close
Connect with us

Hi, what are you looking for?

သတင်း

ငါန်းဇွန်မှာ ရွာမီးရှို့ဖျက်ဆီးတဲ့ စစ်​ကောင်စီတပ်ကို PDF ​တွေတိုက်ခိုက်

မန္တလေးတိုင်း၊ငါန်းဇွန်မြို့နယ်၊လက်ပံကျင်းရွာကို မီးရှို့ဖျက်ဆီးပြီးဒေသခံတွေကို သတ်ဖြတ်ခဲ့တဲ့ စစ်တပ်နဲ့ပျူ​စောထီးတွေကို PDF​တွေက တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က၇ဦးသေဆုံးပြီး ဒဏ်ရာရသူအများအပြားရှိတယ်လို့ မြင်းခြံခရိုင်တပ်ရင်း-၇(Zero ပျောက်ကြားအဖွဲ့ )တပ်ရင်းမှူးဗိုလ်သက်ကြီးက​ပြောပါတယ်။

စစ်​ကောင်စီစစ်​ကြောင်းကို တိုက်ခိုက်​ ပြီး မီးငြှိမ်းသတ်နေတဲ့ PDF ​များ။ ဓါတ်ပုံ-Zero ​ပြောက်ကျားတပ်

ရှိန်း/People’s Spring

မန္တလေးတိုင်း၊ငါန်းဇွန်မြို့နယ်၊လက်ပံကျင်းရွာကို မီးရှို့ဖျက်ဆီးပြီးဒေသခံတွေကို သတ်ဖြတ်ခဲ့တဲ့ စစ်တပ်နဲ့ပျူ​စောထီးတွေကို PDF​တွေက တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က၇ဦးသေဆုံးပြီး ဒဏ်ရာရသူအများအပြားရှိတယ်လို့ မြင်းခြံခရိုင်တပ်ရင်း-၇(Zero ပျောက်ကြားအဖွဲ့ )တပ်ရင်းမှူးဗိုလ်သက်ကြီးက​ပြောပါတယ်။

ဇန်နဝါရီလ၁၄ရက်နေ့ မနက်၆နာရီလောက်မှာ ငါန်းဇွန်မြို့ပေါ်ကစစ်တပ် နဲ့ မြို့သာစက်မှုဇုန်အနီးဝန်းကျင်ရွာ​​တွေကပျူစောထီးတွေအားလုံးပေါင်းပြီး အင်အား (၁၇၀) လောက်က လက်ပံကျင်းရွာကို ၆၀ မမအလုံး၂၀လောက်ပစ်ခတ်ပြီး စစ်​ကြောင်းထိုးဝင်လာတယ်လို့သိရပါတယ်။

လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသား၂ဦးနဲ့ကိုယ်ဝန်သည်တဦးပါ အမျိုးသမီး၂ဦးစုစု​ပေါင်း ၄ဦးသေဆုံးခဲ့ပါတယ်။အဲဒီစစ်ကြောင်းဟာကျေးရွာကိုမီးရှို့ဖျက်ဆီးခဲ့တာ​ကြောင့် အိမ်ခြေ ၆၀၀ ရှိတဲ့အထဲက ၄၀၀ကျော်မီးလောင်ပျက်စီးခဲ့တယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကြောင်းဟာ ရွာမြောက်ပိုင်းကိုထွက်လာတဲ့အချိန် တော်လှန်ရေးတပ်တွေက ကင်းပုန်းဝတ်ပြီးအနီးကပ်တိုက်ခိုက်ခဲ့တာလို့ တပ်ရင်းမှူးဗိုလ်သက်ကြီးကပြောပါတယ်။

တိုက်ပွဲဖြစ်ပွားချိန် ၂၅ မိနစ်လောက်ကြာခဲ့ပြီး စစ်တပ်ဘက်က ၇ ဦးခန့်မျက်မြင်သေဆုံးတယ်လို့ဆိုပါတယ် ။ဒါအပြင် ဒဏ်ရာရသူတွေလည်းရှိတယ်လို့သူကဆိုပါတယ်။

“အဲဒီအချိန်ဂျက်ဖိုက်တာဝဲလာတာရယ်၊သူတို့ဘက်ကဒရုန်းတွေပါလာတယ်။ဒရုန်းတွေက ကင်းပုံးနေရာတွေကိုဆက်တိုက်ချလာတာမို့ ခွာစစ်ဆင်ခဲ့ပါတယ်”လို့ဗိုလ်သက်ကြီးကပြောပါတယ်။

အဲဒီတိုက်ပွဲမှာ Zero ပျောက်ကြားတပ်-မြင်းခြံခရိုင်တပ်ရင်း(၇)၊ မြင်းခြံခရိုင်တပ်ရင်း(၆)၊ငါးဇွန်မြို့နယ်ပကဖ၊နယ်မြေခံပကဖတွေပူးပေါင်းတိုက်

ခိုက်ခဲ့ပြီး​တော့ စစ်ကူလမ်း​ကြောင်းဖြတ်​တောက်​ရေးအဖြစ် မန္တလေးခရိုင်တပ်ရင်း-၅က ဆောင်ရွက်ခဲ့တာလို့သိရပါတယ်။

PDF ​တွေဟာ မီး​လောင်​နေတဲ့ အိမ်​တွေကိုလည်း မီးငြှိမ်းသတ်ဖို့ ကြိုးစားခဲ့ကြ​သေးတယ်လို့လည်းသိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်တွင် စစ်ကောင်စီတပ်က ကျေးရွာများဝင်ရောက်၍ ပေါ်တာဆွဲဖမ်းဆီးနေရာ တစ်ရက်တည်းတွင် ဒေသခံပြည်သူ ၄၀ ခန့် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မင်းဘူးခရိုင် တပ်ရင်း(၄)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သတင်း

ကချင်ပြည်နယ် မံစီမြို့ရှိ စစ်ကောင်စီတပ်ရင်းဌာနချုပ်သုံးခုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ အဆိုပါ တပ်စခန်းများမှ စစ်ကောင်စီတပ်သားများ ဗန်းမော်မြို့ဘက်သို့ ထွက်ပြေးသွား၍ KIAပူးပေါင်းတပ်က လိုက်လံတိုက်ခိုက်ရာ စစ်ကောင်စီတပ် အထိနာခဲ့ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

သတင်း

တောင်သာမြို့အထက (၁) ထဲကို တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်းကဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်သား၁၀ဦးခန့်သေဆုံးပြီး ဒဏ်ရာနဲ့ထွက်ပြေးသွားတဲ့စစ်သားတွေလည်းရှိတယ်လို့တပ်ရင်း(၃)တပ်ရင်းမှူးကပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ငဖဲမြို့နယ် ၊ အမ်း-ပဒါန်းလမ်းပိုင်းရှိ ဂုတ်ကြီးရွာအနီးတွင်စစ်ကောင်စီတပ်နှင့် AAအပါအဝင် မဟာမိတ်တပ်များတို့ကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးဆက်တိုက်ကြဲ၍ စခန်းမကျ​အောင် ခုခံနေကြောင်း ဒေသခံများကပြောသည်။

Facebook