close
Connect with us

Hi, what are you looking for?

သတင်း

တောင်သာမှာ စစ်တပ်စစ်​ကြောင်းထိုးစဥ်ထိပ်တိုက်တိုး​သော PDF တဦးအသတ်ခံရ

တောင်သာမြို့နယ်ထဲက စွပ်ကျယ်စက်ရုံကိုနန်းမြင့်တောင်အနီးကနန်းမြင့်ရွာကို ဒေသခံလမ်းပြတွေနဲ့အတူမနက်၅နာရီလောက်ကစစ်ကြောင်းထိုးခဲ့တာလို့သိရပါတယ်။

(မြင်းခြံခရိုင် တပ်ရင်း(၃)မှ တပ်ဖွဲ့ဝင်အချို့)
(မြင်းခြံခရိုင် တပ်ရင်း(၃)မှ တပ်ဖွဲ့ဝင်အချို့)

■စစ်​ကြောင်းကို PDF ​တွေလိုက်တိုက်စဥ် စစ်သား ၂ ဦး​သေဟုဆို

ရှိန်း၊​ဇေ​အောင်

တောင်သာမြို့နယ်၊ နန်းမြင့်ရွာကို စစ်တပ်ကစစ်ကြောင်းထိုးပြီးတော်လှန်ရေးရဲဘော်တဦးကို သတ်ဖြတ်သွားတယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်​တွေဆီကသိရပါတယ်။

ဒီနေ့ (ဒီဇင်ဘာ ၂၇) မနက်အစောပိုင်းကမြင်းခြံခရိုင်တပ်ရင်း (၃) ၊တပ်ခွဲ(၂)က ရဲဘော်ထိုက်ကြီးဟာ ပြည်သူတဦးကမြေဖြူကုန်းရွာကိုလိုက်ပို့ဖို့အကူအညီတောင်းတာကြောင့် လိုက်ပို့စဥ်နန်းမြင့်ရွာထဲမှာ စစ်ကြောင်းနဲ့တွေ့ပြီးဖမ်းဆီးခံလိုက်ရတာလို့သိရပါတယ်။

တောင်သာမြို့နယ်ထဲက စွပ်ကျယ်စက်ရုံကိုနန်းမြင့်တောင်အနီးကနန်းမြင့်ရွာကို ဒေသခံလမ်းပြတွေနဲ့အတူမနက်၅နာရီလောက်ကစစ်ကြောင်းထိုးခဲ့တာလို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ယနေ့နံနက် ၅ နာရီခွဲဝန်းကျင် မှာတောင်သာမြို့ပေါ်က​နေ ဖောကားတစီး၊လူနာတင်ယာဥ် ၂စီးစီးလာတဲ့အင်အား တစ်ရာခန့်ပါ စစ်ကောင်စီတပ်နဲ့ ပျူ​​စောထီး​တွေက နန်းမြင့်ရွာကို စစ်​ကြောင်းထိုးဝင်ခဲ့ပါတယ် ။စစ်​ကြောင်းထိုး စဥ် ရဲ​ဘော်ထိုက်ကြီးကိုဖမ်းဆီးသတ်ဖြတ်ခံလိုက်ရတာလို့ ကာကွယ်ရေးရဲဘော်အချို့က ပြောပါတယ်။

“တောင်သာစစ်ကြောင်းက ဝင်စီးလိုက်တဲ့အနေအထားမှာ ခံလိုက်ရတာ။ တပ်ရင်း ၃၊ တပ်ခွဲ ၂က ရဲဘော်ထိုက်ကြီးကျသွားတာ။ ဖမ်းခေါ်သွားပြီး လမ်းမှာသတ်လိုက်တာ။”လို့ တောင်သာအခြေစိုက် PDFတစ်ဦးက ပြောပါတယ်။

ရဲဘော်ထိုက်ကြီးဖမ်းဆီးခံလိုက်ရတာကြောင့် နန်းမြင့်ရွာမှ တောင်သာမြို့ကို စစ်အုပ်စုစစ်ကြောင်းပြန်ထွက်ချိန်မှာ မြင်းခြံခရိုင်တပ်ရင်း(၃)ကကြားဖြတ်တိုက်ခိုက်ခဲ့တာမို့ စစ်သား၂ ဦးသေဆုံးခဲ့တယ်လို့ဆိုပါတယ် ။ ရဲဘော်ထိုက်ကြီးကို တိုက်ပွဲဖြစ်ပွားရာ မြေဖြူကုန်းရွာရဲ့အနောက်ဖက်မှာ ပစ်သတ်ထားခဲ့တာလို့သိရပါတယ်။

တိုက်ပွဲဖြစ်ပွားနေချိန်မှာ ရဲဘော်ထိုက်ကြီးနဲ့အတူ စစ်တပ်၏ ဖမ်းဆီးခြင်းခံရတဲ့အမျိုးသားတစ်ဦးက​တော့ ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့PDF တဦးက ပြောပါတယ်။

တောင်သာမြို့နယ်မှာ ဒီဇင်ဘာလအတွင်းစစ်တပ်နဲ့ပျူတွေ စစ်ကြောင်းထိုးတာ၊စစ်ရေးလှုပ်ရှားတာတွေပြန်လည်ပြုလုပ်လာသလို လေကြောင်းကနေလည်း ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်တာတွေပြုလုပ်နေတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပြင်ဦးလွင်မြို့ရဲ့ အရှေ့တောင်ဘက်မှာရှိတဲ့ နောင်ချိုမြို့နယ်က တောင်းခမ်းကျေးရွာမှာလည်း အခုရက်ပိုင်းအတွင်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေပါတယ်။

သတင်း

ပြည်သူကိုအနှောက်အယှက်ဖြစ်စေသော၊ ပြည်သူထိတ်လန့်စေသော မည်သည့်ငွေကြေးတောင်းခံမှုမျိုးကိုမျှ မည်သည့်အချိန်အခါကမှ မပြုလုပ်ခဲ့ဟု အသိပေးပြီး နောင်ဘယ်အခါမှလည်း ပြုလုပ်မည်မဟုတ်ဟု ကတိပြု ထုတ်ပြန်သည်။

သတင်း

နွားထိုးကြီး PDF နယ်မြေစိုးမိုးရာ နွားထိုးကြီးမြို့နယ်အတွင်းရှိ အမြန်လမ်းပိုင်းနေရာများအား ‌ရှောင်ကွင်းသွားလာနေခြင်းဟု ဆိုသည်။

သတင်း

လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကလေးငယ် နှစ်ဦး သေဆုံးပြီး ပြည်သူ သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မန္တလေး PDFက ထုတ်ပြန်သည်။