close
Connect with us

Hi, what are you looking for?

သတင်း

အုတ်ဖိုမြို့နယ်တွင် စစ်တပ်နှင့် ပျူစောထီးများက ကျေးရွာများဝင်ရောက်ပေါ်တာဆွဲနေ

လူငယ် ၁၁ဦးဖမ်းခံရပြီး ပြည်သူအများအပြား ထွက်ပြေးနေရ

အုတ်ဖိုမြို့နယ်မှ ပျူစောထီးအဖွဲ့ဝင်အချို့ကို စစ်ကောင်စီတပ်က စစ်သင်တန်းပေးနေစဥ်။ ဓာတ်ပုံ - CJ

ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့များက ကျေးရွာများသို့ ဝင်ရောက်ပေါ်တာဆွဲနေရာ ဇန်နဝါရီ ၁၂ ရက် တစ်ရက်တည်း လူငယ် ၁၁ဦး ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရကြောင်း ဒေသခံစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

ယမန်နေ့(ဇန်နဝါရီ ၁၂ရက်) နံနက် ၇ နာရီခန့်က အုတ်ဖိုမြို့နယ်၊ အလယ်ကုန်းအုပ်စုရှိ ကျေးရွာများသို့ စစ်တပ်၊ ရဲနှင့် ပျူစောထီးပူးပေါင်းအင်အား ၄၀ ခန့်သည် ဆိုင်ကယ်အစီး ၂၀ ကျော်ဖြင့် လာရောက်ကာ ဒေသခံပြည်သူများကို ပေါ်တာဆွဲဖမ်းဆီးရန် ကြိုးပမ်းခဲ့ခြင်းဟု အဆိုပါစစ်ရေးသတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီတပ်ပူးပေါင်းအဖွဲ့များ ဝင်ရောက်ပေါ်တာဆွဲ ဖမ်းဆီးမှုလုပ်ဆောင်ခဲ့သည့် ကျေးရွာများမှာ အလယ်ကုန်းကျေးရွာအုပ်စုမှ အလယ်ကုန်းရွာ၊ အလယ်ကုန်းတောင်ရွာနှင့် တင်းကုပ်စုရွာများပါဝင်ပြီး ဒေသခံပြည်သူများမှာ ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်း ရှောင်နေကြရကြောင်း စုံစမ်းသိရသည်။

Public Service Announcement

Public Service Announcement

“ခုထိ ရွာကိုမပြန်ရဲကြဘူး။ မနက်လည်း ရွာမပြန်ရဲ ညလည်းရွာမပြန်ရဲ ဖြစ်နေကြတယ်”ဟု ဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ဦးက လူ ထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီတပ်နှင့် ပူးပေါင်းအဖွဲ့များ ဝင်ရောက်ပေါ်တာဆွဲဖမ်းဆီးခြင်းကြောင့် တင်းကုတ်စုရွာမှ ကိုပြည့်စုံ၊ ကိုမိုးဒီ၊ ကိုအေးမင်း၊ကိုမျိုးမင်းဇော်၊ ကိုအေး၊ ကိုခေါလေး၊ ကိုဇော်ဝင်း၊ ကိုစိုးမိုးအောင် စသည့်ဒေသခံများအပါအဝင် လူငယ်(၁၁)ဦး အဖမ်းခံလိုက်ရပြီး အုတ်ဖိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ ခေါ်ဆောင်သွားကြောင်း ၎င်းက ရှင်းပြသည်။

အလားတူ ယနေ့(ဇန်နဝါရီ ၁၃ ရက်)တွင်လည်း အုတ်ဖိုမြို့နယ်ရှိ အလယ်ကုန်း၊ ငါးရှည့်ရိုး၊ တင်းကုတ်ကြီး၊ တောင်ကုန်း၊ မြောင်၊ သရက်နှစ်ဖျားလိန်နှင့် သဖန်းပင်ဆိပ် ကျေးရွာအုပ်စုများသို့ စစ်ကောင်စီတပ်များ ဝင်ပေါ်တာဆွဲမည်ဆိုသည့်သတင်းကြာင့် ဒေသခံပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း စုံစမ်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

သေနတ် ၁၀ လက်၊ ဂျန်ဘာ၊ ဒရုန်းဖြတ်စက်နှင့် ခဲယမ်းများ PDF များသိမ်းဆည်းရရှိ

သတင်း

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ တပိုကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်စစ်ကြောင်းကို ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)၊ တပ်ရင်း(၇)နှင့် ပူးပေါင်းပြီးတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားရှစ်ဦး ထိခိုက်သွားကြောင်း မြိတ်ခရိုင် PDF တပ်ရင်း(၁)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သတင်း

ဖာပွန် - ဘီးလင်း ကားလမ်းမ အနီးက စစ်ကောင်စီတပ်ရဲ့ လှဂွန်းပျို စခန်းကနေ ဗိုလ်မှုး အဆင့်အပါအဝင် ၁၆ ဦး ဇန်နဝါရီလ ၇ ​ရက်က လက်နက်ချ အလင်းဝင်လာတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ တောင်ပိုင်းစစ်ဒေသ ၊ အမှတ် (၂)...

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် မဟာမိတ်ပူးပေါင်းတပ်များက ဗန်းမော်မြို့သိမ်းတိုက်ပွဲဆင်နွှဲလျက်ရှိရာ ယနေ့ (ဇန်နဝါရီ ၉ရက်)တွင် ဗန်းမော်လေဆိပ်ရှိ စစ်ကောင်စီတပ်က ဆုတ်ခွာသွားကြောင်း ကချင်သတင်းရင်းမြစ်က ပြောသည်။