close
Connect with us

Hi, what are you looking for?

သတင်း

တနိုင်းမြို့နယ် ရွှေမှော်လေကြောင်းတိုက်ခိုက်မှု (၁)နှစ်အရွယ်ကလေးငယ်အပါအဝင် ပြည်သူ ၁၈ဦးသေဆုံးခဲ့ဟု KIA အသိပေး

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် သံလွင်(စံလွင်) ရွှေမှော်ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာတွင် (၁)နှစ်အရွယ် ကလေးငယ် အပါအဝင် ပြည်သူ ၁၈ဦးသေဆုံးခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

ရွှေမှော်လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူများ​၏ ရုပ်အလောင်းများ။ ဓာတ်ပုံ - KSSM

ဟန်နွေ/People’s Spring

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ် သံလွင်(စံလွင်) ရွှေမှော်ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာတွင် (၁)နှစ်အရွယ် ကလေးငယ် အပါအဝင် ပြည်သူ ၁၈ဦးသေဆုံးခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

ဇန်နဝါရီ ၁၁ရက် နေ့လည်ပိုင်းက စံလွင်(Tsan Lun)ရွှေမှော်ရှိ စျေးဆိုင်တန်းနေရာကို စစ်ကောင်စီက လေယာဉ်ဖြင့် ၂ကြိမ် ဗုံးကြဲခဲ့ခြင်းဟု ဆိုသည်။

ထို့သို့ ဗုံးကြဲတိုက်ခိုက်ခဲ့၍ ရွှေမှော်ရှိ (၁)နှစ်အရွယ် ကလေးငယ်အပါအဝင် ပြည်သူ ၁၈ဦး သေဆုံးခဲ့ပြီး ၁၀ဦး ဒဏ်ရာပြင်းထန်ခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများကိုဆေးကုသမှု ပေးလျက်ရှိကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ၏ လေယာဉ်ဗုံးသည် ရွှေမှော်ရှိ စျေးဆိုင်တန်းပေါ်၌ ကျရောက်ပေါက်ကွဲခဲ့ရာ ဆိုင်ခန်း ၉ခု ထိခိုက်ပျက်စီးခဲ့ကြောင်း၊ သေဆုံးသူများတွင် စားသောက်ဆိုင်၊ တည်းခိုခန်း၊ ဆိုင်ရှင်မိသားစု နှင့် စျေးရောင်းသူများ ပါဝင်ကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

ယင်းနေ့၌ပင် စစ်ကောင်စီက တနိုင်းဒေသရှိ KIA အမှတ်(၁၄) တပ်ရင်းဘက် ဂျက်ဖိုက်တာဖြင့် ၅ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ထိခိုက်သေဆုံးရှိခဲ့သည်ဟုဆိုသည်။

စစ်ကောင်စီသည် တိုက်ပွဲမရှိသည့်နေရာများရှိ ပြည်သူများအား ပစ်မှတ်ထား တိုက်ခိုက်နေ၍ ပြည်သူများ စိုးရိမ်နေကြရသည်ဟုလည်း ဖော်ပြသည်။

စစ်ကောင်စီသည် KIA၏ ထိုးစစ်ဆင်မှုကြောင့် မြို့များ ၊ တပ်စခန်းများ ကျရှုံးတိုင်း တိုက်ပွဲဖြစ်ပွားမှုမရှိသည့် ကချင်ပြည်နယ် ရှိ မြို့ရွာများကို လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ အရပ်သား သေဆုံးထိခိုက်မှုများ ရှိခဲ့သည်။

ယခု ဇန်နဝါရီတွင် KIAက မံစီနှင့် ဗန်းမော်မြို့ရှိ စစ်ကောင်စီတပ်များကို စစ်ရှိန်မြှင့်ထိုးစစ်ဆင်လျက်ရှိရာ ဇန်နဝါရီ ၈ရက်တွင် မံစီရှိ စစ်ကောင်စီတပ်ရင်း ၃ခုလုံးကို တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့သည်။ မံစီမှ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်များကိုလည်း ဇန်နဝါရီ ၁၁ရက်တွင် KIA ပူးပေါင်းတပ်က ဗန်းမော် – မံစီကြား၌ လိုက်လံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားခဲ့သည်။ ထိုသို့ အထိနာသည့် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားမှုမရှိသည့် တနိုင်းမြို့နယ်ကို လေကြောင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

