close
Connect with us

Hi, what are you looking for?

သတင်း

ပွင့်ဖြူမြို့နယ်တွင် တပ်လာစွဲသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ ကစင့်ကလျား တပ်ဆုတ်ပြေးသွားဟုဆို

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ဆင်လူးကျေးရွာ၌ လာရောက်တပ်စွဲထားသော စစ်ကောင်စီတပ်အား ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မင်းဘူးခရိုင် တပ်ရင်း(၄)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်နှင့် ပျူစောထီးများတပ်စွဲထားသည့် ဆင်လူးကျေးရွာအား တော်လှန်ရေးရဲဘော်များ တိုက်ခိုက်နေစဥ်။ ဓာတ်ပုံ - Earthquake Defence Force

ကျော်ဇော၊ရဲခေါင်/People’s Spring

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ဆင်လူးကျေးရွာ၌ လာရောက်တပ်စွဲထားသော စစ်ကောင်စီတပ်အား ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မင်းဘူးခရိုင် တပ်ရင်း(၄)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပျူစောထီးအားကောင်းသည့် ဆင်လူးကျေးရွာတွင် လာရောက်အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့ကို ယမန်နေ့(ဇန်နဝါရီ ၁၅)တွင် မင်းဘူးခရိုင် တပ်ရင်း(၄)နှင့် မဟာမိတ်တပ်ဖွဲ့များက ၆၀ မမ ဒရုန်းဗုံးသီးများနှင့် ကြဲချတိုက်ခိုက်ခဲ့ခြင်းဟု ၎င်းက ပြောသည်။

“ဒီရွာက ပျူစောထီးအားကောင်းပြီး ပျူရွာလုံးလုံးဖြစ်သွားတယ်။ အဲဒီပျူတွေနဲ့ စကစ တွေပေါင်းပြီး နေအိမ်တွေမှာ အထိုင်ချထားထာကို သွားရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေတော့ အဲဒီအိမ်တွေမှာ မရှိဘူးပေါ့နော်။ ဒါကြောင့် ကျနော်တို့က သူတို့အထိုင်ချထားတဲ့အိမ်တွေရဲ့ တည်နေရာအတိအကျနဲ့ ဒရုန်းဗုံးသီးတွေကြဲချတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်”ဟု မင်းဘူးခရိုင် တပ်ရင်း(၄)မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားများနေထိုင်ရာနေအိမ် ၁၀လုံးခန့် မီးလောင်၍ ကင်းတာဝန်ကျနေသော တပ်သားတစ်ဦးသေဆုံးကာ စစ်သားနှင့်ပျူစောထီးအများအပြား ဒဏ်ရာများရရှိသွားကြောင်း ၎င်းက ဆက်ပြောသည်။

ထို့ကြောင့် စစ်ကောင်စီဘက်မှ စလင်း-ကံပြားမှ လူနာတင်ယာဥ်သုံးစီးဖြင့် သေဆုံးနှင့် ဒဏ်ရာရသူများကို လာရောက်သယ်ဆောင်သွားခဲ့ကြသည်ဟု မင်းဘူးခရိုင် တပ်ရင်း(၄)က အသိပေးသည်။

အလားတူ ကျန်စစ်ကောင်စီတပ်သားများသည် ဆင်လူးကျေးရွာ၌ ဆက်မနေရဲတော့ဘဲ ကံပြားကျေးရွာဘက်သို့ ကစင့်ကလျားတပ်ဆုတ်သွားပြီး တော်လှန်ရေးမဟာမိတ်ပူး ပေါင်းတပ်ဖွဲ့ဝင်များမှာ တစုံတစ်ရာထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင့် အသိပေးထားသည်။

“ကျွန်တော်တို့အဖွဲ့အစည်းအနေနဲ့ စစ်ကောင်စီရှိသမျှနေရာတိုင်းကိုတိုက်ခိုက်သွားမှာ”ဟု အဆိုပါတိုက်ခိုက်မှုအတွင်းပါဝင်သော Earthquake Peoples Defence Forceမှ တာဝန်ရှိသူက ပြောသည်။

