close
Connect with us

Hi, what are you looking for?

သတင်း

ကိုင်းလယ်နယ်မြေရဲစခန်းမှ ရဲတပ်သားနှစ်ဦး လက်နက်များဖြင့် အလင်းဝင်လာ

ပေါက်မြို့နယ် တပ်ကုန်းနှင့် ရွာသစ် ပျူစောထီးရွာမှ ဒေသခံပြည်သူ ၁၇၀ကျော်မှာလည်း YRF ထံဆက်သွယ်၍ ဘက်ပြောင်းလာမှုရှိကြောင်း ၎င်းက ဆိုသည်။

(ကိုင်လယ်ရဲစခန်းမှ အလင်းဝင်လာသည့် ရဲတပ်သားနှစ်ဦးနှင့် အတူ လက်နက်ကျည်ဆံများကိုတွေ့ရစဥ။ ဓာတ်ပုံ - Y.R.F)
(ကိုင်လယ်ရဲစခန်းမှ အလင်းဝင်လာသည့် ရဲတပ်သားနှစ်ဦးနှင့် အတူ လက်နက်ကျည်ဆံများကိုတွေ့ရစဥ။ ဓာတ်ပုံ - Y.R.F)

ရဲခေါင်၊ဟန်နာဆန်/People’s Spring

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းရှိ ကိုင်းလယ်နယ်မြေရဲစခန်းမှ ရဲတပ်သားနှစ်ဦး လက်နက်များဖြင့် အလင်းဝင်လာကြောင်း Y.R.F.ပကဖ က ထုတ်ပြန်သည်။

ဒီဇင်ဘာ ၂၆ ရက်က ကိုင်လယ်နယ်မြေရဲစခန်းမှ ရဲတပ်သားတစ်ဦးသည် G3 သေနတ်အမျိုးစားဖြင့် အလင်းဝင်လာပြီး ပြီးခဲ့သည့် ဇွန်လ ၉ရက်က လည်း ရဲတပ်သားတစ်ဦး G3 သေနတ်နှင့် ကျည်များ ယူလာပြီး အလင်းဝင်လာသည်ဟု ဆိုသည်။

(ကိုင်လယ်ရဲစခန်းမှ အလင်းဝင်လာသည့် ရဲတပ်သားနှစ်ဦးနှင့် အတူ လက်နက်ကျည်ဆံများကိုတွေ့ရစဥ။ ဓာတ်ပုံ - Y.R.F)
(ကိုင်လယ်ရဲစခန်းမှ အလင်းဝင်လာသည့် ရဲတပ်သားနှစ်ဦးနှင့် အတူ လက်နက်ကျည်ဆံများကိုတွေ့ရစဥ။ ဓာတ်ပုံ – Y.R.F)

” ပထမတစ်ယောက်က ပေါက်နယ်တောင်ပိုင်း၊ကိုင်းလယ်ရဲစခန်းကို တာဝန်ကျလာပြီးသိပ်မကြာခင်မှာပဲ ကျနော်တို့နဲ့ ဆက်သွယ်ရပါတယ်။အဆက်သွယ်ရရခြင်းcdmလုပ်ဖို့ကျွန်တော်တို့

Public Service Announcement

Public Service Announcement

အနေနဲ့ အစစအရာရာ ကူညီဆောင်ရွက်ပေးနေတဲ့အကြောင်းပြောပြလိုက်ပါတယ်။ ဒုတိယတစ်ယောက်ကတော့ အတွင်းပြဿနာဖြစ်လာတာ။သူ့ကိုအထက်က အကြပ်ကိုင် ခြိမ်းခြောက် လို့ CDM ပြုလုပ်လာကြောင်းပြောပါတယ်။”ဟု ပေါက်နယ်တောင်ပိုင်း၊ Y.R.F.ပကဖ၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုနတ်ဆိုးက ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းလာပါသော CDMရဲတပ်သား နှစ်ဦးကို လုံခြုံသောနေရာပို့ဆောင်ပေးပြီး စားဝတ်နေရေးနှင့်အခြားလိုအပ်ချက်များကိုလည်း ကူညီဆောင်ရွက်ပေးနေကြောင်း အသိပေးသည်။

