close
Connect with us

Hi, what are you looking for?

သတင်း

လှဂွန်းပျို စခန်းကို သိမ်းရာမှာ ဗိုလ်မှုးအပါအဝင် ၁၆ ဦး လက်နက်ချ

ဖာပွန် – ဘီးလင်း ကားလမ်းမ အနီးက စစ်ကောင်စီတပ်ရဲ့ လှဂွန်းပျို စခန်းကနေ ဗိုလ်မှုး အဆင့်အပါအဝင် ၁၆ ဦး ဇန်နဝါရီလ ၇ ​ရက်က လက်နက်ချ အလင်းဝင်လာတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ တောင်ပိုင်းစစ်ဒေသ ၊ အမှတ် (၂) စစ်ဒေသခွဲက ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်လာပါတယ်။

နိုင်ပကောင်း၊ဟန်နွေ /People’s Spring

ဖာပွန် – ဘီးလင်း ကားလမ်းမ အနီးက စစ်ကောင်စီတပ်ရဲ့ လှဂွန်းပျို စခန်းကနေ ဗိုလ်မှုး အဆင့်အပါအဝင် ၁၆ ဦး ဇန်နဝါရီလ ၇ ​ရက်က လက်နက်ချ အလင်းဝင်လာတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ တောင်ပိုင်းစစ်ဒေသ ၊ အမှတ် (၂) စစ်ဒေသခွဲက ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်လာပါတယ်။

လက်နက်ချအလင်းဝင်လာသူတွေထံကနေ စိန်ပြောင်း တစ်လက်အပါအဝင် လက်နက်ကြီး ၊လက်နက်ငယ် နဲ့အခြားသောခဲယမ်းတွေ လက်ခံရရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အခုလို စစ်ကောင်စီတပ်ရဲ့ ဗိုလ်မှုးအဆင့် အပါအဝင် ၁၆ ဦး လက်နက်ချလာတဲ့ လှဂွန်းပျိုစခန်းဟာ ဖာပွန်က တပ်စခန်းတွေဆီ ထောက်ပို့ ပေးတဲ့ လမ်းကြောင်းပေါ်မှာရှိပြီး အရေးပါတဲ့တပ်စခန်းတစ်ခုဖြစ်တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

လက်နက်ချ အလင်းဝင်လာသူတွေကို PDF နဲ့မဟာမိတ်တပ်တွေက လက်ခံစောင့်ရှောက်ထားတယ်လို့လည်း တောင်ပိုင်းစစ်ဒေသ ၊ အမှတ် (၂) စစ်ဒေသခွဲကဆိုထားပါတယ်။

လှဂွန်ပျိုတပ်စခန်းကို သိမ်းယူရာမှာ အဲဒီတပ်မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ လက်နက်ချသလို ၊ တချို့လည်းထွက်ပြေးသွားတယ်လို့ KNU တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီး စောကလယ်ဒိုက People’s Spring ကို အသိပေးထားပါတယ်။

အဲဒီ တပ်စခန်းကိုဇန်နဝါရီလ ၇ ရက်ညနေပိုင်းမှာ သိမ်းယူလိုက်နိုင်တာလို့ တပ်မဟာ (၅)​ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီး စောကလယ်ဒိုက ပြောပါတယ်။

စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှုးအဆင့်အပါအဝင် ၁၆ ဦး လက်နက်ချခဲ့သလို လက်နက်မချဘဲ ထွက်ပြေးသွားသူ ၆ဦး ရှိနေတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၏ အမှတ်(၁)စစ်ဒေသ နယ်မြေတွင် နှစ်ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ဦးလက်နက်နှင့် အလင်းဝင်ရောက်လာကြောင်း စစ်ဒေသ(၁)က သတင်းထုတ်ပြန်သည်။

သတင်း

ကျန်စစ်ကောင်စီတပ်သားများ လာရောက် ပူးပေါင်းရန် PDF တောင်ပိုင်းစစ်ဒေသ ဖိတ်ခေါ်

သတင်း

စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ အဓမ္မစုဆောင်းခံရသူနှင့် ရဲတစ်ဦးတို့ လက်နက်များနှင့် အတူ အလင်းဝင်လာကြောင်း သက်ဆိုင်ရာတပ်ဖွဲ့များက ထုတ်ပြန်သည်။

သတင်း

ကရင်ပြည်နယ် ဖာပွန်မြို့ အနောက်တောင်ဘက် ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ် အစပ်နားက စစ်ကောင်စီတပ်ရဲ့ လှဂွန်းပျို (ခိုသွီထွာ) စခန်းကို KNU တပ်မဟာ (၅) က ဇန်နဝါရီလ ၇ ရက်မှာ သိမ်းယူလိုက်နိုင်တယ်လို့ သိရပါတယ်။