close
Connect with us

Hi, what are you looking for?

သတင်း

ရေးမြို့ရှိ စကခ(၁၉)လက်အောက်ခံတပ်များ စစ်ကြောင်းထိုးသဖြင့် တိုက်ပွဲများဖြစ်

■စစ်ကောင်စီတပ် ထိခိုက်သေဆုံးမှုများဟု ဒေါနစစ်ကြောင်း ပြော

ဒေါနစစ်ကြောင်းနှင့် မဟာမိတ်ပူးပေါင်းအဖွဲ့များမှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - ဒေါနစစ်ကြောင်း

ကျော်ဇော/People’s Spring

မွန်ပြည်နယ်၊ ရေးမြို့ အမှတ်(၁၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နှင့် (၄)မိုင်အကွာရှိ ကျုံလောင်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်များ သုံးရက်ဆက် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့​ပြီး စစ်ရေးတင်းမာနေသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဒေါနစစ်ကြောင်းမှူး စောဒါးကိုက ပြောသည်။

စစ်ကောင်စီတပ်နှင့် ဒေါနစစ်ကြောင်းအပါအဝင် မွန်၊ ကရင်တော်လှန်ရေးတပ်များကြားဖြစ်ပွားခဲ့သော ထိတွေ့တိုက်ပွဲမှာ ဇန်နဝါရီ ၉ရက်မှ ၁၁ရက်အထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး ယနေ့(ဇန်နဝါရီ ၁၆ ရက်)အထိ တိုက်ပွဲဖြစ်ပွားလျှက်ရှိသည်ဟု ဒေါကစစ်ကြောင်းက အသိပေးသည်။

အဆိုပါ နှစ်ဘက်တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ အရာရှိအပါအဝင် ၇၀ခန့် သေဆုံးပြီး ၃၀ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ရာ တိုက်ပွဲဖြစ်ပွားချိန် စစ်ကောင်စီတပ်မှ လေကြောင်းပစ်ကူ ၃ ကြိမ်ပြုလုပ်ခဲ့ပြီး ဘိုကလေးဘုန်းကြီးကျောင်းအနီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဒေါနစစ်ကြောင်းနှင့် မဟာမိတ်ပူးပေါင်းအဖွဲ့များမှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ – ဒေါနစစ်ကြောင်း

“ရွာသင်္ချိုင်း ၃ခုမှာ ၁၁ ရက်နေ့ကတည်းက နေ့ည ဘယ်သူမှပေးမဝင်ဘဲ မီးသဂြိုလ်တာ။ ကျနော်တို့ရွာထောက်လှမ်းရေးက အဲဒီမှာရှိလို့ သတင်းပို့လာပါတယ်”ဟု စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများနှင့်စပ်လျဥ်း၍ ဒေါနစစ်ကြောင်းမှူး စောဒါးကိုက လူထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီတပ်များသည် လက်နက်ကြီးဖြင့် နေ့စဉ်ရမ်းသမ်းပစ်ခတ်လျှက်ရှိပြီး စကခ – ၁၉လက်အောက်ခံ ခလရ – ၃၁၊ ခလရ – ၆၁၊ ခလရ – ၁၀၆၊ ခမရ – ၂၉၉၊ ခမရ – ၃၄၃၊ ခမရ – ၅၈၆၊ ခမရ – ၅၈၇၊ ခမရ – ၅၈၃၊ ခမရ – ၅၉၁၊ အမတ – ၃၁၆ တပ်ရင်းများမှ အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးလျှက်ရှိကြောင်း ဒေါနစစ်ကြောင်းက အသိပေးသည်။

နှစ်ဘက်တိုက်ပွဲများတွင် ဒေါနတပ်ရင်းနှင့် မွန်၊ ကရင် တော်လှန်ရေးအင်အားစုများမှ ရဲဘော် သုံးဦး ဒဏ်ရာရရှိပြီး ကျဆုံးမှုမရှိကြောင်း အသိပေးထုတ်ပြန်ထားသည်။

ဓာတ်ပုံ – ဒေါနစစ်ကြောင်း

“စစ်ရေးအခြေနေ ဆက်လက်တင်းမာနေတဲ့အတွက် ပြည်သူများ အနေနှင့် လေကြောင်း အန္တရာယ်၊ လက်နက်ကြီး အန္တရာယ် တွေအတွက် ကြိုတင်ပြင်ဆင်ထားပါ၊ ပြင်ဆင်ပုံ ပြင်ဆင်နည်းတွေကို တော်လှန်ရေးအဖွဲ့အသီးသီ၏ တရားဝင် ကြေငြာထားချက်များမှာ ကြည့်နိုင်ပါတယ်။ အကြမ်းဖက် စစ်ကောင်စီအဖွဲ့ဝင်များနှင့် နီးစပ်ရာမှာ မနေဖို့ သတင်းပါးလိုပါတယ်”ဟု ဒေါနတပ်ရင်းမှူး ရဲဘော်ရန်နိုင်က ပြောသည်။

ထိတွေ့တိုက်ပွဲများတွင် စစ်ကောင်စီတပ်ထံမှ ခဲယမ်းအချို့သိမ်းဆည်းရရှိထားပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဒေါနတပ်ရင်း၊ မွန်၊ ကရင်တော်လှန်ရေးအင်အားစုများ ဆက်လက်တိုက်ပွဲဝင်နေကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်အား တော်လှန်ရေးပူးပေါင်းတပ်များက ဗုံးသီး ၁၄ လုံးထက်မနည်း ကြဲချတိုက်ခိုက်ပြီး လက်နက်ငယ်များဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

သတင်း

တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းပစ်ကူပေးတိုက်ခိုက်ခဲ့သော်လည်း ၁၅ဦး သေဆုံးပြီး ၂၀ခန့် ဒဏ်ရာရခဲ့ကြောင်း အမှတ်(၁)စစ်ဒေသက အသိပေးသည်။

သတင်း

စစ်ကောင်စီတပ် စစ်ကြောင်းထိုးချိန် ပခုက္ကူမြို့နယ် ၊ဝါးကျွန်းတွင်းရွာ ၊ ထန်းတပင်နဲ့ ရေသာကြီးရွာတွေက ဒေသခံ ပြည်သူ ၃ ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

သတင်း

စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးပူးပေါင်းအဖွဲ့မှ အင်အား ၇၀ ခန့်သည်ဒီဇင်ဘာလ ၁၃ ရက်နေ့ကတည်းက စလင်းမြို့နယ်၊ စည်ဆွဲကျေးရွာအုပ်စုရှိ ကျေးရွာများသို့ တစ်ရွာဝင်တစ်ရွာက်ထွက် စစ်ကြောင်းထိုးဝင်ရောက်နေခြင်းဟု ဒေသခံများက ပြောသည်။

Facebook