close
Connect with us

Hi, what are you looking for?

သတင်း

မြောက်ဦးရှိ ယာယီအကျဉ်းစခန်းကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၍ စစ်သုံ့ပန်းများ သေဆုံး

ရခိုင်ပြည်နယ်တိုက်ပွဲများအတွင်း အာရက္ခတပ်တော်(AA)က ဖမ်းမိထိန်းသိမ်းထားသော စစ်သုံ့ပန်းများထားရှိသည့် မြောက်ဦးမြို့နယ်ရှိ ယာယီအကျဉ်းစခန်းကို စစ်ကောင်စီက ယမန်နေ့ညတွင် လေကြောင်းမှ ဗုံးငါးလုံးကြဲတိုက်ခိုက်ရာ စစ်သုံ့ပန်းအချ်ို့ သေဆုံးခဲ့သည်။

AAက ဖမ်းဆီးထားသော အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး (စကခမှူး) ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့်အဖွဲ့အား တွေ့ရစဉ်။ ဓာတ်ပုံ - AA

ကဖေး/People’s Spring

ရခိုင်ပြည်နယ်တိုက်ပွဲများအတွင်း အာရက္ခတပ်တော်(AA)က ဖမ်းမိထိန်းသိမ်းထားသော စစ်သုံ့ပန်းများထားရှိသည့် မြောက်ဦးမြို့နယ်ရှိ ယာယီအကျဉ်းစခန်းကို စစ်ကောင်စီက ယမန်နေ့ညတွင် လေကြောင်းမှ ဗုံးငါးလုံးကြဲတိုက်ခိုက်ရာ စစ်သုံ့ပန်းအချ်ို့ သေဆုံးခဲ့သည်။

ယမန်နေ့( ဇန်နဝါရီ ၁၈ ရက်)ည ၉ နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ခြင်းဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“ငါးလုံးတောင်ကြဲသွားတာ။ အဲ့နေရာက တပ်တော်က ယာယီအကျဉ်းစခန်ုလုပ်ထားတာ။ သေတာက သုံ့ပန်းတွေလို့ သိရပြီး။ အသေးစိတ် တော့ မေးလို့မရဘူး။ ကျနော်တို့မေးလည်းမမေးချင်ဘူးလေ”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

မြောက်ဦးမြို့ကို AAက ၁၀၂၇ စစ်ဆင်ရေးနှင့် အတူ ၂၀၂၄ဖေဖော်ဝါရီ ၈ရက်တွင် သိမ်းယူထားခြင်းဖြစ်သည်။

စစ်ကောင်စီသည် ၂၀၂၄ စက်တင်ဘာ ၉ရက်နှင့် စက်တင်ဘာ ၁၀ရက်ကလည်း ပေါက်တောမြို့နယ်နှင့် မောင်တောမြို့နယ်ရှိ စစ်သုံ့ပန်းများထားရှိသည့်အကျဥ်းစခန်းကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ဖူးသည်။

အထက်ပါတိုက်ခိုက်မှုတွင် စစ်သုံ့ပန်းအများအပြားသေဆုံးခဲ့ကြောင်း AAက သတင်းထုတ်ပြန်ခဲ့သည်။ မြောက်ဦးမြို့ရှိ ယာယီအကျဥ်းစခန်း လေကြောင်းတိုက်ခိုက်မှုကို AAက သတင်းမထုတ်ပြန်သေးပေ။

AAသည် တိုက်ပွဲများအတွင်း၌ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်း၊ တိုင်းဦးစီးချုပ်ဗိုလ်မှူးချုပ် ကျော်ကျော်သန်း၊အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) စကခမှူးဗိုလ်မှူးချုပ်သူရိန်ထွန်း၊ စကခ (၉)စကခမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းတို့အပြင် စစ်ကောင်စီတပ်ဖွဲ့မှအရာရှိများနှင့် တပ်ဖွဲ့ဝင်အများအပြား ဖမ်းမိထားသည်။

လက်ရှိတွင် စစ်ကောင်စီနှင့် AAသည် ရခိုင်ပြည်နယ်၏ မြို့တော်စစ်တွေမြို့အနီးနှင့် ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်စပ်ရှိ ဂွ-ရွှေသောင်ယံမြို့အနီး၊ တောင်ကုတ်နှင့် ဥသျှစ်ပင်လမ်းကြောနေရာအချို့၌ စစ်ရေးတင်းမာနေသည်။

ဆက်စပ်သတင်းများ

သတင်း

ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်များက အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာ၍ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီနှင့် ပြည်သူ့စစ်များ သေဆုံးထိခိုက်များပြားသည်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ခွန်အောင်မန်းက ပြောသည်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ် ကျောက်ဂူဒေသအား စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ရာ အရပ်သားပြည်သူ သုံးဦး သေဆုံးပြီး ၁၃ဦး ဒဏ်ရာရရှိကြောင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်(DPLA)​၏ သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။

သတင်း

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်းရှိ စော်ဘွားရေရှင်ကျေးရွာအနီးကို စစ်ကောင်စီက ယနေ့ (ဇန်နဝါရီလ ၁၈ရက်) နံနက် ၇နာရီခန့်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

သတင်း

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် ခမ်းပါတ်မြို့နှင့် အင်းတော်မြို့နယ်၊ မော်လူးမြို့တို့တွင် ယမန်နေ့ညပိုင်းက စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သား ငါးဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။