close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ​၏ စစ်သားနှစ်ဦးနှင့် ရဲနှစ်ဦး CDFထံ အလင်းဝင်လာ

ချင်းပြည်နယ််််ရှိ မြို့ ၁၂ မြို့ကို တော်လှန်ရေးတပ်များက သိမ်းပိုက်ထိန်းချုပ်ထားပြီး ဟားခါး၊ တီးတိန်၊ ကန်ပက်လက်နှင့် ထန်တလန်မြို့တို့သာ ကျန်ရှိသည်။

(အလင်းဝင်လာသော စစ်ကောင်စီတပ်သားလေးဦးအား တွေ့ရစဉ်။ ဓာတ်ပုံ - CDF CDM SIYIN)
(အလင်းဝင်လာသော စစ်ကောင်စီတပ်သားလေးဦးအား တွေ့ရစဉ်။ ဓာတ်ပုံ - CDF CDM SIYIN)

ရဲခေါင်/People’s Spring

ချင်းပြည်နယ်၊ တီးတိန်မြို့ရှိ စစ်ကောင်စီတပ်သားလေးဦး အလင်းဝင်လာကြောင်း CDF CDM SIYIN က ယနေ့(ဒီဇင်ဘာ ၂၁ရက်) ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၇ရက်တွင် တီးတိန်မြို့တွင်တာဝန်ကျနေသော စစ်ကောင်စီ​၏ ရဲ ၂ဦးနှင့် စစ်သား ၂ဦးသည် လက်နက်တစ်လက်၊ ခဲယမ်းအချို့ယူဆောင်၍ အလင်းဝင်လာသည်ဟု ဆိုသည်။

အလင်းဝင်လာသူ လေးဦးတွင် ဖလမ်းမြို့အခြေစိုက် ခလရ(၂၆၈)တပ်ရင်းမှ ၂၃ နှစ် အရွယ် စစ်ပိုင်ဖြိုးနှင့် ၂၇နှစ်အရွယ် ရာဇာထက် တို့ ပါဝင်သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ၂၅နှစ်အရွယ် အောင်ပြည့်ဖြိုးနှင့် အသက် ၃၀အရွယ် ဒါလ်းဒုံးလျန်တို့သည် တီးတိန်မြို့မရဲစခန်းမှ ဖြစ်သည်။

“လေးဦးစလုံးကိုတော့ သက်ဆိုင်ရာ အခြေအနေအလိုက် ထားရှိဆောင်ရွက်ပါတယ်။နယ်ပြန်ချင်တဲ့သူကိုလည်း ပြန်ခွင့်ပြုလိုက်သလို တချို့ကိုလည်း နောက်တန်းစခန်းမှာ ထားထားပါတယ်။စကစဆီက စွန့်ခွာချင်တဲ့သူတွေအားလုံးကိုလည်း လက်ခံကြိုဆိုနေပါတယ်”ဟု CDF CDM SIYIN စစ်ဦးစီးချုပ် ကိုထောင်းပူက လူထုနွေဦးသို့ ပြောသည်။

ချင်းပြည်နယ််််ရှိ မြို့ ၁၂ မြို့ကို တော်လှန်ရေးတပ်များက သိမ်းပိုက်ထိန်းချုပ်ထားပြီး ဟားခါး၊ တီးတိန်၊ ကန်ပက်လက်နှင့် ထန်တလန်မြို့တို့သာ ကျန်ရှိသည်။

လက်ရှိတွင် မင်းတပ်နှင့် ဖလမ်းမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်အဖွဲ့က စစ်ဆင်ရေး(Operation CB)အဖြစ် မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေပြီး စစ်ကောင်စီ​၏ စစ်သုံ့ပန်း ၁၀၀ကျော် လက်နက်ချအညံ့ခံထားသည်။

ဆက်စပ်သတင်းများ

ဘာသာပြန်

ရိုက်တာဟာ အခုဆောင်းပါးနဲ့ ပတ်သက်ပြီး မြန်မာ စစ်ကောင်စီရဲ့ ပြန်ကြားရေး ဝန်ကြီးဌာနဆီ ဆက်သွယ် မေးမြန်းခဲ့ပေမယ့် အကြောင်းပြန်မှု မရခဲ့ပါဘူး။

သတင်း

ဓားပြတိုက်ခံရသည့် အိမ်သည် ​ငွေသားနှင့် ရွှေထည် စုစု​ပေါင်းတန်ဖိုးကျပ်သိန်း ၂၀၀ ခန့် ပါသွားကြောင်း သိရှိရသည်။ အိမ်ရှင်အား မေးမြန်းရန် ဆက်သွယ်သော်လည်း မရသေးပေ။

သတင်း

တိုက်ပွဲများအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်က ရဲဘော် ၂ဦး ကျဆုံးခဲ့ပြီး ၁၁ဦး ဒဏ်ရာရရှိကာ ဒရုန်းတစ်စီး ပျက်စီးခဲ့သည်ဟုဆိုသည်။

သတင်း

မတ္တရာမြို့နယ်အတွင်းရှိ အခြားသော နေရာများသို့လည်း ဆက်လက်ထိုးစစ်ဆင်နေကြောင်း မန္တလေး PDFက အသိပေးသည်။

Facebook