close
Connect with us

Hi, what are you looking for?

သတင်း

ပုပ္ပါးလမ်းပိုင်းမှာ စစ်ဆေးငွေတောင်းခံတဲ့ စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်က ပုပ္ပါးမြို့ရဲ့မြောက်ဘက် ပုပ္ပါး-ဝဲလောင်လမ်းပိုင်းမှာဒေသခံတွေကို စစ်ဆေးတာနဲ့ငွေကြေးတောင်းခံ​နေတဲ့ စစ်ကောင်စီတပ်တွေကို အပြန်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားတစီးပျက်စီးပြီး စစ်ကောင်စီတပ်သားတွေအထိခိုက်များနိုင်တယ်လို့ ပုပ္ပါးပြောက်ကျားတပ်(PoPa Production & Guerilla Force)အဖွဲ့က ပြောပါတယ်။

ပုပ္ပါးပြောက်ကျားတပ်(PoPa Production & Guerilla Force)အဖွဲ့က ရဲဘော်တွေကို တေ့ရစဉ်။ ဓာတ်ပုံ - PPPGF

မေ/People’s Spring

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်က ပုပ္ပါးမြို့ရဲ့မြောက်ဘက် ပုပ္ပါး-ဝဲလောင်လမ်းပိုင်းမှာဒေသခံတွေကို စစ်ဆေးတာနဲ့ငွေကြေးတောင်းခံ​နေတဲ့ စစ်ကောင်စီတပ်တွေကို အပြန်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားတစီးပျက်စီးပြီး စစ်ကောင်စီတပ်သားတွေအထိခိုက်များနိုင်တယ်လို့ ပုပ္ပါးပြောက်ကျားတပ်(PoPa Production & Guerilla Force)အဖွဲ့က ပြောပါတယ်။

ဇန်နဝါရီ ၁၅ရက် မနက် ၁၁နာရီလောက်က ကျောက်ပန်းတောင်းမြို့ပေါ်မှာ အထိုင်ချထားတဲ့ စစ်တပ်နဲ့ အမှတ်(၇၈) ခြေလျင်တပ်ရင်းက စစ်သားတွေဟာ Light Truck ကား၊လူနာတင်ကား၊ဟိုက်ဂျက်ကား စုစုပေါင်းကားသုံးစီးနဲ့ လာတာလို့ သိရပါတယ်။

“ကျွန်တော်တို့ဆွဲလိုက်တာက နောက်ဆုံးက လိုက်ထရက်ကားကိုစွဲလိုက်တာ။၃မိနစ်လောက်ကာ ပစ်ပစ်ပြီး ပြန်ဆုတ်လာတယ်။မျက်မြင်တွေရဲ့ပြောကြားချက်အရ အဲဒီကားကို ဘေးနားကပြည်သူရဲ့ လိုင်ထရက်ကားတစီးချောစွဲပြီး ပြန်စွဲသွားတယ်လို့သိရတယ် “လို့ ပုပ္ပါးပြောက်ကျားတပ်ဖွဲ့ရဲ့ ဒုတာဝန်ခံရဲဘော်ဗျတ္တက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကားတွေဟာ ကျောက်ပန်းတောင်းမြို့ထဲအထိ ပြန်ဝင်သွားပြီး စစ်ကြောင်းတစ်ခုက မိုင်းဆွဲခံရတဲ့အနားကို ခြေလျင် ကင်းပုံးလာဝပ်တာတွေရှိတယ်လို့လည်း ဆိုပါတယ်။

“စစ်တပ်က ဒီနားမှာကင်းပုန်းချပြီး ပြည်သူတွေကို မထင်ရင်မထင်သလို စစ်ဆေးငေါက်ငမ်းတာ၊တောင်းရမ်းတာတွေ လုပ်လာတယ်။စကစကို ကောင်းကောင်း သတိပေးချင်တာ။သူတို့နားမှာ ကျွန်တော်တို့ရှိတယ်ဆိုတာကိုကောင်း​ကောင်းသိစေချင်တာ “လို့ ကိုဗျတ္တက ပြောပါတယ်။

ပုပ္ပါးပြောက်ကျားတပ်ဖွဲ့ဟာ ပုပ္ပါးမြို့အခြေစိုက်တပ်ဖွဲ့တစ်ခုဖြစ်ပြီး တိုက်ပွဲကြီးဖော်ဆောင်ဖို့ လက်နက်ခဲယမ်းလိုအပ်ချက်တွေရှိနေတာမို့ အောင်လံလွှင့်မည်စကားဝါမြေ ကမ်ပိန်းပြုလုပ်နေပြီး ပုပ္ပါးမြေမှာ အောင်လံလွှင့်နိုင်ဖို့ ကမ်ပိန်းကိုပါဝင်ပေးကြဖို့လည်းတပ်ဖွဲ့က တောင်းဆိုထားပါတယ်။

ဒီအဖွဲ့ဟာ ပြီးခဲ့တဲ့ဒီဇင်ဘာကလည်း ပုပ္ပါးတောင်မကြီးပေါ်က စစ်ကောင်စီရဲ့ဆက်သွယ်ရေးစခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အရာခံဗိုလ်နဲ့တပ်သားတစ်ဦးတို့ကို လက်နက်နဲ့အတူဖမ်းဆီးခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

၂၀၂၅နှစ်သစ်​၏ ပထမနှစ်ပတ်အတွင်း စစ်ကောင်စီတပ်မှ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်းများထံ အလင်းဝင်သူ ၂၉ဦးရှိကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၃ရက်တွင် သတင်းထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီတပ်၏ ဘုတ်ပြင်းမြို့နယ်အခြေစိုက် ခမရ(၅၅၉)တပ်ရင်းမှ တပ်သားသစ် ၂ဦးသည် လက်နက်များယူဆောင်ကာ အလင်းဝင်လာကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဒေါနတပ်ရင်းက ထုတ်ပြန်သည်။

သတင်း

ကချင်ပြည်နယ်၊ မံစီမြို့ရှိ စစ်ကောင်စီတပ်ရင်းဌာနချုပ်များမှ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများအား ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က လိုက်လံတိုက်ခိုက်ရာ အများအပြား ထပ်မံသေဆုံးခဲ့ဟု စစ်ရေး သတင်းရင်းမြစ်က ပြောသည်။

သတင်း

ကျန်စစ်ကောင်စီတပ်သားများ လာရောက် ပူးပေါင်းရန် PDF တောင်ပိုင်းစစ်ဒေသ ဖိတ်ခေါ်

Facebook