close
Connect with us

Hi, what are you looking for?

သတင်း

မီဇိုရမ်မှာဝှက်ထားတဲ့ လက်နက် ၆လက်နဲ့ ကျည်​တွေကို ရဲတပ်ဖွဲ့ ရှာဖွေသိမ်းဆည်း၊ CNF ခေါင်းဆောင်ပိုင်း အပါအဝင် ၅ ဦး အဖမ်းခံရဟုဆို

အိန္ဒိယနိုင်ငံ၊ မီဇိုရမ် ပြည်နယ် ရဲတပ်ဖွဲ့ဟာ လက်နက်ခဲယမ်းတွေ သိုဝှက်ထားတဲ့ နေရာတစ်ခုကို ဖော်ထုတ်တွေ့ရှိခဲ့ကြောင်း India Today သတင်းဌာနက​ဖော်ပြပါတယ်။

လက်နက်ခဲယမ်း​သိမ်းရတဲ့ သတင်းနဲ့အတူ India Today ​ဖော်ပြခဲ့တဲ့ ဓါတ်ပုံ

အိန္ဒိယနိုင်ငံ၊ မီဇိုရမ် ပြည်နယ် ရဲတပ်ဖွဲ့ဟာ လက်နက်ခဲယမ်းတွေ သိုဝှက်ထားတဲ့ နေရာတစ်ခုကို ဖော်ထုတ်တွေ့ရှိခဲ့ကြောင်း India Today သတင်းဌာနက​ဖော်ပြပါတယ်။

ပြည်နယ်ရဲတပ်ဖွဲ့နဲ့ ထောက်လှမ်းရေး အေဂျင်စီတစ်ခု ပူးပေါင်းပြီး မာမစ်ခရိုင်၊ အနောက် ဖိုင်လန်း ရဲတပ်ဖွဲ့အပိုင် ဧရိယာထဲမှာရှိတဲ့ ဆိုင်ထားကျေးရွာ အစွန်အဖျား နေရာတစ်ခုကို စီးနင်းရှာဖွေရင်း ​သေနတ် ၆ လက်နဲ့ကျည်​တွေ သိမ်းဆည်းရမိခဲ့တာ ဖြစ်ပါတယ်။

မီဇိုရမ်မှာ ခွဲထွက်ရေး အင်အားစုတွေနဲ့ တခြား တရားမဝင် လက်နက်ကိုင် အဖွဲ့အစည်းတွေ လှုပ်ရှားလေ့ရှိပြီး အခု သိမ်းဆည်းရမိမှုဟာ တရားမဝင် စစ်လက်နက်တွေ အများဆုံး ရှာတွေ့တဲ့ ဖြစ်စဉ်တွေထဲက တစ်ခုလို့ ပြည်နယ် ရဲတပ်ဖွဲ့က ပြောပါတယ်။

ရဲတွေဟာ ​သေနတ် ၆ လက်၊ အဲဒီ သေနတ်တွေအတွက် ကျည်အတောင့် ၁၀၀၅၀ တောင့်၊ ကျည်ကတ် ၁၃ ခုတို့ကို သိမ်းဆည်းရမိသလို အမှုနဲ့ ဆက်စပ်တဲ့ သံသယရှိသူ ၅ ဦးကို ထိန်းသိမ်းထားခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အဖမ်းခံရသူတွေထဲမှာ မြန်မာ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အင်အားစု တစ်ခုဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး (CNF)ရဲ့ ခေါင်းဆောင်ပိုင်းတစ်ဦး ပါဝင်တယ်လို့လည်း မီဇိုရမ် ရဲတပ်ဖွဲ့က ပြောပါတယ်။

ကနဦး စစ်ဆေးမှုတွေအရ အဲဒီလက်နက်တွေဟာ CNF နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်း တောင်

ကြောမှာ အခြေစိုက် လက်နက်ကိုင် အင်အားစု တစ်ခုဖြစ်တဲ့ သွေးစည်းရေး ပြည်သူ့ ဒီမိုကရက်တပ် တပ်ဦး (UPDF-P)ကြား အလဲအလှယ်လုပ်ဖို့ ရည်ရွယ်ထားတာ ဖြစ်တယ်လို့ သတင်းကဆိုပါတယ်။

ဒီသတင်းနဲ့ ပါတ်သက်ပြီး People’s Spring က CNF ကိုဆက်သွယ် မှတ်ချက်​တောင်းဖို့ကြိုးစား​နေဆဲ ဖြစ်ပါတယ် ။

အခုကိစ္စဟာ အိန္ဒိယရဲ့ အိမ်နီးချင်း နိုင်ငံတွေမှာ အခြေစိုက်တဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေကြား တရားမဝင် လက်နက် အရောင်းအဝယ်ဆိုင်ရာ ကူးလူးဆက်ဆံမှုတွေ ရှိနေတာကို ထင်ရှား မြင်သာလာစေတယ်လို့ မီဇိုရမ် ရဲတပ်ဖွဲ့က ဆိုပါတယ်။

အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး အနောက် ဖိုင်လန်း ရဲစခန်းမှာ မီဇိုရမ် ရဲတပ်ဖွဲ့က အမှုဖွင့်ထားပြီး နောက်ဆက်တွဲ စုံစမ်းမှုတွေ ဆက်လက် လုပ်ဆောင်နေသလို လက်နက် မှောင်ခို ကွန်ရက်တွေကို ဖော်ထုတ် အရေးယူဖို့ ကြိုးစားနေတယ်လို့လည်း ကြေညာထားပါတယ်။

ကိုးကား – India Today

ဆက်စပ်သတင်းများ

သတင်း

တရုတ်နိုင်ငံမှအပ အခြားနိုင်ငံများအထူးသဖြင့် အနောက်နိုင်ငံများနှင့် ဆက်ဆံရေးမပြုလုပ်ရန်လည်း တရုတ်ဘက်က တားမြစ်မှုများ ရှိနေသည်ဟု ဆိုသည်။

သတင်း

နိုဝင်ဘာ ၁ရက်တွင် ချင်းအမျိုးသား တပ်ဦး (CNF) ဒုဥက္ကဋ္ဌ(၂) ဒေါက်တာရွှေခါးရ်က ပြည်သူများသို့ ပြောကြားသည့် ပန်ကြားချက်ကို Chinland Information Centerက ဖော်ပြခဲ့သည်။

ဆောင်းပါး

စစ်​ကောင်စီ၏ ​​ထောင်​ချောက်ဆင်မှုတဝက် ၊သွေးခွဲမှုတစ်ဝက်ဖြင့် လက်နက်စွန့် ​​ပါတီ​ထောင်​ရွေး​ကောက်ပွဲဝင်ရန် ကမ်းလှမ်းမှုကို တော်လှန်​ရေးအင်အားစုများက တညီတညွတ်တည်းငြင်းပယ်လိုက်သည်။

သတင်း

အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)နဲ့ အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ (EAO) သုံးဖွဲ့ကို အိန္ဒိယ အစိုးရက ဆွေးနွေးပွဲတစ်ခု တက်ရောက်ဖို့ ဖိတ်ကြားထားကြောင်း သိရပါတယ်။

Facebook