ် ဗုံးသီးများကြဲချခဲ့ခြင်းဖြစ်ပြီး ဗုံးထိမှန်၍ (၇၈)နှစ်အရွယ် ဒေါ်ခင်သန်း၊ (၅၇)နှစ်အရွယ် ဒေါ်ခင်ညွှတ်တို့နေရာတင်သေဆုံးခဲ့သည့်အပြင် ပြင်းထန်ဒဏ်ရာရခဲ့သော ဦးအောင်မြင့်ဆိုသူမှာ ယနေ့ နေ့လယ် ၂ နာရီခွဲခန့်၌ ဆုံး ပါးသွားကြောင်း ၎င်းက ဆက်ပြောသည်။

အလားတူ ညောင်ကုန်းကျေးရွာအတွင်းရှိ ပြည်သူများ၏ အိမ်မွေးတိရိစ္ဆာအချို့လည်း ဗုံးထိမှန်သေဆုံးခဲ့ရာ နွားသုံးကောင်၊ ဝက်တစ်ကောင်းနှင့် သိုးတစ်ကောင် ထိခိုက်သေဆုံးခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့များထံမှ စုံစမ်းသိရသည်။

ဇန်နဝါရီ ၁၄ ရက် ည ၁၁ နာရီခန့်ကလည်း တောင်သာမြို့နယ်၊ ရုံးစဥ်လေးကျေးရွာပေါ်သို့ လူလိုက်ပါသည့် စက်တပ်လေထီး ၃စီးဖြင့် စစ်ကောင်စီတပ်က ဗုံးသီး(၈)လုံး ကြဲချတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းအုတ်တံ တိုင်းကျိုးပဲ့ပျက်စီး၍ နွားတစ်ကောင် ထိခိုက်ဒဏ်ရာရခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ - မန္တလေးလမ်းပိုင်း၌ စစ်ကောင်စီတပ်အား တိုက်ခိုက်ရာ ဗိုလ်တစ်ဦးအပါအဝင် ငါးဦးထက်မနည်းသေဆုံးကြောင်း ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်(PDF)မှ တာဝန်ရှိသူက ပြောသည်။

သတင်း

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ဆင်လူးကျေးရွာ၌ လာရောက်တပ်စွဲထားသော စစ်ကောင်စီတပ်အား ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မင်းဘူးခရိုင် တပ်ရင်း(၄)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်များထိန်းချုပ်ထားသည့် စစ်ကိုင်းတိုင်း၊ ခါမ်းပတ်မြို့ကို စစ်ကောင်စီက ယနေ့(ဇန်နဝါရီ ၁၆ရက်) ညပိုင်းတွင် ဗုံးကြဲတိုက်ခိုက်နေကြောင်း ဒေသခံများက ပြောသည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)နယ်မြေ ကော့ကရိတ်မြို့နယ်တွင် စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ ပြည်သူတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရခဲ့ကြောင်း KNUဗဟိုက သတင်းထုတ်ပြန်သည်။