၂၀၂၄ နိုဝင်ဘာ လလယ်ကလည်း ကချင်ပြည်နယ် မိုးမောက်မြို့နယ် ကုန်းလောကျေးရွာ ရှိ ခရစ်ယာန်ဘုရားကျောင်းကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၇ဦး အပါအဝင် ပြည်သူ ၉ဦးထက်မနည်းသေဆုံးကာ ဒဏ်ရာရသူများ ရှိခဲ့သည်။

စစ်‌ကောင်စီသည် ဇန်နဝါရီ ၁၂ ရက်က ပေါက်တောမြို့နယ်၊ တောင်ဦး​​မော်​ကျေးရွာကို ဂျက်ဖိုက်တာဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ဇန်နဝါရီ ၈ရက်ကလည်း ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာကို ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံ ၂၆ဦးသေဆုံးပြီး ၂၀ကျော်ဒဏ်ရာရခဲ့သည်။ ပျောက်ဆုံးနေသည်များလည်းရှိသည်ဟု AAက ထုတ်ပြန်ထားသည်။ ဇန်နဝါရီ ၁၀ရက်က ကျောက်တော်မြို့နယ်ကို ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား ရှစ်ဦးထက်မနည်းသေဆုံးသည်ဟု သတင်းရရှိသည်။

စစ်ရှုံးနေသော စစ်ကောင်စီသည် ပြည်သူများအား ပစ်မှတ်ထားပြီး ဆေးရုံ၊ ဆေးခန်းများ၊ စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အအုံများ၊ ဈေးများ၊ လမ်းတံတားများနှင့်လူနေရပ်ကွက်များကို လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများနေ့စဉ်ပြုလုပ်နေပြီး စစ်ရာဇဝတ်မှုများကျူးလွန်​နေ​ကြောင်းနှင့် ကျူးလွန်သူများကိုဖော်ထုတ်အရေးယူသွားမည်ဟု AA က ထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများအတွက် အာဆီယံနှင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံတကာကုမ္ပဏီများအ‌နေဖြင့် လေယာဉ်ဆီနှင့် ဆက်စပ်ပစ္စည်းများပံ့ပိုးပေးနေသည့်ကိစ္စရပ်များ ရပ်တန့်ပေးရန် သွေးစွန်းငွေဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့ (Blood Money Campaign – BMC) က ဇန်နဝါရီ ၁၀ရက်တွင် တောင်းဆိုထားသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာ စစ်ကောင်စီရဲ့ လေတပ်ဟာ ရုရှားနိုင်ငံလုပ် SU-30 SME တိုက်လေယာဉ် အသစ် ၆ စီးကိုဝယ်ယူထားတာမှ ပြီးခဲ့တဲ့ဒီဇင်ဘာ လမှာ ​နောက်ဆုံး ၂ စီးကိုထပ်မံလက်ခံ ရရှိထားကြောင်း သိရပါတယ်။

သတင်း

ရခိုင်ပြည်နယ်ကို လေကြောင်းတိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်လာသည့် စစ်ကောင်စီတပ်ကပေါက်တောမြို့နယ်ကိုလည်း ယနေ့ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

ကယားပြည်နယ်နေ့အခမ်းအနား ဒုချုပ်စိုးဝင်းတက်ရောက်မည်ဖြစ်၍ လွိုင်ကော်မြို့ကို လုံခြုံရေးတင်းကြပ်

သတင်း

အာဆီယံနှင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံတကာကုမ္ပဏီများအ‌နေဖြင့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများအတွက် လေယာဉ်ဆီနှင့် ဆက်စပ်ပစ္စည်းများပံ့ပိုးပေးနေသည့်ကိစ္စရပ်များ ရပ်တန့်ပေးရန် သွေးစွန်းငွေဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့ (Blood Money Campaign - BMC)က ဇန်နဝါရီ ၁၀ရက်တွင် တောင်းဆိုသည်။