close
Connect with us

Hi, what are you looking for?

ရသ

‘မှိန်စုတ်စုတ် ဆေးထိုးအပ်တချောင်း’

◼️ပန်းနုဝင်း

မှုန်ကုတ်ကုတ် တောင်တန်းပေါ်က

လှုပ်တုတ်တုတ် အလင်းရောင်နောက်လိုက်နေတဲ့

မှိန်စုတ်စုတ် ဆေးထိုးအပ်တချောင်း။

Public Service Announcement

Public Service Announcement

အသက်ရှုမဝတဲ့ ဆေးရုံကို

ရင်နာနာနဲ့ကျောခိုင်းခဲ့တာ

ဘလေဘဇာဖြစ်နေတဲ့ ခေတ်ကို ပြောင်းစေချင်လို့။

ငရဲမီးတွေ ငါတို့နယ်ကို မလောင်ခင်ကတည်းက

မီးမုန်တိုင်းထဲ တိုးဝင်ခဲ့တာ

သတ္တိကောင်းလွန်းလွန်းလို့ မဟုတ်ဘူး။

အိမ်က အဆင်ပြေလွန်းလို့ မဟုတ်ဘူး။

ကြယ်တွေကြွေတာ မကြည့်နိုင်လို့။

အေး…ကြယ်တွေကြွေတာ မကြည့်နိုင်လို့။

ကားသံ မီးစက်သံ ကြားရင်တောင်

ဂျက်ဖိုက်တာသံလား လို့

စိုးရိမ်ရေမှတ်တွေ တက်တယ်။

လက်နက်ကြီးသံဟာ အခုထိ

ငါ့နှလုံးသွေးကြောကို ကျဥ်းစေတုန်း။

“ရဲဘော် အဆင်ပြေသွားမှာနော်”လို့ပြောရင်း

ဆေးထိုးအပ်ကို ကိုင်နေတဲ့အချိန်မှာ

ဘယ်အရာကိုမှ ကြောက်မနေတော့ဘူး။

ဘယ်အရာကိုမှ………..။

နှလုံးသည်းပွတ်ကို ဓားတွေနဲ့ မွှန်းလည်း

ကိုယ့်ဒဏ်ရာကိုယ် ဆေးထည့်ရင်း

လမ်းကြောင်းစောင်းနေတဲ့ ကြယ်တွေအတွက်နဲ့

တန်းဖြောင့်အောင်သွားနေတဲ့ ကြယ်တွေကို

ဒီဆေးထိုးအပ်က လျစ်လျူမရှူ နိုင်ဘူး။

(The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ ‘ပန်းနုဝင်း’ ရဲ့ “မှိန်စုတ်စုတ် ဆေးထိုးအပ်တချောင်း” ကဗျာကို People’s Spring က ပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်း သွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ဆောင်းပါး

မုံရွာမြို့အပါအဝင် ရန်ကုန် ၊မန္တ​လေး မြို့များအပါအဝင် နိုင်ငံတစ်ဝန်း ငြိမ်းချမ်းစွာဆန္ဒပြသူများကိုစစ်တပ်က အကြမ်းဖက်ဖြိုခွင်း ​သေနတ်ဖြင့် ပစ်ခတ်ခဲ့၍ ​နွေဦး​တော်လှန်​ရေးတွင် ပြည်သူများ ​သွေး​မြေကျမှု အများဆုံး​နေ့ထဲမှတစ်​နေဖြစ်၏ ။

Facebook