(ကိုင်လယ်ရဲစခန်းမှ အလင်းဝင်လာသည့် ရဲတပ်သားနှစ်ဦးနှင့် အတူ လက်နက်ကျည်ဆံများကိုတွေ့ရစဥ။ ဓာတ်ပုံ - Y.R.F)
(ကိုင်လယ်ရဲစခန်းမှ အလင်းဝင်လာသည့် ရဲတပ်သားနှစ်ဦးနှင့် အတူ လက်နက်ကျည်ဆံများကိုတွေ့ရစဥ။ ဓာတ်ပုံ – Y.R.F)

“နောက်ထပ်ကျန်ရှိနေတဲ့ ပေါက်နယ်အတွင်းမှာ မအလလက်အောက်ခံဘဝကနေ ရုန်းထွက်ခဲ့ကြပါ။ ပြည်သူများနဲ့အတူ နွေးထွေးစွာ ကြိုဆိုနေပါတယ်။ ပြည်သူများနဲ့ နွေးထွေးစွာ နေထိုင်လိုရင် ကျနော်တို့ပေါက် တောင်ပိုင်း၊Y.R.Fထံကိုဆက်သွယ်နိင်ပါတယ်”ဟု Y.R.F တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ထို့အပြင် ပေါက်မြို့နယ် တပ်ကုန်းနှင့် ရွာသစ် ပျူစောထီးရွာမှ ဒေသခံပြည်သူ ၁၇၀ကျော်မှာလည်း YRF ထံဆက်သွယ်၍ ဘက်ပြောင်းလာမှုရှိကြောင်း ၎င်းက ဆိုသည်။

ပေါက်မြို့တွင် စစ်ကောင်စီ၏ အမှတ်(၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ) အခြေစိုက် ထားသည်။ အဆိုပါ ကပစ – ၂၄အား ယခုရက်ပိုင်းအတွင်း လက်နက်ကြီးပစ်ခတ်မှုများရှိပြီး ပြည်သူများ သတိပြုနေထိုင်ရန်လည်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များက တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

မိုးဗြဲမြို့အခြေစိုက် ခြေမြန်တပ်ရင်း အမှတ်(၄၂၂) ခမရ-၄၂၂ မှ စစ်ကောင်စီတပ်သား သုံးဦးမှာ ကရင်နီပူးပေါင်းတပ်ထံသို့ ဘက်ပြောင်းခိုလှုံလာသည်။

သတင်း

တပ်သား သန့်ဇော်ဦး၊ဝေယံထွန်း(၁)၊ဝေယံထွန်း(၂)တို့သည် ခမရ -၄၂၂ တပ်တွင်းမှ အသက်လွတ်ပြေးကာ CDM ပြုလုပ်လာကြောင်း ကနဦး အသိပေးထားသည်။

သတင်း

ချင်းပြည်နယ််််ရှိ မြို့ ၁၂ မြို့ကို တော်လှန်ရေးတပ်များက သိမ်းပိုက်ထိန်းချုပ်ထားပြီး ဟားခါး၊ တီးတိန်၊ ကန်ပက်လက်နှင့် ထန်တလန်မြို့တို့သာ ကျန်ရှိသည်။

သတင်း

စစ်ကောင်စီတပ်က ဒီဇင်ဘာလဆန်းပိုင်းမှ စတင်ပြီး အဆိုပါမြို့နယ်များတွင် လူငယ်များကို ပေါ်တာဆွဲမှု အရှိန်မြင့်လုပ်ဆောင်နေကြောင်းလည်း မြို့ခံများက ပြောသည်။