အထက်ပါ တိုက်ခိုက်မှုကို မင်းဘူးခရိုင်အမှတ်-၄ တပ်ရင်းနှင့်အတူ ပေါက်-မြိုင် စုဖွဲ့မှု ပ.က.ဖ၊ Yaung Force (PKU)၊ Earthquake Defence Force (PKU)၊ Joker(ပျောက်ကြားတပ်ဖွဲ့)၊ စေတုတ္တရာ ပ.အ.ဖ နှင့် မြိုင်မြို့နယ် ပ.က.ဖ(ဒရုန်းတပ်ဖွဲ့)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထုတ်ပြန် သည်။

ယခုကဲ့သို့ စစ်ရေးတိုက်ခိုက်မှုများ ဖော်ဆောင်နေဆဲကာလတွင် ပြည်သူများအနေဖြင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့်အတူ လာရောက်ပူးပေါင်းခြင်း၊ ထောက်ပံ့ကူညီခြင်းများဖြင့် တော်လှန်ရေးကြီး အမြန်ဆုံးပြီးမြောက်အောင်မြင်နိုင်ရေး ပါဝင်ကူညီပေးကြရန် မေတ္တာရပ်ခံပန်ကြားထားသည်။

ဆင်လူးရွာသည် ပုသိမ်-မုံရွာလမ်းပိုင်းဘေး၌တည်ရှိပြီး အိမ်ခြေ ၁,၅၀၀ ခန့်၊ လူဦးရေ ၃,၀၀၀ ခန့်ရှိကာ အဆိုပါကျေးရွာပြည်သူ့စစ်တပ်ဖွဲ့ကို အုပ်ချုပ်ရေးမှူးဖိုးအောင်က ခေါင်းဆောင်အဖြစ်ဆောင်ရွက်ပြီး ၎င်း၏ ညီဖြစ်သူ ကျော်သက်ဦးက ဒုခေါင်းဆောင်အဖြစ် တာဝန်ယူထားသည်။

ဒေသတွင်းစစ်ရေးအချက်အလက်များအရ ဆင်လူးရွာတွင် စစ်ကောင်စီတပ်နှင့်ပျူစောထီးအင်အား ၂၀၀ ကျော်ရှိကြောင်း သိရသည်။

စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် ပွင့်ဖြူမြို့နယ်အတွင် ပေါ်တာဆွဲဖမ်းဆီးခြင်းများလုပ်ဆောင်လျှက်ရှိရာ ဇန်နဝါရီ ၁၄ရက်က ထန်းတောစု၊ ဖလံတော၊ ကျောက်ကုန်း စသည့်ကျေးရွာများမှ ပြည်သူ ၄၀ဦးခန့် အတင်းအဓမ္မဖမ်းဆီးခြင်းခံထားရသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ငါန်းဇွန်မြို့နယ်၊လက်ပံကျင်းရွာကို မီးရှို့ဖျက်ဆီးပြီးဒေသခံတွေကို သတ်ဖြတ်ခဲ့တဲ့ စစ်တပ်နဲ့ပျူ​စောထီးတွေကို PDF​တွေက တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က၇ဦးသေဆုံးပြီး ဒဏ်ရာရသူအများအပြားရှိတယ်လို့ မြင်းခြံခရိုင်တပ်ရင်း-၇(Zero ပျောက်ကြားအဖွဲ့ )တပ်ရင်းမှူးဗိုလ်သက်ကြီးက​ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်တွင် စစ်ကောင်စီတပ်က ကျေးရွာများဝင်ရောက်၍ ပေါ်တာဆွဲဖမ်းဆီးနေရာ တစ်ရက်တည်းတွင် ဒေသခံပြည်သူ ၄၀ ခန့် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မင်းဘူးခရိုင် တပ်ရင်း(၄)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သတင်း

ကချင်ပြည်နယ် မံစီမြို့ရှိ စစ်ကောင်စီတပ်ရင်းဌာနချုပ်သုံးခုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ အဆိုပါ တပ်စခန်းများမှ စစ်ကောင်စီတပ်သားများ ဗန်းမော်မြို့ဘက်သို့ ထွက်ပြေးသွား၍ KIAပူးပေါင်းတပ်က လိုက်လံတိုက်ခိုက်ရာ စစ်ကောင်စီတပ် အထိနာခဲ့ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

သတင်း

တောင်သာမြို့အထက (၁) ထဲကို တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်းကဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်သား၁၀ဦးခန့်သေဆုံးပြီး ဒဏ်ရာနဲ့ထွက်ပြေးသွားတဲ့စစ်သားတွေလည်းရှိတယ်လို့တပ်ရင်း(၃)တပ်ရင်းမှူးကပြောပါတယ်။

Facebook