သုည/People’s Spring
စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြဖို့ လှုံ့ဆော်တဲ့ သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (ဇန်နဝါရီ ၁၈)မှာ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ်စစ်ကြောင်းက ဦးဆောင်ကာ ပြည်သူတွေ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြဖို့ လှုံ့ဆော်ခဲ့ပါတယ်။
ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း အောင်လံလွှင့်မည်ရွှေရေကြည်လူထုသပိတ်စစ်ကြောင်းက ယင်းမာပင် ဆားလင်းကြီးရွာပေါင်းစုံသပိတ်နဲ့အတူ ပူးပေါင်းပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ပါတယ်။

Public Service Announcement
ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသမှာလည်း အာဏာရှင်ဆန့်ကျင်ရေးသပိတ်အင်အားစုက “၂ဝ၂၅ နှစ်သစ်မှာ စစ်အာဏာရှင်နိဂုံးချုပ်ဖို့ လူထုစွမ်းအားနဲ့ တိုက်ဖျက်စို့” ခေါင်းစဥ်နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် ပြုလုပ်ခဲ့ကြပါတယ်။
တနင်္သာရီမြို့နယ်မှာလည်း ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)မှ ဦးဆောင်ကာ ဒေသခံပြည်သူလူထုအား လေကြောင်းရန်ကာကွယ်ဖို့နည်းလမ်းတွေ ဖြန့်ဝေခဲ့ပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရန်လည်း လှုံ့ဆော်ဆန္ဒပြခဲ့ပါတယ်။
ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာပေါင်းစုံသပိတ်၊ ABFSU
