close
Connect with us

Hi, what are you looking for?

သတင်း

ခါမ်းပါတ်မြို့လေကြောင်းတိုက်ခိုက်ခံရမှု ကလေးငယ်နှစ်ဦးအပါအဝင် ခြောက်ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ခမ်းပါတ်မြို့မှ နေရာသုံးခုကို စစ်ကောင်စီက ယနေ့ညပိုင်းတွင် ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ်နှစ်ဦးအပါအဝင် ပြည်သူခြောက်ဦး သေဆုံးခဲ့ရကြောင်း ကနဦးသတင်းရရှိသည်။

PDFများ သိမ်းပိုက်ထားသော ခါမ်းပါတ်မြို့အား စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ပြီးနောက် ၂၀၂၃ ဒီဇင်ဘာ ဒုတိယပတ်က တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ကဖေး/People’s Spring

စစ်ကိုင်းတိုင်း၊ ခါမ်းပါတ်မြို့မှ နေရာသုံးခုကို စစ်ကောင်စီက ယနေ့ညပိုင်းတွင် ဗုံးကြဲတိုက်ခိုက်ရာ ကလေးငယ်နှစ်ဦးအပါအဝင် ပြည်သူခြောက်ဦး သေဆုံးခဲ့ရကြောင်း ကနဦးသတင်းရရှိသည်။

ခါမ်းပါတ်မြို့တစ်နေရာ၊ ကနန်ကျေးရွာနှင့် ထင်းဇင်ကျေးရွာ တစ်နေရာကို ယနေ့ (ဇန်နဝါရီ၁၆ရက်) ည ၈နာရီ ၂၁မိနစ်၊ ၂၂မိနစ်နှင့် ၃၆မိနစ်တို့တွင် ဗုံးတစ်လုံးစီကြဲချခြင်း ဖြစ်သည်။

သတင်းရင်းမြစ်တစ်ဦးက ကလေးငယ်နှစ်ဦး၊ ဘုန်းကြီးတစ်ပါးနှင့် အမျိုးသားသုံးဦး သေဆုံးခဲ့ကြောင်း ပြောသည်။ နောက်ထပ် သတင်းရင်းမြစ်ဦးက ယနေ့ညလေ ကြောင်းတိုက်ခိုက်ခံရမှုတွင် အရပ်သားငါးဦးသေဆုံးကြောင်း ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ တာဝန်ရှိသူတစ်ဦးကလည်း “အခုည ၈နာရီ ၂၅ မှစပြီး တမူးခရိုင် ခမ်းပါတ်မြို့ကို လေကြောင်းတိုက်ခိုက်မှု ၃ကြိမ်ပြုလုပ်ပါတယ်။ ကလေး၂ယောက်၊လူကြီး၃ယောက်၊ ဘုန်းကြီး၁ပါး သေဆုံးပါတယ်။ ကနဦးသတင်းရရှိပါတယ်”ဟု အသိပေးထားသည်။

နောက်ထပ်လေကြောင်းတိုက်ခိုက်ခံရမည်ကို ဒေသခံများစိုးရိမ်နေကြပြီး ဗုံးခိုးကျင်းများအတွင်း ပုန်းအောင်းနေကြရသည်။

ခမ်းပါတ်မြို့ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ၂၀၂၃ နိုဝင်ဘာ ၇ရက်တွင် တိုက်ခိုက်သိမ်းပိုက်ထားသည်။

စစ်ကောင်စီသည် တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့်မြို့နယ်များကို ၂၀၂၅ ဇန်နဝါရီလဆန်းမှစ၍ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့မှ ပျူစောထီးအားကောင်းရာ ကနီကျေးရွာသို့ ရိက္ခာပို့လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းအား တိုက်ခိုက်ရာ ထိခိုက်မှုရှိကြောင်း Myaing Supporting Battalion တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်များထိန်းချုပ်ထားသည့် စစ်ကိုင်းတိုင်း၊ ခါမ်းပတ်မြို့ကို စစ်ကောင်စီက ယနေ့(ဇန်နဝါရီ ၁၆ရက်) ညပိုင်းတွင် ဗုံးကြဲတိုက်ခိုက်နေကြောင်း ဒေသခံများက ပြောသည်။

သတင်း

ရခိုင်ပြည်နယ်၊ အမ်းမြို့သိမ်းတိုက်ပွဲမှထွက်ပြေးလာသော စစ်ကောင်စီတပ်သား ၁၂ဦး ထပ်မံဖမ်းဆီးရမိပြီး တိုက်ပွဲများအတွင်း ငါးဦးသေဆုံးသွားကြောင်း ချင်းကာကွယ်ရေးတပ်-အရှို(CDF-Asho)မှ တပ်ဖွဲ့တာဝန်ခံ ဆလိုင်းဒါဝိဒ်က လူထုနွေဦးသို့ ပြောသည်။

ဆောင်းပါး

နွားအုပ်ကိုသိမ်းလာတဲ့ ဒေါ်မြ(အမည်လွှဲ)တစ်ယောက် မောကြီးပန်းကြီးနဲ့ အိမ်အဖီလေးထဲဝင်လာပြီး ရေအိုးစင်ကနေ ရေတစ်ခွက်ခပ်သောက်တယ်။ ရေသောက်ပြီးတော့ ခုံတန်းလျားပေါ်ခြေပစ်လက်ပစ်ထိုင်ချတယ်။ ဆောင်းညနေ ဖြစ်ပေမယ့် ချွေးတွေက ဒေါ်မြ နဖူးမှာခပ်စို့စို့ထွက်နေတယ်။ ဒေါ်မြ မသုတ်အားသေးဘူး။

Facebook