close
Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲမြို့အနောက်ခြမ်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်၊ လူသုံးဦး ဒဏ်ရာရပြီး နေအိမ်သုံးလုံး ပျက်စီး

ဒီဇင်ဘာ ၂၇ရက် ညနေ ၃နာရီခွဲခန့်က စစ် ကောင်စီက လေယာဥ်ဖြင့် ပေါင်၅၀၀ဗုံးကြဲမှုကြောင့် လူနေအိမ်သုံးလုံး ပျက်စီးခဲ့သည်ဟုလည်း ဆိုသည်။

(ဒီဇင်ဘာ ၂၇ရက်က စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုခံခဲ့ရသည့် ပီကင်းကျေးရွာမှ နေအိမ်များပျက်စီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - ERCT)
(ဒီဇင်ဘာ ၂၇ရက်က စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုခံခဲ့ရသည့် ပီကင်းကျေးရွာမှ နေအိမ်များပျက်စီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - ERCT)

ရဲခေါင်/People’s Spring

ရှမ်း – ကရင်နီပြည်နယ်အစပ် ဖယ်ခုံမြို့ အနောက်ဘက်ခြမ်း ပီကင်းကျေးရွာကို စစ် ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူသုံးဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ဖယ်ခုံမြို့နယ်ကြားကာလပူးပေါင်းအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်သည်။

ဒီဇင်ဘာ ၂၇ရက် ညနေ ၃နာရီခွဲခန့်က စစ် ကောင်စီက လေယာဥ်ဖြင့် ပေါင်၅၀၀ဗုံးကြဲမှုကြောင့် လူနေအိမ်သုံးလုံး ပျက်စီးခဲ့သည်ဟုလည်း ဆိုသည်။

(ဒီဇင်ဘာ ၂၇ရက်က စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုခံခဲ့ရသည့် ပီကင်းကျေးရွာမှ နေအိမ်များပျက်စီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - ERCT)
(ဒီဇင်ဘာ ၂၇ရက်က စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုခံခဲ့ရသည့် ပီကင်းကျေးရွာမှ နေအိမ်များပျက်စီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ – ERCT)

“သုံးဦးထိခိုက်မှုမှာ တစ်ဦးကတော့ စိုးရိမ်ရတယ်။သေ ဆုံးမှုတော့မရှိဘူး။အခုလို ဘာတိုက်ပွဲမှမရှိဘဲ လေကြောင်းကနေ တမင်ဗုံးကြဲတာတွေအတွက်တော့ စိုးရိမ်ရတယ်။စစ်ကောင်စီအနေနဲ့ ပြည်သူကို စိတ်ခြောက် ခြားအောင်လုပ်တာ။ကြောက်အောင် လုပ်နေတာပေါ့”ဟု ဖယ်ခုံမြို့နယ်ကြားကာလပူး ပေါင်းအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်းရှိ ဆိုင်ခွန် ကျေးရွာကို ဒီဇင်ဘာ ၃ ရက်တွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး အသက် ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ရသည်။

နိုဝင်ဘာ ၂၇ ရက်ကလည်း ဖယ်ခုံမြို့အခြေစိုက် ခမရ(၃၃၆)တပ်ရင်းက ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ကုန်ပေါကျေးရွာမှ လသားအရွယ်ကလေးငယ်အပါအဝင် ပြည်သူခြောက်ဦးသေဆုံးခဲ့သည်။

(ဒီဇင်ဘာ ၂၇ရက်က စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုခံခဲ့ရသည့် ပီကင်းကျေးရွာမှ နေအိမ်များပျက်စီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - ERCT)
(ဒီဇင်ဘာ ၂၇ရက်က စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုခံခဲ့ရသည့် ပီကင်းကျေးရွာမှ နေအိမ်များပျက်စီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ – ERCT)

“အထူးသဖြင့် စစ်ရှောင်နေရာတွေကို အကြောင်းမဲ့ ပစ်ခတ်တယ်။ဗုံးကြဲတယ်ဆိုတာထက် လုံခြုံမှုမရှိဘူးဆိုတာမျိုးဖြစ်အောင် စကစက လုပ်နေတာ။တစ်ဖက်မှာလည်း သူတို့(စကစ)အုပ်ချုပ်တဲ့မြို့တွေမှာ တက် နေဖို့ ဖြစ်လာအောင်မျိုး လုပ်နေတာမျိုး”ဟု ကရင်နီစစ်ရှောင်အရေးကူညီနေသူတစ်ဦးက လူထုနွေဦး သို့ပြောသည်။

ဖယ်ခုံ၊မိုးဗြဲမြို့အပါအဝင် ကရင်နီပြည်နယ်၌ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ယခုနှစ် နိုဝင်ဘာကုန်အထိ သတ်ဖြတ်ခံရသည့် ပြည်သူ ၅၃၂ ဦးရှိပြီး စစ်ရှောင်စဥ် သေဆုံးသူ ၁၇၀ ဦးရှိ ကြောင်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစုက ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် ၎င်းတို့အလေးသာနေသည့် လေကြောင်း တိုက်ခိုက်မှုများကို နိုင်ငံအနှံ့ အထူးသဖြင့်တော်လှန်ရေးအင်အားစုများ သိမ်းပိုက်ထားသည့် မြို့ များ၊ထိုးစစ်ဆင်နေသည့် နေရာများကို နေ့စဥ်နှင့်အမျှ ပြုလုပ်နေပြီး ပြည်သူသေဆုံးထိခိုက်မှုများစွာရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား နယ်မြေရှင်းလင်းရှာဖွေလျှက်ရှိပြီး ထပ်မံ၍ သတင်းထုတ်ပြန်ပေးသွားမည်ဟုလည်း အသိပေးထားသည်။

သတင်း

စစ်ကောင်စီက ပို့ကုန်ရငွေ၏ ၃၅ ရာခိုင်နှုန်းကို တစ်ဒေါ်လာ ၂၁၀၀ ကျပ်ဖြင့် ဘဏ်များကို ရောင်းချခိုင်းပြီး ကျန် ၆၅ရာခိုင်နှုန်းကို ဗဟိုဘဏ်က သတ်မှတ်ထားသည့် ဈေးကွက်ငွေလဲနှုန်းအတိုင်း ရောင်းချခိုင်းထားသည်။

သတင်း

စစ်ကောင်စီတပ်စွဲထားသည့် ကျားမသောက်စစ်ဆေးရေးဂိတ်ကို ဒီဇင်ဘာလ ၂၆ရက်ည‌နေတွင် AAက စတင်တိုက်ခိုက်ခဲ့ပြီး ယနေ့(ဒီဇင်ဘာ ၂၇ရက်​နေ့) အထိ တိုက်ပွဲဖြစ်ပွားနေသည်ဟု ဒေသခံတစ်ဦးကပြောသည်။

သတင်း

နွားထိုးကြီး PDF နယ်မြေစိုးမိုးရာ နွားထိုးကြီးမြို့နယ်အတွင်းရှိ အမြန်လမ်းပိုင်းနေရာများအား ‌ရှောင်ကွင်းသွားလာနေခြင်းဟု ဆိုသည်။