close
Connect with us

Hi, what are you looking for?

သတင်း

မံစီမြို့တွင် တိုက်ပွဲ ဆက်လက်ပြင်းထန်

သတင်းရင်းမြစ်တစ်ဦးကလည်း ယနေ့တွင် KIA သိမ်းထားသည့် ၆၀၁အမြောက်တပ် ရင်း၏ စခန်းကုန်းတစ်ခုသို့ စစ်ကောင်စီက တန်ပြန်ထိုးစစ်ဆင်ရာ ထိုးစစ်လှန်ကျခဲ့ဟု ပြောသည်။

(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ဟန်နွေ/People’s Spring

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ကချင်ပြည်နယ်၊ မံစီမြို့နယ်ရှိ စစ်ကောင်စီ လက်ကျန်စခန်းများကို အပြီးသတ်သိမ်းပိုက် နိုင်ရေးထိုးစစ်ဆင်လျက်ရှိရာ ယနေ့(ဒီဇင်ဘာ ၂၇ရက်)တွင် တိုက်ပွဲဆက်ဖြစ်နေသည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

မံစီမြို့ရှိ စစ်ကောင်စီတပ်စွဲရာ နေရာအချို့ကို KIAက သိမ်းရထားသော်လည်း စစ်ရေးသတင်းလုံခြုံရေးအရ အသေးစိတ်အချက်အလက်များပြောပြခြင်းမရှိဘဲ တိုက်ပွဲဖြစ်ပွားမှုကိုသာ အသိပေးခြင်းဖြစ်သည်။

” ဒီမနက်မှာလည်း တိုက်ပွဲပြင်းထန်နေပါတယ်။ ခမရ(၃၁၉)၊ ၆၀၁နဲ့ ၃၅၂ အမြောက်တပ်တို့ကို ဆက်လက်ထိုးစစ်ဆင်နေပါတယ်”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

အခြား သတင်းရင်းမြစ်တစ်ဦးကလည်း ယနေ့တွင် KIA သိမ်းထားသည့် ၆၀၁အမြောက်တပ် ရင်း၏ စခန်းကုန်းတစ်ခုသို့ စစ်ကောင်စီက တန်ပြန်ထိုးစစ်ဆင်ရာ ထိုးစစ်လှန်ကျခဲ့ဟု ပြောသည်။

ထို့ပြင် စစ်ကောင်စီဘက်က အလံဖြူထောင် အလင်းဝင်လာသူများလည်း ဆက်ရှိနေသည်ဆိုသော်လည်း အသေးစိတ် အခြေအနေများ ဆက်လက်မေးမြန်းထားဆဲဖြစ်သည်။

ထို့ပြင် မံစီမြို့နှင့်အတူ တပြိုင်တည်း တိုက်ခိုက်နေသည့် ဗန်းမော်မြို့တွင်လည်း ဒီဇင်ဘာ ၂၇ရက်တွင် တိုက်ပွဲများဆက်ရှိနေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က အသိပေးထားသည်။

KIAသည် ဒီဇင်ဘာ ၄ရက်တွင် ဗန်းမော်နှင့် မံစီမြို့အပြီးသတ် သိမ်းနိုင်ရေးထိုးစစ်စတင်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စွဲထားသည့် ကျားမသောက်စစ်ဆေးရေးဂိတ်ကို ဒီဇင်ဘာလ ၂၆ရက်ည‌နေတွင် AAက စတင်တိုက်ခိုက်ခဲ့ပြီး ယနေ့(ဒီဇင်ဘာ ၂၇ရက်​နေ့) အထိ တိုက်ပွဲဖြစ်ပွားနေသည်ဟု ဒေသခံတစ်ဦးကပြောသည်။

သတင်း

စစ်ဆင်ရေးအတွင်း မုံရွာခရိုင်အမှတ်(၃)တပ်ရင်းမှ ပြင်းထန်စွာဒဏ်ရာရသူ ၃ဦး ၊ ကိုယ်အင်္ဂါ ပြတ်တောက်သူ ၂ဦးအပါအဝင် ဒဏ်ရာရသူ ၁၄ဦး ရှိခဲ့ပြီး ကျဆုံး ရဲဘော် ၇ဦး ရှိခဲ့သည်ဟု အသိပေးသည်။

သတင်း

ရခိုင်ရိုးမ အနောက်ပိုင်းတွင် အာရက္ခတပ်တော် (AA) နှင့် စစ်​ကောင်စီတပ်တို့ကြားတိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများက​ပြောသည်။

သတင်း

စစ်သုံ့ပန်းများ ပြန်လွှတ်ပေးသည့်သတင်းနှင့်ပတ်သက်၍ MNDAAကရော စစ်ကောင်စီကပါ သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။