ကဖေး/People’s Spring
စစ်ရေးအခြေအနေသတိပေးထားသည့် ပုသိမ် – မုံရွာကားလမ်းပိုင်း အသုံးပြုသည့် ယာဉ်များအား အထက်မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ရှောင်တခင် စစ်ဆေးမှုပြုလုပ်ခဲ့သည်။
အထက်မင်းလှမြို့နယ်ကို ဖြတ်သန်းသွားသည့် ပုသိမ်-မုံရွာကားလမ်းပိုင်းတွင် ဇန်နဝါရီ ၁၂ရက်က စစ်ဆေးခဲ့ခြင်းဖြစ်သည်။
ပြည်သူများအနေဖြင့် လုံခြုံရေးနှင့် စစ်ဆေးရေးလုပ်ငန်းစဥ်များအား တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ခဲ့မှုအား အထူးကျေးဇူးတင်ကြောင်း အထက်မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်ထားသည်။

Public Service Announcement
ပုသိမ် – မုံရွာလမ်းမကြီးပေါ်နှင့် ဘေးပတ်ဝန်းကျင်ရွာများတွင် ဇန်နဝါရီ ၈ရက်မှ စတင်၍ စစ်ကောင်စီက စစ်ကြောင်းထိုးနေပြီး အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်သဖြင့် ပြည်သူများ အနေဖြင့် လမ်းမကြီးတလျောက်နှင့် ကျေးရွာချင်းဆက်လမ်းများအား ယာယီသွားလာခြင်းမပြုလုပ်ကြရန် အထက်မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က သတိပေးထားသည်။
စစ်ကောင်စီစစ်ကြောင်းသည် ကျေးရွာချင်းဆက်လမ်းများ ဝင်ပေါက်များတွင် ကင်းပုန်းများချနေခြင်း၊ပုသိမ်-မုံရွာလမ်းမကြီးအနားမှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေခြင်း၊ ဒရုန်းများအသုံးပြု၍ ကျေးရွာများဝန်ကျင်များသို့ ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်လျှက်ရှိသည်ဟု ဆိုသည်။
ရွှေချောင်းကျေးရွာအနီး ကြက်ခြံနှင့်ရှမ်းတပ်ကြီးတာဝါတိုင်းအနီး ဘန့်ပြင်ကျေးရွာ လမ်းပေါက်ရှိ အောင်မင်္ဂလာဘုန်းတော်ကြီးပညာသင်(ဘက) ကျောင်းတွင်း တပ်စွဲထားသည်ဟု သတိပေးထားသည်။
ထို့ကြောင့် ပုသိမ် – မုံရွာလမ်းမကြီးပေါ်နှင့် ဘေးပတ်ဝန်းကျင်ရှိ ကျေးရွာ ၃၉ရွာကို စစ်ရေးသတိပြုနေထိုင်ကြရန် သတိပေးထားသည်။
